စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ အ ေထာက္အကူျဖစ္ေစမည့္ ဝန္ေဆာင္မႈ စနစ္တစ္ရပ္ စတင္

0
12

စီးပွားရေးလုပ်ငန်းရှင်များအတွက် အ ထောက်အကူဖြစ်စေမည့် ဝန်ဆောင်မှု စနစ်တစ်ရပ် စတင်

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ က ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအတွက် အထောက်အကူ ဖြစ်စေမည့် ဝန်ဆောင်မှုစနစ်တစ်ရပ် စတင်နိုင်ရန် စီစဉ်လျှက်ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများကို ဝန်ဆောင်မှု ပံ့ပိုးပေးမှုနှင့် စပ်လျဉ်း၍ မှတ်တိုင်တစ်ခုကို ထူထောင်နိုင်ရန် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၏ ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ အရာထမ်း၊ အမှုထမ်း ၄၀ ဦးခန့်၊ ပြည်ပနိုင်ငံများရှိ မြန်မာစီးပွားရေးသံမှူး ၁၅ ဦးတို့အား ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ကုန်သွယ်မှုသတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် စီမံခန့်ခွဲမှုနည်းပညာများကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်းသိရသည်။

“အခုလို သတင်းအချက်အလက်ဆိုင်ရာ စီမံခန့်ခွဲမှု နည်းပညာအသစ်များကို သိရှိအောင် လေ့ကျင့် ပေးခြင်းဖြင့် မိမိတို့ဝန်ထမ်းတွေအနေနဲ့ ကုန်သွယ်မှုနဲ့ စပ်လျဉ်းပြီး သိရှိလိုတာတွေကို ခေတ်မီ ထိရောက်တဲ့ သတင်းအချက်အလက် ဆိုင်ရာ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်”ဟု မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ မှ ညွှန်ကြား ရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ပြောသည်။

အဆိုပါ သင်တန်းသည် ပြည်ပဈေးကွက်များသို့ ဦးတည်ရောင်းချလိုကြသည့် ပြည်တွင်း အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဈေးကွက်သတင်း အချက်အလက်များကို မှန်မှန်ကန်ကန် တိတိကျကျရယူနိုင်ရန် ရည်ရွယ်ဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ရပ်
ဖြစ်ကြောင်းသိရသည်။

ယင်းနည်းပြသင်တန်းတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ Trade Information ဆိုင်ရာ အရာထမ်းများအား ကုန်သွယ်ရေးနှင့် ဈေးကွက် သတင်းအချက်လက်ရင်းမြစ်များကို မည်ကဲ့သို့ စိစစ်သုံးသပ်ရမည်ကို လက်တွေ့သင်ကြား ပေးခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ နောက်ဆုံး ဖြစ်ပေါ်နေသည့် မှန်ကန်တိကျသော သတင်းအချက်အလက်များကို မိမိတို့၏ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား ပံ့ပိုးပေးခြင်းဖြင့် ယင်းလုပ်ငန်းများ ကို ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက် ကောင်းမွန်လာအောင် ပိုမိုကူညီပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပြည်တွင်းနှင့် ပြည်ပစီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် Myantrade မှ ကဏ္ဍအလိုက် ကျွမ်းကျင် သူ အရာရှိများကို ဆက်သွယ်မေးမြန်း နိုင်ရန်အတွက် စုံစမ်းရေးစနစ် တိုက်ရိုက်စကား ပြောဆိုခြင်း စနစ်ကို စီမံခန့်ခွဲမှုနှင့် အသုံးပြုပုံ နည်းလမ်းကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့ပြီး
လက်တလော COVID-19 ကမ္ဘာ့ကပ် ရောဂါ ဖြစ်ပွားနေသည့် အကြပ်အတည်းကာလတွင် ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သော သတင်းအချက်အလက်များကို အွန်လိုင်းမှ လုံခြုံဘေးကင်းစွာ ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕ က ျပည္တြင္းစီးပြားေရး လုပ္ငန္းရွင္မ်ားအတြက္ အေထာက္အကူ ျဖစ္ေစမည့္ ဝန္ေဆာင္မႈစနစ္တစ္ရပ္ စတင္ႏိုင္ရန္ စီစဥ္လွ်က္ရွိေၾကာင္း ယင္းအဖြဲ႕ထံမွ သိရသည္။

ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕အေနျဖင့္ ႏိုင္ငံအတြင္း စီးပြားေရးလုပ္ငန္းမ်ားကို ဝန္ေဆာင္မႈ ပံ့ပိုးေပးမႈႏွင့္ စပ္လ်ဥ္း၍ မွတ္တိုင္တစ္ခုကို ထူေထာင္ႏိုင္ရန္ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရး အဖြဲ႕၏ ႐ုံးခ်ဳပ္ႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားမွ အရာထမ္း၊ အမႈထမ္း ၄၀ ဦးခန႔္၊ ျပည္ပႏိုင္ငံမ်ားရွိ ျမန္မာစီးပြားေရးသံမႉး ၁၅ ဦးတို႔အား ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၂ ရက္မွ ၂၄ ရက္အထိ ကုန္သြယ္မႈသတင္းအခ်က္အလက္ဆိုင္ရာ ဝန္ေဆာင္မႈမ်ားႏွင့္ စီမံခန႔္ခြဲမႈနည္းပညာမ်ားကို ေလ့က်င့္သင္ၾကားေပးခဲ့ေၾကာင္းသိရသည္။

“အခုလို သတင္းအခ်က္အလက္ဆိုင္ရာ စီမံခန႔္ခြဲမႈ နည္းပညာအသစ္မ်ားကို သိရွိေအာင္ ေလ့က်င့္ ေပးျခင္းျဖင့္ မိမိတို႔ဝန္ထမ္းေတြအေနနဲ႔ ကုန္သြယ္မႈနဲ႔ စပ္လ်ဥ္းၿပီး သိရွိလိုတာေတြကို ေခတ္မီ ထိေရာက္တဲ့ သတင္းအခ်က္အလက္ ဆိုင္ရာ ဝန္ေဆာင္မႈေတြကို ေပးႏိုင္ဖို႔ စြမ္းေဆာင္ရည္ ျမႇင့္တင္ေပးႏိုင္မွာ ျဖစ္ပါတယ္”ဟု ျမန္မာကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕ မွ ၫႊန္ၾကား ေရးမႉးခ်ဳပ္ ေဒၚေနာ္မူတာကေပါက ေျပာသည္။

အဆိုပါ သင္တန္းသည္ ျပည္ပေဈးကြက္မ်ားသို႔ ဦးတည္ေရာင္းခ်လိုၾကသည့္ ျပည္တြင္း အေသးစားႏွင့္ အလတ္စားစီးပြားေရး လုပ္ငန္းရွင္ မ်ားအေနျဖင့္ စီးပြားေရး၊ ကုန္သြယ္ေရးႏွင့္ ေဈးကြက္သတင္း အခ်က္အလက္မ်ားကို မွန္မွန္ကန္ကန္ တိတိက်က်ရယူႏိုင္ရန္ ရည္႐ြယ္ေဆာင္႐ြက္မႈ၏ အစိတ္အပိုင္းတစ္ရပ္
ျဖစ္ေၾကာင္းသိရသည္။

ယင္းနည္းျပသင္တန္းတြင္ ျမန္မာကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕မွ Trade Information ဆိုင္ရာ အရာထမ္းမ်ားအား ကုန္သြယ္ေရးႏွင့္ ေဈးကြက္ သတင္းအခ်က္လက္ရင္းျမစ္မ်ားကို မည္ကဲ့သို႔ စိစစ္သုံးသပ္ရမည္ကို လက္ေတြ႕သင္ၾကား ေပးခဲ့ၿပီး ကုန္သြယ္မႈဆိုင္ရာ ေနာက္ဆုံး ျဖစ္ေပၚေနသည့္ မွန္ကန္တိက်ေသာ သတင္းအခ်က္အလက္မ်ားကို မိမိတို႔၏ အေသးစားႏွင့္ အလတ္စားစီးပြားေရး လုပ္ငန္းမ်ားအား ပံ့ပိုးေပးျခင္းျဖင့္ ယင္းလုပ္ငန္းမ်ား ကို ေဈးကြက္တြင္ ယွဥ္ၿပိဳင္ႏိုင္စြမ္း တိုးတက္ ေကာင္းမြန္လာေအာင္ ပိုမိုကူညီေပးႏိုင္မည္ ျဖစ္ေၾကာင္းသိရသည္။

ထို႔ျပင္ ျပည္တြင္းႏွင့္ ျပည္ပစီးပြားေရးလုပ္ငန္းရွင္ မ်ားအေနျဖင့္ Myantrade မွ က႑အလိုက္ ကြၽမ္းက်င္ သူ အရာရွိမ်ားကို ဆက္သြယ္ေမးျမန္း ႏိုင္ရန္အတြက္ စုံစမ္းေရးစနစ္ တိုက္႐ိုက္စကား ေျပာဆိုျခင္း စနစ္ကို စီမံခန႔္ခြဲမႈႏွင့္ အသုံးျပဳပုံ နည္းလမ္းကိုလည္း ေလ့က်င့္သင္ၾကားေပးခဲ့ၿပီး
လက္တေလာ COVID-19 ကမာၻ႔ကပ္ ေရာဂါ ျဖစ္ပြားေနသည့္ အၾကပ္အတည္းကာလတြင္ ပို႔ကုန္ လုပ္ငန္းရွင္မ်ားအေနျဖင့္ လိုအပ္ေသာ သတင္းအခ်က္အလက္မ်ားကို အြန္လိုင္းမွ လုံၿခဳံေဘးကင္းစြာ ရယူႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply