ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီဥကၠဌ Covid 19 ေရာဂါပိုးကူးစက္ခံရ၊ေနအိမ္ လမ္းအားlock down ခ်

0
31

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌ Covid 19 ရောဂါပိုးကူးစက်ခံရ၊နေအိမ် လမ်းအားlock down ချ

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌ Covid 19 ရောဂါပိုးကူးစက်ခံရ၍နေအိမ် လမ်းအားlockdown ချထားကြောင်း မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (ရွှေပြည်သာမြို့နယ်)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“နေ့ခင်းကမှသူနာပြုဆရာမတစ်ယောက်လာသတင်းပို့လို့သိရတာပါ ၊ ၉၁နှစ် ဦးအုန်းကြိုင်နဲ့ သူ့သမီး တစ်ယောက် ပေါင်း၂ယောက် ၊ ပေါ့စတစ်တွေ့တယ်လို့လာပြောတယ် ၊ အဲဒါနဲ့ သူ့အိမ်နဲ့လမ်းကို ခုညနေပဲ Lockdown ချလိုက်တာပါ”ဟုရွေပြည်သာမြို့နယ် ၊ အမှတ် ၆ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးညိုအိ ကအောက်တိုဘာ ၂ ရက် ညနေပိုင်းက အတည်ပြုပြောသည်။

လွန်ခဲ့သော ၃ ရက်ခန့်က တပ်မတော်ဘက်မှယာဉ်တစ်စီးကနေထိုင်မကောင်းဖြစ်နေသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကကြီးဖြစ်သူ ရွေပြည်သာမြို့နယ် ၊ အမှတ် ၆ ရပ်ကွက် ၊ အပိုင် ၉ ၊ ပင်းယပန်းခြံလမ်း တွင်နေထိုင်သည့် သတင်းစာဆရာကြီး ဦးအုန်းကြိုင်အား လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး နောက်တစ်နေ့တွင်လည်း ကျန်ရှိနေသောနေအိမ်မှ မိသားစုများကိုပါ လာရောက်ခေါ်ဆောင်သွားကြောင်း နှင့် မည်သည့်ဆေးရုံသို့ခေါ်ဆောင်သွားမှန်း မသိရကြောင်း အုပ်ချုပ်ရေးမှူးပြောစကားအရ သိရသည်။

“ဟုတ်ပါတယ် ၊ အခုအဖေက အသဲဆေးရုံမှာပါ ၊ သက်သာပါတယ် ၊ အခုတော့အောက်စီဂျင်ရှူပေးနေရတယ်၊ ကျွန်မလည်းအဖေနဲ့အတူရှိပါတယ် “ဟု ဆရာကြီးဦးအုန်းကြိုင်ထံ ဖုန်းဆက်သွယ်မေးမြန်းရာတွင် သမီးဖြစ်သူ မသန္တာက သာဖြေကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူ ဦးမြင့်ကျော်ကို ဆက်သွယ်မေးမြန်းရာတွင် ကိုယ်ရေးကိုယ်တာဖြစ်နေသဖြင့် မဖြေကြားလိုကြောင်း၊ မိသာစု၏ သဘောဆန္ဒသာဖြစ်ကြောင်း ကောင်စီအနေဖြင့် ယခင်လဆန်းကတည်းက WorkFromHome ပြုလုပ်ထားကြောင်း ဖြေခဲ့သည်။

HM
#TheFifthWaveNews

(Zawgyi)

ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီဥကၠဌ Covid 19 ေရာဂါပိုးကူးစက္ခံရ၊ေနအိမ္ လမ္းအားlock down ခ်

ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီဥကၠဌ Covid 19 ေရာဂါပိုးကူးစက္ခံရ၍ေနအိမ္ လမ္းအားlockdown ခ်ထားေၾကာင္း ျမန္မာႏိုင္ငံသတင္းစာဆရာမ်ားအသင္း (ေရႊျပည္သာၿမိဳ႕နယ္)၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

“ေန႔ခင္းကမွသူနာျပဳဆရာမတစ္ေယာက္လာသတင္းပို့လို့သိရတာပါ ၊ ၉၁ႏွစ္ ဦးအုန္းႀကိဳင္နဲ႔ သူ႔သမီး တစ္ေယာက္ ေပါင္း၂ေယာက္ ၊ ေပါ့စတစ္ေတြ႕တယ္လို့လာေျပာတယ္ ၊ အဲဒါနဲ႔ သူ႔အိမ္နဲ႔လမ္းကို ခုညေနပဲ Lockdown ခ်လိုက္တာပါ”ဟုေရြျပည္သာၿမိဳ့နယ္ ၊ အမွတ္ ၆ ရပ္ကြက္မွ အုပ္ခ်ဳပ္ေရးမွူး ဦးညိဳအိ ကေအာက္တိုဘာ ၂ ရက္ ညေနပိုင္းက အတည္ျပဳေျပာ​သည္။

လြန္ခဲ့ေသာ ၃ ရက္ခန္႔က တပ္မေတာ္ဘက္မွယာဥ္တစ္စီးကေနထိုင္မေကာင္းျဖစ္ေနသည့္ ျမန္မာနိုင္ငံ သတင္းမီဒီယာေကာင္စီ ဥကၠႀကီးျဖစ္သူ ေရြျပည္သာၿမိဳ့နယ္ ၊ အမွတ္ ၆ ရပ္ကြက္ ၊ အပိုင္ ၉ ၊ ပင္းယပန္းၿခံလမ္း တြင္ေနထိုင္သည့္ သတင္းစာဆရာႀကီး ဦးအုန္းႀကိဳင္အား လာေရာက္ေခၚေဆာင္သြားျခင္းျဖစ္ၿပီး ေနာက္တစ္ေန႔တြင္လည္း က်န္ရွိေနေသာေနအိမ္မွ မိသားစုမ်ားကိုပါ လာေရာက္ေခၚေဆာင္သြားေၾကာင္း ႏွင္႔ မည္သည့္ေဆး႐ုံသို့ေခၚေဆာင္သြားမွန္း မသိရေၾကာင္း အုပ္ခ်ဳပ္ေရးမွူးေျပာစကားအရ သိရသည္။

“ဟုတ္ပါတယ္ ၊ အခုအေဖက အသဲေဆး႐ုံမွာပါ ၊ သက္သာပါတယ္ ၊ အခုေတာ့ေအာက္စီဂ်င္ရွူေပးေနရတယ္၊ ကၽြန္မလည္းအေဖနဲ႔အတူရွိပါတယ္ “ဟု ဆရာႀကီးဦးအုန္းႀကိဳင္ထံ ဖုန္းဆက္သြယ္ေမးျမန္းရာတြင္ သမီးျဖစ္သူ မသႏၲာက သာေျဖၾကားခ့ဲသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သတ္၍ျမန္မာႏိုင္ငံစာနယ္ဇင္းေကာင္စီမွ တာဝန္ရွိသူ ဦးျမင့္ေက်ာ္ကို ဆက္သြယ္ေမးျမန္းရာတြင္ ကိုယ္ေရးကိုယ္တာျဖစ္ေနသျဖင့္ မေျဖၾကားလိုေၾကာင္း၊ မိသာစု၏ သေဘာဆႏၵသာျဖစ္ေၾကာင္း ေကာင္စီအေနျဖင့္ ယခင္လဆန္းကတည္းက WorkFromHome ျပဳလုပ္ထားေၾကာင္း ေျဖခဲ႔သည္။

HM
#TheFifthWaveNews

Leave a Reply