ေဆး႐ုံႀကီး ​ေလး႐ုံတြင္ေအာက္ဆီဂ်င္ပိုက္လိုင္းတိုးခ်ဲ႕ျခင္း၊ N95 Mask မ်ား ျဖည့္ဆည္းေပးျခင္းမ်ားေဆာင္႐ြက္မည္

0
19

ဆေးရုံကြီး လေးရုံတွင်အောက်ဆီဂျင်ပိုက်လိုင်းတိုးချဲ့ခြင်း၊ N95 Mask များ ဖြည့်ဆည်းပေးခြင်းများဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေအတွင်းရှိဆေးရုံကြီး လေးရုံတွင်အောက်ဆီဂျင်ပိုက်လိုင်းတိုးချဲ့တပ်ဆင်တာသွားမည်ဖြစ်ပြီးကျန်းမာရေးဝန်ထမ်းများCOVID-19 ကူးစက်မခံရစေရန်N95 Maskများထပ်မံပေးအပ်သွားရန်ရှိကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။

အောက်တိုဘာလ (၂)ရက်နေပြည်တော်တွင်ပြုလုပ်ခဲ့သော အွန်လိုင်းအစည်းအဝေးပွဲတွင်အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆေးရုံတွေမှာCOVID-19လူနာတွေများပြားနေသလိုအောက်ဆီဂျင်ပေးပြီးကုသဖို့လိုတဲ့သူတွေများပြားနေတဲ့အတွက်အောက်ဆီဂျင်ပိုက်လိုင်းတွေတိုးချဲ့တပ်ဆင်မှာဖြစ်သလို ဆေးရုံတွေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ COVID-19 ရောဂါပိုးကူးစက်ခံရတာတွေရှိတဲ့အတွက်ကာကွယ်မှုပိုမိုရရှိစေဖို့N95Maskတွေထပ်မံဖြည့်ဆည်းပေးမှာဖြစ်ပါတယ်”ဟု ဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောသည်။

အဆိုပါအစည်းအဝေးပွဲတွင်ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးနှင့်အင်းစိန်ပြည်သူ့ဆေးရုံကြီးတို့၏မြေပြင်လက်တွေ့အခြေအနေတွေကိုတာဝန်ရှိသူများကတင်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက”ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာအောက်ဆီဂျင်ပိုက်လိုင်းတွေတိုးချဲ့တပ်ဆင်လျက်ရှိပြီးကျန်ဆေးရုံကြီး(၃)ခု(မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးနှင့် အင်းစိန်ပြည်သူ့ဆေးရုံကြီး)မှာလည်းတိုးချဲ့တပ်ဆင်ရန်အတွက် ညွှန်ကြားထားပြီးဖြစ်ပါတယ်၊ N95 Mask တွေလည်း ဆေးရုံကြီးတွေဆီ ပေးပို့ထားသလို ကျန်းမာရေးဝန်ထမ်းတွေရောဂါကူးစက်ခံရမှုမရှိစေရေးအတွက် အခုထပ်မံ ရောက်ရှိလာတဲ့ N95 Mask ခုရေ (၂၀၀,၀၀၀) လည်း COVID-19 လူနာများပြားနေတဲ့ ဆေးရုံတွေဆီ ချက်ချင်း ထပ်မံပေးပို့မှာဖြစ်တယ်” ဟုထည့်သွင်းပြောကြားခဲ့ သည်။

၎င်းအပြင်ကျန်းမာရေးဝန်ထမ်းများအတွက်အခြေခံလိုအပ်ချက်များနှင့်နေထိုင်ရန်လိုအပ်ချက်များဖြည့်ဆည်းပေးသွားမည်ဟုပြောကြားခဲ့သည်။

HM
#TheFifthWaveNews

(zawgyi)

ေဆး႐ုံႀကီး ​ေလး႐ုံတြင္ေအာက္ဆီဂ်င္ပိုက္လိုင္းတိုးခ်ဲ႕ျခင္း၊ N95 Mask မ်ား ျဖည့္ဆည္းေပးျခင္းမ်ားေဆာင္႐ြက္မည္

ရန္ကုန္တိုင္းေဒအတြင္းရွိေဆး႐ုံႀကီး ေလး႐ုံတြင္ေအာက္ဆီဂ်င္ပိုက္လိုင္းတိုးခ်ဲ႕တပ္ဆင္တာသြားမည္ျဖစ္ၿပီးက်န္းမာေရးဝန္ထမ္းမ်ားCOVID-19 ကူးစက္မခံရေစရန္N95 Maskမ်ားထပ္မံေပးအပ္သြားရန္ရွိေၾကာင္းက်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာသည္။

ေအာက္တိုဘာလ (၂)ရက္ေနျပည္ေတာ္တြင္ျပဳလုပ္ခဲ့ေသာ အြန္လိုင္းအစည္းအေဝးပြဲတြင္အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေဆး႐ုံေတြမွာCOVID-19လူနာေတြမ်ားျပားေနသလိုေအာက္ဆီဂ်င္ေပးၿပီးကုသဖို႔လိုတဲ့သူေတြမ်ားျပားေနတဲ့အတြက္ေအာက္ဆီဂ်င္ပိုက္လိုင္းေတြတိုးခ်ဲ႕တပ္ဆင္မွာျဖစ္သလို ေဆး႐ုံေတြမွာရွိတဲ့ က်န္းမာေရးဝန္ထမ္းေတြ COVID-19 ေရာဂါပိုးကူးစက္ခံရတာေတြရွိတဲ့အတြက္ကာကြယ္မႈပိုမိုရရွိေစဖို႔N95Maskေတြထပ္မံျဖည့္ဆည္းေပးမွာျဖစ္ပါတယ္”ဟု ဝန္ႀကီး ေဒါက္တာျမင့္ေထြးကေျပာသည္။

အဆိုပါအစည္းအေဝးပြဲတြင္ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံႀကီး၊သဃၤန္းကြၽန္းျပည္သူ႔ ေဆး႐ုံႀကီးႏွင့္အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးတို႔၏ေျမျပင္လက္ေတြ႕အေျခအေနေတြကိုတာဝန္ရွိသူမ်ားကတင္ျပခဲ့သည္။

ျပည္ေထာင္စုဝန္ႀကီးေဒါက္တာျမင့္ေထြးက”ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာေအာက္ဆီဂ်င္ပိုက္လိုင္းေတြတိုးခ်ဲ႕တပ္ဆင္လ်က္ရွိၿပီးက်န္ေဆး႐ုံႀကီး(၃)ခု(ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံႀကီး၊သဃၤန္းကြၽန္းျပည္သူ႔ ေဆး႐ုံႀကီးႏွင့္ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီး)မွာလည္းတိုးခ်ဲ႕တပ္ဆင္ရန္အတြက္ ၫႊန္ၾကားထားၿပီးျဖစ္ပါတယ္၊ N95 Mask ေတြလည္း ေဆး႐ုံႀကီးေတြဆီ ေပးပို႔ထားသလို က်န္းမာေရးဝန္ထမ္းေတြေရာဂါကူးစက္ခံရမႈမရွိေစေရးအတြက္ အခုထပ္မံ ေရာက္ရွိလာတဲ့ N95 Mask ခုေရ (၂၀၀,၀၀၀) လည္း COVID-19 လူနာမ်ားျပားေနတဲ့ ေဆး႐ုံေတြဆီ ခ်က္ခ်င္း ထပ္မံေပးပို႔မွာျဖစ္တယ္” ဟုထည့္သြင္းေျပာၾကားခဲ့ သည္။

၎အျပင္က်န္းမာေရးဝန္ထမ္းမ်ားအတြက္အေျခခံလိုအပ္ခ်က္မ်ားႏွင့္ေနထိုင္ရန္လိုအပ္ခ်က္မ်ားျဖည့္ဆည္းေပးသြားမည္ဟုေျပာၾကားခဲ့သည္။

HM
#TheFifthWaveNews

Leave a Reply