YBS ယာဥ္ေမာင္းမ်ားတြင္ COVID -19 ပိုးေတြ႕လူနာ မရွိေသး ဟုဆို

0
12

YBS ယာဉ်မောင်းများတွင် COVID -19 ပိုးတွေ့လူနာ မရှိသေး ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည် တင်ပြေးဆွဲနေသော YBS ယာဉ်လိုင်းအသီးသီးရှိ ယာဉ်မောင်းများတွင် COVID -19 ရောဂါ ပိုးတွေ့ လူနာ မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ သိရသည်။

သို့သော် တိုက်ကြီးသို့ ပြေးဆွဲနေသည့် YBS ၃၇ ယာဉ်ပေါ်တွင် COVID -19 ပိုးတွေ့ လူနာတစ်ဦးကို လိုက်ပို့သော ခရီးသည် တစ်ဦးအား တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယာဉ်မောင်းကို ကန်သတ်ထားရှိထားကြောင်း သိရသည်။

“ကျွန်တော်တို့ အခုထိ ယာဉ်လိုင်းအသီးသီးကနေ တင်ပြတဲ့ ထဲမှာတော့ YBS ယာဉ်မောင်းတွေရဲ့ COVID -19 ဖြစ်ပွားမှု YRTA ကို တင်ပြခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ကြီးဘက်ကို ပြေးဆွဲတဲ့ YBS ၃၇ ယာဉ်လိုင်းတစ်လိုင်းရဲ့ ယာဉ်တစ်စီးပေါ်မှာ COVID -19 ပိုးတွေ့ လူနာတစ်ဦးကို လိုက်ပို့တဲ့ ခရီးသည် တစ်ဦး တွေ့ရှိတယ် ဆိုတာကြောင့် သက်ဆိုင်ရာ မြို့နယ် ကိုဗစ်အဖွဲ့က သက်ဆိုင်ရာ ယာဉ်လိုင်း ကုမ္ပဏီကို အသိပေးခဲ့တဲ့အတွက် အဲ့ဒီ ယာဉ်မောင်း ကို သီးသန့်ထားရှိထားပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

သို့သော် အဆိုပါ YBS ၃၇ ယာဉ်မောင်းတွင် COVID -19 ပိုး တွေ့ရှိမှု ရှိ ၊မရှိကို သက် ဆိုင်ရာ ယာဉ်လိုင်း ကုမ္ပဏီက လက်ရှိအချိန်ထိ YRTA သို့ တင်ပြမှု မရှိ သေးကြောင်း သိရသည်။

COVID -19 ဒုတိယလှိုင်း စတင်ချိန်တွင် ရန် ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၄၅ မြို့နယ်ရှိသည့်အနက် ကိုကိုးကျွန်းမှ အပ ကျန်မြို့နယ်များကို Stay at Home ကြေညာထားသောကြောင့် YBS ယာဉ် စီးနင်းမှုမှာလည်း လျော့ကျလျှက်ရှိသည်။

ယခင် COVID -19 ရောဂါ မဖြစ်ပွားခင်က တစ်နေ့လျှင် YBS ပြေးဆွဲလမ်းကြောင်း ၁၃၅ လမ်းကြောင်းမှ ခရီးသည် ၁ ဒသမ ၈ သန်းခန့်ကို နေ့စဉ် မော်တော်ယာဉ်စီးရေ ၄၅၀၀ ခန့်ဖြင့် သယ်ယူပို့ဆောင်ပေးခဲ့သော်လည်း ယခုအခါ နေ့စဉ် ခရီးသွားလာမှုရှိသော ပြည်သူများ၏ အခြေအနေ အရလည်းကောင်း၊ ယာဉ်မောင်း များ၏ ပါဝင် ဆောင်ရွက်နိုင်မှု အခြေအနေအရ လည်းကောင်း စီမံပြေးဆွဲနေရပြီး YBS ပြေးဆွဲ လမ်းကြောင်း (၁၀၇) လိုင်းမှ မော်တော်ယာဉ် စီးရေ (၉၀၀) ကျော်ဖြင့် ခရီးသည် ၈၀၀၀၀ ကျော်ကို သယ်ယူပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ခရီးသည္ တင္ေျပးဆြဲေနေသာ YBS ယာဥ္လိုင္းအသီးသီးရွိ ယာဥ္ေမာင္းမ်ားတြင္ COVID -19 ေရာဂါ ပိုးေတြ႕ လူနာ မရွိေသးေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA)မွ သိရသည္။

သို႔ေသာ္ တိုက္ႀကီးသို႔ ေျပးဆြဲေနသည့္ YBS ၃၇ ယာဥ္ေပၚတြင္ COVID -19 ပိုးေတြ႕ လူနာတစ္ဦးကို လိုက္ပို႔ေသာ ခရီးသည္ တစ္ဦးအား ေတြ႕ရွိခဲ့သည့္အတြက္ သက္ဆိုင္ရာ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္ႏွင့္အညီ ယာဥ္ေမာင္းကို ကန္သတ္ထားရွိထားေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ အခုထိ ယာဥ္လိုင္းအသီးသီးကေန တင္ျပတဲ့ ထဲမွာေတာ့ YBS ယာဥ္ေမာင္းေတြရဲ႕ COVID -19 ျဖစ္ပြားမႈ YRTA ကို တင္ျပျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းက တိုက္ႀကီးဘက္ကို ေျပးဆြဲတဲ့ YBS ၃၇ ယာဥ္လိုင္းတစ္လိုင္းရဲ႕ ယာဥ္တစ္စီးေပၚမွာ COVID -19 ပိုးေတြ႕ လူနာတစ္ဦးကို လိုက္ပို႔တဲ့ ခရီးသည္ တစ္ဦး ေတြ႕ရွိတယ္ ဆိုတာေၾကာင့္ သက္ဆိုင္ရာ ၿမိဳ႕နယ္ ကိုဗစ္အဖြဲ႕က သက္ဆိုင္ရာ ယာဥ္လိုင္း ကုမၸဏီကို အသိေပးခဲ့တဲ့အတြက္ အဲ့ဒီ ယာဥ္ေမာင္း ကို သီးသန္႔ထားရွိထားပါတယ္”ဟု ရန္ကုန္တိုင္း ေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA)မွ တြဲဘက္အတြင္းေရးမႉး ဦးလွေအာင္ က ေျပာသည္။

သို႔ေသာ္ အဆိုပါ YBS ၃၇ ယာဥ္ေမာင္းတြင္ COVID -19 ပိုး ေတြ႕ရွိမႈ ရွိ ၊မရွိကို သက္ ဆိုင္ရာ ယာဥ္လိုင္း ကုမၸဏီက လက္ရွိအခ်ိန္ထိ YRTA သို႔ တင္ျပမႈ မရွိ ေသးေၾကာင္း သိရသည္။

COVID -19 ဒုတိယလႈိင္း စတင္ခ်ိန္တြင္ ရန္ ကုန္တိုင္းေဒသႀကီး အတြင္းရွိ ၿမိဳ႕နယ္ ၄၅ ၿမိဳ႕နယ္ရွိသည့္အနက္ ကိုကိုးကြၽန္းမွ အပ က်န္ၿမိဳ႕နယ္မ်ားကို Stay at Home ေၾကညာထားေသာေၾကာင့္ YBS ယာဥ္ စီးနင္းမႈမွာလည္း ေလ်ာ့က်လွ်က္ရွိသည္။

ယခင္ COVID -19 ေရာဂါ မျဖစ္ပြားခင္က တစ္ေန႔လွ်င္ YBS ေျပးဆြဲလမ္းေၾကာင္း ၁၃၅ လမ္းေၾကာင္းမွ ခရီးသည္ ၁ ဒသမ ၈ သန္းခန္႔ကို ေန႔စဥ္ ေမာ္ေတာ္ယာဥ္စီးေရ ၄၅၀၀ ခန္႔ျဖင့္ သယ္ယူပို႔ေဆာင္ေပးခဲ့ေသာ္လည္း ယခုအခါ ေန႔စဥ္ ခရီးသြားလာမႈရွိေသာ ျပည္သူမ်ား၏ အေျခအေန အရလည္းေကာင္း၊ ယာဥ္ေမာင္း မ်ား၏ ပါဝင္ ေဆာင္႐ြက္ႏိုင္မႈ အေျခအေနအရ လည္းေကာင္း စီမံေျပးဆြဲေနရၿပီး YBS ေျပးဆြဲ လမ္းေၾကာင္း (၁၀၇) လိုင္းမွ ေမာ္ေတာ္ယာဥ္ စီးေရ (၉၀၀) ေက်ာ္ျဖင့္ ခရီးသည္ ၈၀၀၀၀ ေက်ာ္ကို သယ္ယူပို႔ေဆာင္ေပးလ်က္ ရွိေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply