စီမံကိန္းငါးခုတြင္ တာဝန္ထမ္းေဆာင္မည့္ ဂ်ပန္ပညာရွင္မ်ား လာေရာက္

0
17

စီမံကိန်းငါးခုတွင် တာဝန်ထမ်းဆောင်မည့် ဂျပန်ပညာရှင်များ လာရောက်

ဂျပန်အစိုးရ အကူအညီဖြင့် ဆောင်ရွက်နေသည့် စီမံကိန်း ၅ ခုတွင် တာဝန်ထမ်းဆောင်ကြရန် ဂျပန်ပညာရှင်၊ ကျွမ်းကျင်သူများသည် ယခုလ ၁ ရက်က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား များအား ပြန်လည်ပို့ဆောင်သည့် (၈) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ထပ်မံလိုက်ပါ လာခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ ဂျပန်ပညာရှင်၊ ကျွမ်းကျင်သူများသည်
ဂျပန်နိုင်ငံအစိုးရ၏ ODA/JICA အကူအညီဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ပဲခူးတံတားတည်ဆောက်ရေး စီမံကိန်း (၁)နှင့် (၂)၊ အရှေ့-အနောက် စီးပွားရေး စင်္ကြန်စီမံကိန်း၊ ရန်ကုန်မြို့တော်ရေ‌ပေးဝေရေး စီမံကိန်း၊ သီလဝါအထူးစီးပွားရေးဇုံ စီမံကိန်းနှင့် ဆက်သွယ်ရေးကွန်ယက်စီမံကိန်းတို့တွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်သည်။

ဂျပန်ပညာရှင်၊ကျွမ်းကျင်သူများနှင့်အတူ ရန်ကုန်မြို့ ဂျပန်သံရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၂၁) ဦးတို့သည် COVID-19 ကူးစက်မှု တားဆီး ကာကွယ်ရေး အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများလိုက်ပါ လာသော (၈) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

(၈) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ် လာရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည် မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင်အခက်အခဲရှိသူများ၊ ကျန်းမာရေးအရ ပြန်လိုသူများ၊ အလုပ်သင် သင်တန်း ပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များ၊ ဂျပန်လူဝင်မှု ကြီးကြပ်ရေးမှ မြန်မာနိုင်ငံသို့ အပြီးပြန်လည်ထွက်ခွာရန် အကြောင်းကြားထား သူများ၊ Certificate of Identity ဖြင့် ပြန်လည်ထွက်ခွာသူများနှင့် ဂျပန်နိုင်ငံ ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် မြန်မာသင်္ဘောသားများ စုစုပေါင်း (၁၅၈) ဦး ၊ ဥရောပဆိပ်ကမ်းများမှ မြန်မာသင်္ဘောသား များနှင့် မြန်မာနိုင်ငံသား (၁၀) ဦးနှင့် သီရိလင်္ကာနိုင်ငံမှ အထွေထ ွေ‌ရွေးကောက်ပွဲ လေ့လာသူ တစ်ဦး တို့လည်း ပါရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်၊ ဩဂုတ်လ ၆ ရက်၊ ဩဂုတ်လ ၂၇ ရက် ၊ စက်တင်ဘာလ ၃ ရက်နှင့်စက်တင်ဘာလ ၁၀ ရက်တို့ ကလည်း ဂျပန်အစိုးရ အကူအညီဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက် နေသော စီမံကိန်းများတွင် တာဝန် ထမ်းဆောင် ကြရန် ဂျပန် ပညာရှင်၊ကျွမ်းကျင်သူများ လာရောက်ခဲ့ကြသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

စီမံကိန္းငါးခုတြင္ တာဝန္ထမ္းေဆာင္မည့္ ဂ်ပန္ပညာရွင္မ်ား လာေရာက္

ဂ်ပန္အစိုးရ အကူအညီျဖင့္ ေဆာင္႐ြက္ေနသည့္ စီမံကိန္း ၅ ခုတြင္ တာဝန္ထမ္းေဆာင္ၾကရန္ ဂ်ပန္ပညာရွင္၊ ကြၽမ္းက်င္သူမ်ားသည္ ယခုလ ၁ ရက္က ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသား မ်ားအား ျပန္လည္ပို႔ေဆာင္သည့္ (၈) ႀကိမ္ေျမာက္ ကယ္ဆယ္ေရးေလယာဥ္ျဖင့္ ထပ္မံလိုက္ပါ လာခဲ့ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

အဆိုပါ ဂ်ပန္ပညာရွင္၊ ကြၽမ္းက်င္သူမ်ားသည္
ဂ်ပန္ႏိုင္ငံအစိုးရ၏ ODA/JICA အကူအညီျဖင့္ ျမန္မာႏိုင္ငံတြင္ ေဆာင္႐ြက္လ်က္ရွိသည့္ ပဲခူးတံတားတည္ေဆာက္ေရး စီမံကိန္း (၁)ႏွင့္ (၂)၊ အေရွ႕-အေနာက္ စီးပြားေရး စၾကၤန္စီမံကိန္း၊ ရန္ကုန္ၿမိဳ႕ေတာ္ေရ‌ေပးေဝေရး စီမံကိန္း၊ သီလဝါအထူးစီးပြားေရးဇုံ စီမံကိန္းႏွင့္ ဆက္သြယ္ေရးကြန္ယက္စီမံကိန္းတို႔တြင္ တာဝန္ထမ္းေဆာင္ၾကမည္ျဖစ္သည္။

ဂ်ပန္ပညာရွင္၊ကြၽမ္းက်င္သူမ်ားႏွင့္အတူ ရန္ကုန္ၿမိဳ႕ ဂ်ပန္သံ႐ုံးမွ ဝန္ထမ္းမ်ား စုစုေပါင္း (၂၁) ဦးတို႔သည္ COVID-19 ကူးစက္မႈ တားဆီး ကာကြယ္ေရး အစီအမံမ်ားေၾကာင့္ ဂ်ပန္ႏိုင္ငံတြင္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရသည့္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ မိသားစုမ်ားလိုက္ပါ လာေသာ (၈) ႀကိမ္ေျမာက္ ကယ္ဆယ္ေရး ေလယာဥ္ျဖင့္ လိုက္ပါလာခဲ့ျခင္းျဖစ္သည္။

(၈) ႀကိမ္ေျမာက္ ကယ္ဆယ္ေရးေလယာဥ္တြင္ ဂ်ပန္ႏိုင္ငံသို႔ ကာလတိုဗီဇာျဖင့္ အလည္အပတ္ လာေရာက္ခဲ့ၿပီး ျမန္မာႏိုင္ငံသို႔ အခ်ိန္မီ ျပန္လည္ မထြက္ခြာႏိုင္သူမ်ား၊ ပညာေတာ္သင္မ်ား၊ အလုပ္အကိုင္အခက္အခဲရွိသူမ်ား၊ က်န္းမာေရးအရ ျပန္လိုသူမ်ား၊ အလုပ္သင္ သင္တန္း ၿပီးဆုံးသူမ်ား၊ မွီခိုသူမိသားစုဝင္မ်ား၊ ဂ်ပန္လူဝင္မႈ ႀကီးၾကပ္ေရးမွ ျမန္မာႏိုင္ငံသို႔ အၿပီးျပန္လည္ထြက္ခြာရန္ အေၾကာင္းၾကားထား သူမ်ား၊ Certificate of Identity ျဖင့္ ျပန္လည္ထြက္ခြာသူမ်ားႏွင့္ ဂ်ပန္ႏိုင္ငံ ဆိပ္ကမ္းမ်ားတြင္ ေစာင့္ဆိုင္းေနသည့္ ျမန္မာသေဘၤာသားမ်ား စုစုေပါင္း (၁၅၈) ဦး ၊ ဥေရာပဆိပ္ကမ္းမ်ားမွ ျမန္မာသေဘၤာသား မ်ားႏွင့္ ျမန္မာႏိုင္ငံသား (၁၀) ဦးႏွင့္ သီရိလကၤာႏိုင္ငံမွ အေထြထ ြေ‌ေ႐ြးေကာက္ပြဲ ေလ့လာသူ တစ္ဦး တို႔လည္း ပါရွိေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၆ ရက္၊ ဩဂုတ္လ ၆ ရက္၊ ဩဂုတ္လ ၂၇ ရက္ ၊ စက္တင္ဘာလ ၃ ရက္ႏွင့္စက္တင္ဘာလ ၁၀ ရက္တို႔ ကလည္း ဂ်ပန္အစိုးရ အကူအညီျဖင့္ ျမန္မာႏိုင္ငံတြင္ ေဆာင္႐ြက္ ေနေသာ စီမံကိန္းမ်ားတြင္ တာဝန္ ထမ္းေဆာင္ ၾကရန္ ဂ်ပန္ ပညာရွင္၊ကြၽမ္းက်င္သူမ်ား လာေရာက္ခဲ့ၾကသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

 

 

 

Leave a Reply