အေမရိကန္ျပည္ေထာင္စု သမၼတႏွင့္ဇနီး ကိုဗစ္-၁၉ ဗိုင္းရပ္ကူးစက္ခံရ

0
15

အမေရိကန်ပြည်ထောင်စု သမ္မတနှင့်ဇနီး ကိုဗစ်-၁၉ ဗိုင်းရပ်ကူးစက်ခံရ

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့် က ၎င်းနှင့်ဇနီးဖြစ်သူ မီလာနီယာ ထရမ့် တို့တွင် ကိုဗစ်-၁၉ ဗိုင်းရပ်ပိုးကူးစက်ခံထားရသည်ကို ဓါတ်ခွဲစမ်းသပ်မှုအရ တွေ့ရှိခဲ့ရကြောင်း အောက်တိုဘာ လ ၂ ရက် နံနက်အစောပိုင်းတွင် ကြေညာခဲ့ကြောင်းသိရသည်။

အောက်တိုဘာ လ ၂ ရက် နံနက် ၁ နာရီမထိုးမီမှာပင် သမ္မတ ထရမ့်က ၎င်းတို့အနေဖြင့် ယခုညမှစ၍ သီးသန့်ခွဲခြားစောင့်ကြည့်မှု(quarantine) ကို စတင်ခံယူသွားမည်ဖြစ်ပြီး ပြန်လည်ကျန်းမာလာရေးအ တွက် အရေးတကြီးကုသမှုပြုသွားမည်ဟု ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။

သမ္မတ၏ ဆေးဘက်ဆိုင်ရာပညာရှင်ဖြစ်သော ဒေါက်တာ ရှောင်ကုန်းလီက သမ္မတနှင့်ဇနီးဖြစ်သူတို့ အား ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း အတည်ပြုချက်ကို အောက်တိုဘာလ ၁ ရက် ညနေပိုင်းတွင် ၎င်းလက်ခံရရှိခဲ့ကြောင်း၊နှစ်ဦးစလုံးမှာ ယခုအခါ ကျန်းမာရေးကောင်းမွန်လျက်ရှိကြပြီး အိမ်ဖြူတော်အ တွင်းရှိ အိမ်တွင်ဆေးကုသမှုခံယူရင်းနေထိုင်သွားကြရန် စီစဉ်ထားကြောင်းပြောခဲ့သည်။

ဒေါက်တာ ရှောင်ကုန်းလီက ၎င်းကိုယ်တိုင်နှင့် အိမ်ဖြူတော်ဆေးအဖွဲ့တို့ကလည်း အထူးသတိဝိရိယရှိစွာစောင့်ကြည့်ကုသပေးသွားမည်ဖြစ်ကြောင်း၊နိုင်ငံ၏ဆေးဘက်ဆိုင်ရာပညာရှင်များနှင့်အဖွဲ့အစည်းအချို့ကိုလည်းအကူအညီပေးမှုအတွက်ကျေးဇူးတင်ကြောင်းပြောခဲ့သည်။

ထို့ပြင်သမ္မတအနေနှင့် ကု သခံ အနားယူနေစဉ်အတွင်း ၎င်း၏တာဝန်များကိုအနှောင့်အယှက်မဖြစ်စေဘဲ ဆက်လက်ဆောင်ရွက် သွားလိမ်မည်ဟုလည်းမျှော်လင့်ကြောင်း ဒေါက်တာ ရှောင်ကုန်းလီက ပြောခဲ့သည်။

သမ္မတ ထရမ့်က ၎င်း၏အနီးကပ်လက်ထောက်တစ်ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်းတွေ့ရှိခဲ့ပြီး နောက် စက်တင်ဘာလ ၁ ရက်ညပိုင်းတွင် သီးသန့်ခွဲခြားစောင့်ကြည့်မှု ခံယူရန် မူလကပင်စီစဉ်ထားခဲ့ကြောင်းသိရသည်။

Ref——CNN
Translated by Htwe Ko Tun
#TheFifthWaveNews

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့် နှင့်ဇနီးဖြစ်သူ မီလာနီယာ ထရမ့် တို့အားတွေ့ရစဉ်။
(photo——CNN)

(Zawgyi)

အေမရိကန္ျပည္ေထာင္စု သမၼတႏွင့္ဇနီး ကိုဗစ္-၁၉ ဗိုင္းရပ္ကူးစက္ခံရ

အေမရိကန္ျပည္ေထာင္စု သမၼတ ေဒၚနယ္ထရမ့္ က ၎ႏွင့္ဇနီးျဖစ္သူ မီလာနီယာ ထရမ့္ တို႔တြင္ ကိုဗစ္-၁၉ ဗိုင္းရပ္ပိုးကူးစက္ခံထားရသည္ကို ဓါတ္ခြဲစမ္းသပ္မႈအရ ေတြ႕ရွိခဲ့ရေၾကာင္း ေအာက္တိုဘာ လ ၂ ရက္ နံနက္အေစာပိုင္းတြင္ ေၾကညာခဲ့ေၾကာင္းသိရသည္။

ေအာက္တိုဘာ လ ၂ ရက္ နံနက္ ၁ နာရီမထိုးမီမွာပင္ သမၼတ ထရမ့္က ၎တို႔အေနျဖင့္ ယခုညမွစ၍ သီးသန႔္ခြဲျခားေစာင့္ၾကည့္မႈ(quarantine) ကို စတင္ခံယူသြားမည္ျဖစ္ၿပီး ျပန္လည္က်န္းမာလာေရးအ တြက္ အေရးတႀကီးကုသမႈျပဳသြားမည္ဟု ၎၏တြစ္တာစာမ်က္ႏွာ၌ ေရးသားခဲ့သည္။

သမၼတ၏ ေဆးဘက္ဆိုင္ရာပညာရွင္ျဖစ္ေသာ ေဒါက္တာ ေရွာင္ကုန္းလီက သမၼတႏွင့္ဇနီးျဖစ္သူတို႔ အား ကိုဗစ္-၁၉ ကူးစက္ခံထားရေၾကာင္း အတည္ျပဳခ်က္ကို ေအာက္တိုဘာလ ၁ ရက္ ညေနပိုင္းတြင္ ၎လက္ခံရရွိခဲ့ေၾကာင္း၊ႏွစ္ဦးစလုံးမွာ ယခုအခါ က်န္းမာေရးေကာင္းမြန္လ်က္ရွိၾကၿပီး အိမ္ျဖဴေတာ္အ တြင္းရွိ အိမ္တြင္ေဆးကုသမႈခံယူရင္းေနထိုင္သြားၾကရန္ စီစဥ္ထားေၾကာင္းေျပာခဲ့သည္။

ေဒါက္တာ ေရွာင္ကုန္းလီက ၎ကိုယ္တိုင္ႏွင့္ အိမ္ျဖဴေတာ္ေဆးအဖြဲ႕တို႔ကလည္း အထူးသတိဝိရိယရွိစြာေစာင့္ၾကည့္ကုသေပးသြားမည္ျဖစ္ေၾကာင္း၊ႏိုင္ငံ၏ေဆးဘက္ဆိုင္ရာပညာရွင္မ်ားႏွင့္အဖြဲ႕အစည္းအခ်ိဳ႕ကိုလည္းအကူအညီေပးမႈအတြက္ေက်းဇူးတင္ေၾကာင္းေျပာခဲ့သည္။

ထို႔ျပင္သမၼတအေနႏွင့္ ကု သခံ အနားယူေနစဥ္အတြင္း ၎၏တာဝန္မ်ားကိုအေႏွာင့္အယွက္မျဖစ္ေစဘဲ ဆက္လက္ေဆာင္႐ြက္ သြားလိမ္မည္ဟုလည္းေမွ်ာ္လင့္ေၾကာင္း ေဒါက္တာ ေရွာင္ကုန္းလီက ေျပာခဲ့သည္။

သမၼတ ထရမ့္က ၎၏အနီးကပ္လက္ေထာက္တစ္ဦးတြင္ ကိုဗစ္-၁၉ ကူးစက္ခံရေၾကာင္းေတြ႕ရွိခဲ့ၿပီး ေနာက္ စက္တင္ဘာလ ၁ ရက္ညပိုင္းတြင္ သီးသန႔္ခြဲျခားေစာင့္ၾကည့္မႈ ခံယူရန္ မူလကပင္စီစဥ္ထားခဲ့ေၾကာင္းသိရသည္။

Ref——CNN
Translated by Htwe Ko Tun
#TheFifthWaveNews

အေမရိကန္ျပည္ေထာင္စု သမၼတ ေဒၚနယ္ထရမ့္ ႏွင့္ဇနီးျဖစ္သူ မီလာနီယာ ထရမ့္ တို႔အားေတြ႕ရစဥ္။
(photo——CNN)

Leave a Reply