ဆရာဝန္ ႀကီးမ်ား၏အၾကံျပဳခ်က္အရ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ အား ေဆးရံု သို႔တင္ပို

0
13

ဆရာဝန် ကြီးများ၏အကြံပြုချက်အရ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အား
ဆေးရုံ သို့တင်ပို့

ကိုဗစ်-၁၉ ဗိုင်းရပ် ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲသည့် အမေရိကန် ပြည်ထောင်စု
သမ္မတဒေါ်နယ်ထရမ့်အား ဆရာဝန် ကြီးများ၏အကြံပြုချက်အရ Walter Reedအမျိုးသားစစ်ဘက်ဆိုင်ရာဆေးရုံသို့တင်ပို့ခဲ့ကြောင်း အိမ်ဖြူတော် ကျန်းမာရေး အရာရှိဒေါက်တာ ရှောင်ကုန်းလီ က အောက်တိုဘာလ၂ ရက်ညပိုင်းတွင်ကြေညာခဲ့သည်။

၎င်းက သမ္မတ၏ကျန်းမာရေးအခြေအနေမှာကောင်းမွန်ကြောင်း၊ဗိုင်းရပ်တိုက်ဖျက်ရေးဆေးဝါးများ ကိုသောက်သုံးလျက်ရှိကြောင်း၊အောက်ဆီဂျင်စက်ဖြင့်အထောက်အပံ့ပေးရန်
လည်းမလိုအပ်သေးကြောင်း၊သို့သော်အထူးကုဆရာဝန်ကြီးများ၏ အကြံပြုချက်များအရ သမ္မတ ဗိုင်းရပ် တိုက်ဖျက်ရေးထိုးဆေးဖြစ်သော Remdesivir ထိုးဆေးကုထုံးဖြင့်ကုသ
ရန်ဆေးရုံသို့ပို့ပေးခဲ့ကြောင်းပြောခဲ့သည်။

ဆေးရုံသို့ရောက်ရှိပြီးမကြာမီမှာပင် ထရမ့် က၎င်း၏တွစ်တာစာမျက်နှာမှ၎င်းမှာကျန်းမာရေး
အလွန်ကောင်းမွန်နေကြောင်း ဗီဒီယိုအတိုလေးအားထုတ်လွှင့်ခဲ့သည်။ထရမ့်နှင့်အနီးကပ်လုပ်ကိုင်နေရသူများဖြစ်သည့် မဲဆွယ်ပွဲမန်နေဂျာ ဘီလ်စတီပင်၊အိမ်ဖြူတော်အတိုင်ပင်ခံအရာရှိဟောင်း ကယ်လင်နီ နှင့် အကြံပေးပုဂ္ဂိုလ် ဟုတ်ဟစ်စ် တို့တွင်လည်း ကိုဗစ်-၁၉ ဗိုင်းရပ် ကူးစက် ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟုသိရသည်။
အိမ်ဖြူတော် အရာရှိအချို့က သမ္မတ၏လက်ရှိကျန်းမာရေးအခြေအနေမှာကောင်းမွန်ကြောင်း ၊ သို့သော် ရောဂါအခြေအနေက အပြောင်းအလဲ မြန်မှုကြောင့် စိုးရိမ်မိကြောင်းပြောခဲ့ကြသည်။

Ref—–CNN
translated by Htwe Ko Tun
#TheFifthWaveNews
အမေရိကန် သမ္မတဒေါ်နယ်ထရမ့် အိမ်ဖြူတော်မှ ဆေးရုံ သို့ ရဟတ်ယာဉ်ဖြင့်ထွက်ခွာ
လာစဉ်။(photo—-CNN)

(zawgyi)

ကိုဗစ္-၁၉ ဗိုင္းရပ္ ကူးစက္ခံေနရေၾကာင္း စစ္ေဆးေတြ႔႐ွိခဲသည့္ အေမရိကန္ ျပည္ေထာင္စု
သမၼတေဒၚနယ္ထရမ့္အား ဆရာဝန္ ႀကီးမ်ား၏အၾကံျပဳခ်က္အရ Walter Reedအမ်ိဳးသားစစ္ဘက္ဆိုင္ရာေဆးရံုသို႔တင္ပို႔ခဲ့ေၾကာင္း အိမ္ျဖဴေတာ္ က်န္းမာေရး အရာ႐ွိေဒါက္တာ ေ႐ွာင္ကုန္းလီ က ေအာက္တိုဘာလ၂ ရက္ညပိုင္းတြင္ေၾကညာခဲ့သည္။

၎က သမၼတ၏က်န္းမာေရးအေျခအေနမွာေကာင္းမြန္ေၾကာင္း၊ဗိုင္းရပ္တိုက္ဖ်က္ေရးေဆးဝါးမ်ား ကိုေသာက္သံုးလ်က္႐ွိေၾကာင္း၊ေအာက္ဆီဂ်င္စက္ျဖင့္အေထာက္အပံ့ေပးရန္
လည္းမလိုအပ္ေသးေၾကာင္း၊သို႔ေသာ္အထူးကုဆရာဝန္ႀကီးမ်ား၏ အၾကံျပဳခ်က္မ်ားအရ သမၼတ ဗိုင္းရပ္ တိုက္ဖ်က္ေရးထိုးေဆးျဖစ္ေသာ Remdesivir ထိုးေဆးကုထံုးျဖင့္ကုသ
ရန္ေဆးရံုသို႔ပို႔ေပးခဲ့ေၾကာင္းေျပာခဲ့သည္။

ေဆးရံုသို႔ေရာက္႐ွိၿပီးမၾကာမီမွာပင္ ထရမ့္ က၎၏တြစ္တာစာမ်က္ႏွာမွ၎မွာက်န္းမာေရး
အလြန္ေကာင္းမြန္ေနေၾကာင္း ဗီဒီယိုအတိုေလးအားထုတ္လႊင့္ခဲ့သည္။ထရမ့္ႏွင့္အနီးကပ္လုပ္ကိုင္ေနရသူမ်ားျဖစ္သည့္ မဲဆြယ္ပဲြမန္ေနဂ်ာ ဘီလ္စတီပင္၊အိမ္ျဖဴေတာ္အတိုင္ပင္ခံအရာ႐ွိေဟာင္း ကယ္လင္နီ ႏွင့္ အၾကံေပးပုဂၢိဳလ္ ဟုတ္ဟစ္စ္ တို႔တြင္လည္း ကိုဗစ္-၁၉ ဗိုင္းရပ္ ကူးစက္ ခံေနရေၾကာင္း စစ္ေဆးေတြ႔႐ွိခဲ့သည္ဟုသိရသည္။
အိမ္ျဖဴေတာ္ အရာ႐ွိအခ်ိဳ႕က သမၼတ၏လက္႐ွိက်န္းမာေရးအေျခအေနမွာေကာင္းမြန္ေၾကာင္း ၊ သို႔ေသာ္ ေရာဂါအေျခအေနက အေျပာင္းအလဲ ျမန္မႈေၾကာင့္ စိုးရိမ္မိေၾကာင္းေျပာခဲ့ၾကသည္။

Ref—–CNN
translated by Htwe Ko Tun
#TheFifthWaveNews
အေမရိကန္ သမၼတေဒၚနယ္ထရမ့္ အိမ္ျဖဴေတာ္မွ ေဆးရံု သို႔ ရဟတ္ယာဥ္ျဖင့္ထြက္ခြာ
လာစဥ္။(photo—-CNN)

 

Leave a Reply