စင္ကာပူႏွင့္ ကိုရီးယားေရာက္ ျမန္မာႏိုင္ငံသား ေလးေသာင္းေက်ာ္ ႀကိဳတင္မဲေပး

0
22

စင်ကာပူနှင့် ကိုရီးယားရောက် မြန်မာနိုင်ငံသား လေးသောင်းကျော် ကြိုတင်မဲပေး

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူနှင့် ကိုရီးယားသမ္မတနိုင်ငံရောက်
မြန်မာနိုင်ငံသား လေးသောင်းကျော် သက်ဆိုင်ရာသံရုံးများမှတဆင့် အောက်တိုဘာ တစ်ရက်မှစတင်၍ ကြိုတင်ဆန္ဒမဲပေးမှုများ စတင် ပြုလုပ်နေကြကြောင်း နိုင်ငံခြားရဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှ သိရသည်။

စင်ကာပူနိုင်ငံမှ လက်ရှိအချိန်ထိ ဆန္ဒမဲလာရောက်ပေးခဲ့သူ ဦး‌‌ရေ၂၁၀၀ ရှိပြီး ကိုရီးယားသမ္မတနိုင်ငံမှ ၁၄၀၀ ကျော် ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်းသိရသည်။

ပြည်ပရောက်မဲဆန္ဒရှင်များအနေဖြင့် သံရုံးမှ သတ်မှတ်ပေးထားသည့် စည်းကမ်းများ နှင့်အညီ တန်းစီစောင့်ဆိုင်းခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းများ ပြုလုပ်ကြရပြီး၊ မဲလက်မှတ်များထုတ်ယူ၍ ဆန္ဒမဲပေးရကြောင်း ၊ ကိုဗစ်ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် မဲဆန္ဒရှင်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း မရှိစေရန် အတွက် မိမိဆန္ဒမဲ လာရောက်ပေးလိုသည့် နေ့ရက်နှင့် အချိန်တို့အတွက် သံရုံး၏ ဝက်ဘ်ဆိုဒ်တွင် Online Appointment ရယူထားရပြီး၊ မဲပေးသည့်နေ့တွင် အဆိုပါ Appointment Letter ကို ပြသကာ နိုင်ငံကူး လက်မှတ် (သို့မဟုတ်) အိုင်စီကတ်၊ ယာဉ်မောင်းလိုင်စင် စသည့် အထောက်အထား တစ်ခုခုပြသရန်လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။

အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံမှ ကြိုတင်ဆန္ဒမဲ ပေးခွင့်ရသည့် စင်ကာပူရောက်မြန်မာနိုင်ငံသား (၃၂၀၀၀) ခန့်ရှိပြီး အောက်တိုဘာလ ၁ ရက် မှ ၁၈ ရက် အထိ မဲရုံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူပင် ကိုရီးယားသမ္မတနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးရန် အတွက် ပုံစံ(၁၅) ဖြည့်စွက် ၍ ကြိုတင်ဆန္ဒမဲလက်မှတ်တောင်းခံထားသူ မြန်မာနိုင်ငံသာ (၉၈၁၀) ဦးရှိကာ အောက်တိုဘာလ ၂ ရက်မှ ၁၁ ရက်အထိ မဲရုံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့်နိုဝင်ဘာလတွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက်နိုင်ငံသားမျကြိုတင်ဆန္ဒမဲပေးခွင့်ရသူဦးရေမှာ ၁၅၀၀၀၀ကျော်ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှအဖွဲ့ဝင်ဦးမြင့်နိုင်၏ ပြောကြားအချက်အရ သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

စင္ကာပူႏွင့္ ကိုရီးယားေရာက္ ျမန္မာႏိုင္ငံသား ေလးေသာင္းေက်ာ္ ႀကိဳတင္မဲေပး

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြက္ စင္ကာပူႏွင့္ ကိုရီးယားသမၼတႏိုင္ငံေရာက္
ျမန္မာႏိုင္ငံသား ေလးေသာင္းေက်ာ္ သက္ဆိုင္ရာသံ႐ုံးမ်ားမွတဆင့္ ေအာက္တိုဘာ တစ္ရက္မွစတင္၍ ႀကိဳတင္ဆႏၵမဲေပးမႈမ်ား စတင္ ျပဳလုပ္ေနၾကေၾကာင္း ႏိုင္ငံျခားရဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မွ သိရသည္။

စင္ကာပူႏိုင္ငံမွ လက္ရွိအခ်ိန္ထိ ဆႏၵမဲလာေရာက္ေပးခဲ့သူ ဦး‌‌ေရ၂၁၀၀ ရွိၿပီး ကိုရီးယားသမၼတႏိုင္ငံမွ ၁၄၀၀ ေက်ာ္ ႀကိဳတင္ဆႏၵမဲေပးခဲ့ၾကေၾကာင္းသိရသည္။

ျပည္ပေရာက္မဲဆႏၵရွင္မ်ားအေနျဖင့္ သံ႐ုံးမွ သတ္မွတ္ေပးထားသည့္ စည္းကမ္းမ်ား ႏွင့္အညီ တန္းစီေစာင့္ဆိုင္းျခင္း၊ အပူခ်ိန္တိုင္းတာျခင္း၊ လက္ေဆးျခင္းမ်ား ျပဳလုပ္ၾကရၿပီး၊ မဲလက္မွတ္မ်ားထုတ္ယူ၍ ဆႏၵမဲေပးရေၾကာင္း ၊ ကိုဗစ္ကာလအတြင္း လူစုလူေဝးမျဖစ္ေပၚေစရန္ႏွင့္ မဲဆႏၵရွင္မ်ား အခ်ိန္ၾကာျမင့္စြာ တန္းစီေစာင့္ဆိုင္းရျခင္း မရွိေစရန္ အတြက္ မိမိဆႏၵမဲ လာေရာက္ေပးလိုသည့္ ေန႔ရက္ႏွင့္ အခ်ိန္တို႔အတြက္ သံ႐ုံး၏ ဝက္ဘ္ဆိုဒ္တြင္ Online Appointment ရယူထားရၿပီး၊ မဲေပးသည့္ေန႔တြင္ အဆိုပါ Appointment Letter ကို ျပသကာ ႏိုင္ငံကူး လက္မွတ္ (သို႔မဟုတ္) အိုင္စီကတ္၊ ယာဥ္ေမာင္းလိုင္စင္ စသည့္ အေထာက္အထား တစ္ခုခုျပသရန္လိုအပ္ေၾကာင္းလည္း ေဖာ္ျပထားသည္။

အေထြေထြေ႐ြးေကာက္ပြဲအတြက္ စင္ကာပူႏိုင္ငံမွ ႀကိဳတင္ဆႏၵမဲ ေပးခြင့္ရသည့္ စင္ကာပူေရာက္ျမန္မာႏိုင္ငံသား (၃၂၀၀၀) ခန္႔ရွိၿပီး ေအာက္တိုဘာလ ၁ ရက္ မွ ၁၈ ရက္ အထိ မဲ႐ုံဖြင့္လွစ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူပင္ ကိုရီးယားသမၼတႏိုင္ငံတြင္ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ား ႀကိဳတင္ဆႏၵမဲေပးရန္ အတြက္ ပုံစံ(၁၅) ျဖည့္စြက္ ၍ ႀကိဳတင္ဆႏၵမဲလက္မွတ္ေတာင္းခံထားသူ ျမန္မာႏိုင္ငံသာ (၉၈၁၀) ဦးရွိကာ ေအာက္တိုဘာလ ၂ ရက္မွ ၁၁ ရက္အထိ မဲ႐ုံဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လာမည့္ႏိုဝင္ဘာလတြင္က်င္းပမည့္အေထြေထြေ႐ြးေကာက္ပြဲတြင္ ျပည္ပေရာက္ႏိုင္ငံသားမ်ႀကိဳတင္ဆႏၵမဲေပးခြင့္ရသူဦးေရမွာ ၁၅၀၀၀၀ေက်ာ္ရွိသည္ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွအဖြဲ႕ဝင္ဦးျမင့္ႏိုင္၏ ေျပာၾကားအခ်က္အရ သိရသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply