မႏၲေလးၿမိဳ႕ ဥပုသ္ေတာ္ရပ္ကြက္ရွိ အိမ္ေထာင္စု ၂၀၀ က်ာ္ကို Lockdown ခ်

0
35

မန္တလေးမြို့ ဥပုသ်တော်ရပ်ကွက်ရှိ အိမ်ထောင်စု ၂၀၀ ကျာ်ကို Lockdown ချ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ အိမ်ထောင်စု (၂၀၀)ကျော်ကို အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းမှ စတင်ကာ Lockdown ချထားကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးထံကသိရသည် ။

မကြာမီ ရက်ပိုင်းက ယင်းရပ်ကွက်အတွင်းရှိ လူဦးရေ ၃၀ ကျော် COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီးနောက် ၇၅လမ်းနှင့် ၇၄လမ်းကြား၊ ၉လမ်းအနီးရှိ အကွက်(၂၀)မှ အိမ်ထောင်စု (၈၀)ကျော်၊ လူဦးရေ (၃၆၀)နှင့် ၇၅လမ်းနှင့် ၇၄လမ်းကြား၊ ၇လမ်းအနီးရှိ အကွက်(၂၉)မှ အိမ်ထောင်စု (၁၃၀)ကျော်၊ လူဦးရေ (၆၁၀)ကျော်၊ စုစုပေါင်း အိမ်ထောင်စု (၂၀၀)ကျော်၊ လူဦးရေ (၉၀၀)ကျော်ကို အသွားအလာ ကန့်သတ်ပိတ်ပင်ထားကြောင်းသိရသည် ။

” ပိုးတွေ့ရှိမှုနှုန်းကလည်း များလာတယ်လေ ။ အဲ့တာကြောင့် လော့ဒေါင်းချလိုက်တာပါ ။ လော့ဒေါင်းချတယ်ဆိုတာကလဲ Stay at Home လုပ်တဲ့သဘောပါ ။ အဓိကကတော့ ပိုးတွေ့တဲ့သူတွေသွားလာခဲ့တဲ့ လမ်းတွေကို ပိတ်တာတွေလုပ်တယ် ။ ဆေးဖြန်းတယ် ” ဟု အရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်ကပြောသည် ။
အဆိုပါရပ်ကွက်တွင် စက်တင်ဘာ(၂၆)ရက်နေ့မှစတင်ကာ ပထမဆုံးသော COVID-19 အတည်ပြုလူနာ တွေ့ရှိပြီးနောက် အောက်တိုဘာ(၁)ရက် နေ့အထိ ပိုးကူးစက်ခံရသူ (၃၀)ဦးအထိ ရှိလာခဲ့သည် ။

” သူတို့နဲ့ထိတွေ့ဆက်စပ်တဲ့သူ ၁၀၀ ကျော်ရှိတယ် ။ သူတို့ကိုလည်း ဇီးပင်ကြီး ကွာရန်တင်း စင်တာ မှာထားထားတယ် ” ဟု ၎င်းကဆက်ပြောသည် ။
မန္တလေးခရိုင် (၇)မြို့နယ်အတွင်းတွင် COVID အတည်ပြုလူနာ (၁၈၇)ဦး ရှိပြီး မန္တလေးတိုင်းအတွင်းမှာတော့ COVID အတည်ပြုလူနာ (၃၄၂)ဦး ရှိကာ တစ်ဦးသေဆုံးခဲ့သည် ။
မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲ အတည်ပြု လူနာ ၁၄၃၈၃ ဦး ရှိပြီး သေဆုံးသူ ၃၂၁ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်တိုဘာလ ၁ ရက် ညပိုင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

မႏၲေလးၿမိဳ႕ ဥပုသ္ေတာ္ရပ္ကြက္ရွိ အိမ္ေထာင္စု ၂၀၀ က်ာ္ကို Lockdown ခ်

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ ဥပုသ္ေတာ္ရပ္ကြက္ရွိ အိမ္ေထာင္စု (၂၀၀)ေက်ာ္ကို ေအာက္တိုဘာလ ၁ ရက္ေန႔ ညပိုင္းမွ စတင္ကာ Lockdown ခ်ထားေၾကာင္း ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးထံကသိရသည္ ။

မၾကာမီ ရက္ပိုင္းက ယင္းရပ္ကြက္အတြင္းရွိ လူဦးေရ ၃၀ ေက်ာ္ COVID-19 ေရာဂါ ကူးစက္ခံခဲ့ရၿပီးေနာက္ ၇၅လမ္းႏွင့္ ၇၄လမ္းၾကား၊ ၉လမ္းအနီးရွိ အကြက္(၂၀)မွ အိမ္ေထာင္စု (၈၀)ေက်ာ္၊ လူဦးေရ (၃၆၀)ႏွင့္ ၇၅လမ္းႏွင့္ ၇၄လမ္းၾကား၊ ၇လမ္းအနီးရွိ အကြက္(၂၉)မွ အိမ္ေထာင္စု (၁၃၀)ေက်ာ္၊ လူဦးေရ (၆၁၀)ေက်ာ္၊ စုစုေပါင္း အိမ္ေထာင္စု (၂၀၀)ေက်ာ္၊ လူဦးေရ (၉၀၀)ေက်ာ္ကို အသြားအလာ ကန႔္သတ္ပိတ္ပင္ထားေၾကာင္းသိရသည္ ။

” ပိုးေတြ႕ရွိမႈႏႈန္းကလည္း မ်ားလာတယ္ေလ ။ အဲ့တာေၾကာင့္ ေလာ့ေဒါင္းခ်လိုက္တာပါ ။ ေလာ့ေဒါင္းခ်တယ္ဆိုတာကလဲ Stay at Home လုပ္တဲ့သေဘာပါ ။ အဓိကကေတာ့ ပိုးေတြ႕တဲ့သူေတြသြားလာခဲ့တဲ့ လမ္းေတြကို ပိတ္တာေတြလုပ္တယ္ ။ ေဆးျဖန္းတယ္ ” ဟု အရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးညီညီလြင္ကေျပာသည္ ။
အဆိုပါရပ္ကြက္တြင္ စက္တင္ဘာ(၂၆)ရက္ေန႔မွစတင္ကာ ပထမဆုံးေသာ COVID-19 အတည္ျပဳလူနာ ေတြ႕ရွိၿပီးေနာက္ ေအာက္တိုဘာ(၁)ရက္ ေန႔အထိ ပိုးကူးစက္ခံရသူ (၃၀)ဦးအထိ ရွိလာခဲ့သည္ ။

” သူတို႔နဲ႔ထိေတြ႕ဆက္စပ္တဲ့သူ ၁၀၀ ေက်ာ္ရွိတယ္ ။ သူတို႔ကိုလည္း ဇီးပင္ႀကီး ကြာရန္တင္း စင္တာ မွာထားထားတယ္ ” ဟု ၎ကဆက္ေျပာသည္ ။
မႏၲေလးခ႐ိုင္ (၇)ၿမိဳ႕နယ္အတြင္းတြင္ COVID အတည္ျပဳလူနာ (၁၈၇)ဦး ရွိၿပီး မႏၲေလးတိုင္းအတြင္းမွာေတာ့ COVID အတည္ျပဳလူနာ (၃၄၂)ဦး ရွိကာ တစ္ဦးေသဆုံးခဲ့သည္ ။
ျမန္မာႏိုင္ငံတြင္ COVID-19 ဓါတ္ခြဲ အတည္ျပဳ လူနာ ၁၄၃၈၃ ဦး ရွိၿပီး ေသဆုံးသူ ၃၂၁ ဦး ရွိခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ေအာက္တိုဘာလ ၁ ရက္ ညပိုင္း သတင္းထုတ္ျပန္ခ်က္ အရ သိရသည္။

ေနသူရိန္လင္း
#TheFifthWaveNews


Leave a Reply