
0
20

နှစ်ကာလရှည်လျားစွာ ကြိုးစားခဲ့ရသည့် မြန်နာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ လအနည်းငယ်အတွင်း ပျောက်ကွယ်ခဲ့ရဟုဆို

နှစ်ကာလရှည်လျားစွာ ကြိုးစားခဲ့ရသည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် Covid-19 ကြောင့် လအနည်းငယ်အတွင်း ပျောက်ကွယ်ခဲ့ရကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ Covid-19 ကြောင့် ဝယ်လိုအား ကျဆင်းခဲ့ရသည့်အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း၊ ယင်းအပြင် နိုင်ငံအချင်းချင်းခရီးသွားလာမှု မရှိသောကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ၊ အထည်ချုပ်လုပ်ငန်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပေါ် မှီခိုနေကြရသည့် သန်းပေါင်းများစွာသောဘဝများ၏ အသက်ရှင်ရပ်တည်မှုအပေါ် ဆိုးရွားစွာ ရိုက်ခတ်လျက် ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(GDP) တိုးတက်မှုနှုန်းမှာ လွန်ခဲ့သည့်နှစ်အတွင်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ တွင် ၁ ဒသမ ၈ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း ၊ သို့သော်အာရှဖွံ့ဖြိုးရေးဘဏ်ကမူ မြန်မာနိုင်ငံ၏စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းအထိ ပြန်လည်တ ိုးတက်မည်ဖြစ်ကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)





ဆုသက်နှင်း
#TheFifthWaveNews

Leave a Reply