မႏၲေလးတိုင္းေဒသႀကီးတြင္ ေသြးလြန္တုပ္ေကြးျဖစ္ပြားမွဳွ ထက္ဝက္ခန္႔က်ဆင္းလာၿပီဟု သိရ

0
17

မန္တလေးတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုှ ထက်ဝက်ခန့်ကျဆင်းလာပြီဟု သိရ

မန္တလေးတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ထက်ဝက်ခန့် ကျဆင်းလာကြောင်း မန္တလေးတိုင်းဒေသကြီး ရောဂါပိုးများသယ်ဆောင်သည့် ပိုးကောင်များမှတဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်နှိမ်နှင်းရေးဌာန(ရ.ပ.က.န)ထံမှသိရသည် ။

စက်တင်ဘာလ ၂၄ ရက် နေ့အထိတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးမှာ ကျောက်ဆည် ၂၉၀ ဦး ဖြစ်ပြီး ၊ စဉ့်ကိုင် ၁၅၁ ဦး၊ ဝမ်းတွင်း ၁၁၉ ဦး၊ နွားထိုးကြီး ၁၀၁ ဦး၊ မတ္တရာ ၉၉ ဦး၊ မြစ်သား ၉၀ ဦး၊ မြင်းခြံ ၇၉ ဦးနှင့် တံတားဦး ၇၅ ဦး တို့ဖြစ်ကြောင်း နှင့် အသက် ၅ နှစ်မှ ၉ နှစ်အရွယ်တွင် အများဆုံးကူးစက်ခံ ရကာ ရောဂါဖြစ်ပွားသူ အားလုံး၏ ၈၀ ရာခိုင်နှုန်းမှာ ကျေးလက်မှ ကလေးငယ်များဖြစ်ကြောင်း သိရသည် ။

” ဖြစ်ပွားမှုက ထက်ဝက်ခန့် ကျဆင်းသွားတယ်ဆိုပေမယ့် ပေါ့ဆလို့ မရဘူးဆိုတာ သတိရှိ စေချင်ပါတယ် ။ COVID-19ကြောင့် အိမ်မှာပဲနေကြတဲ့အခါ သွေးလွန်တုပ်ကွေးပိုး သယ်တဲ့ခြင်ရဲ့ အလေ့အထနဲ့ ကိုက်ညီနေတော့ လူကြီးရော ကလေးရော ရောဂါပိုဖြစ်နိုင်တယ် ။ ရာသီဥတုဆိုတာထက် အခုလက်ရှိ အနေအထားကြောင့်သွေးလွန်တုပ်ကွေးရောဂါက အန္တရာယ်ပိုရှိလာနိုင်ပါတယ် ” ဟု အဆိုပါဌာန တာဝန်ခံ ဒေါက်တာတင့်ဝေကပြောသည် ။

မန္တလေးတိုင်းဒေသကြီးတွင် ယခု ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၊ ၁ ရက်မှ စက်တင်ဘာလ ပထမပတ်ထိ ရောဂါဖြစ်ပွားသူ ၁၄၆၆ ဦးရှိပြီး ၊ ဒုတိယပတ်တွင် ၁၅၈၂ ဦး ၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ၁၆၄၈ ဦးရှိခဲ့ကြောင်း သိရသည် ။

သွေးလွန်တုပ်ကွေးရောဂါမှာ အသက် ၁၅ နှစ်အောက် ကလေးငယ်များတွင် အဓိက ကူးစက်ဖြစ်ပွားပြီး အသက်အရွယ်မရွေး ကူးစက် သေဆုံးစေနိုင်သည့် ရောဂါဖြစ်ကာ ၊ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် အနည်းဆုံး လူနာ ၁၀၀၀၀ မှ အများဆုံး ၄၀၀၀၀ ကျော်အထိ ဖြစ်ပွားကူးစက်နေ၍ သေဆုံးသူ ရာဂဏန်းရှိကြောင်းသိရသည် ။

မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၉ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၆၀၀ ဝန်းကျင် ၊ သေဆုံးသူ ၇ ဦးရှိခဲ့ကြောင်း အဆိုပါဌာနထံမှသိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(Zawgyi)

မႏၲေလးတိုင္းေဒသႀကီးတြင္ ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈ ထက္ဝက္ခန္႔ က်ဆင္းလာေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ေရာဂါပိုးမ်ားသယ္ေဆာင္သည္႔ ပိုးေကာင္မ်ားမွတဆင္႔ ကူးစက္တတ္ေသာ ေရာဂါမ်ားကာကြယ္ႏွိမ္ႏွင္းေရးဌာန(ရ.ပ.က.န)ထံမွသိရသည္ ။

စက္တင္ဘာလ ၂၄ ရက္ ေန႔အထိတိုင္းေဒသႀကီးအတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈ အမ်ားဆံုးမွာ ေက်ာက္ဆည္ ၂၉၀ ဦး ျဖစ္ၿပီး ၊ စဥ့္ကိုင္ ၁၅၁ ဦး၊ ဝမ္းတြင္း ၁၁၉ ဦး၊ ႏြားထိုးႀကီး ၁၀၁ ဦး၊ မတၱရာ ၉၉ ဦး၊ ျမစ္သား ၉၀ ဦး၊ ျမင္းၿခံ ၇၉ ဦးႏွင့္ တံတားဦး ၇၅ ဦး တို့ျဖစ္ေၾကာင္း ႏွင္႔ အသက္ ၅ ႏွစ္မွ ၉ ႏွစ္အရြယ္တြင္ အမ်ားဆုံးကူးစက္ခံ ရကာ ေရာဂါျဖစ္ပြားသူ အားလုံး၏ ၈၀ ရာခိုင္ႏႈန္းမွာ ေက်းလက္မွ ကေလးငယ္မ်ားျဖစ္ေၾကာင္း သိရသည္ ။

” ျဖစ္ပြားမွဳက ထက္ဝက္ခန႔္ က်ဆင္းသြားတယ္ဆိုေပမယ့္ ေပါ့ဆလို႔ မရဘူးဆိုတာ သတိရွိ ေစခ်င္ပါတယ္ ။ COVID-19ေၾကာင္႔ အိမ္မွာပဲေနၾကတဲ႔အခါ ေသြးလြန္တုပ္ေကြးပိုး သယ္တဲ႔ျခင္ရဲ႕ အေလ႔အထနဲ႔ ကိုက္ညီေနေတာ႔ လူႀကီးေရာ ကေလးေရာ ေရာဂါပိုျဖစ္ႏိုင္တယ္ ။ ရာသီဥတုဆိုတာထက္ အခုလက္ရွိ အေနအထားေၾကာင္ ႔ေသြးလြန္တုပ္ေကြးေရာဂါက အႏၲရာယ္ပိုရွိလာႏိုင္ပါတယ္ ” ဟု အဆိုပါဌာန တာဝန္ခံ ေဒါက္တာတင္႔ေဝကေျပာသည္ ။

မႏၲေလးတိုင္းေဒသႀကီးတြင္ ယခု ၂၀၂၀ခုႏွစ္ ဇန္နဝါရီလ ၊ ၁ ရက္မွ စက္တင္ဘာလ ပထမပတ္ထိ ေရာဂါျဖစ္ပြားသူ ၁၄၆၆ ဦးရွိၿပီး ၊ ဒုတိယပတ္တြင္ ၁၅၈၂ ဦး ၊ စက္တင္ဘာလ ၂၄ ရက္ေန႔တြင္ ၁၆၄၈ ဦးရွိခဲ႔ေၾကာင္း သိရသည္ ။

ေသြးလြန္တုပ္ေကြးေရာဂါမွာ အသက္ ၁၅ ႏွစ္ေအာက္ ကေလးငယ္မ်ားတြင္ အဓိက ကူးစက္ျဖစ္ပြားၿပီး အသက္အရြယ္မေရြး ကူးစက္ ေသဆုံးေစနိုင္သည္႔ ေရာဂါျဖစ္ကာ ၊ ျမန္မာနိုင္ငံတြင္ တစ္ႏွစ္လ်ွင္ အနည္းဆုံး လူနာ ၁၀၀၀၀ မွ အမ်ားဆုံး ၄၀၀၀၀ ေက်ာ္အထိ ျဖစ္ပြားကူးစက္ေန၍ ေသဆုံးသူ ရာဂဏန္းရွိေၾကာင္းသိရသည္ ။

မႏၲေလးတိုင္းေဒသႀကီးတြင္ ျပီးခဲ႔သည္႔ ၂၀၁၉ခုႏွစ္အတြင္း ေသြးလြန္တုပ္ေကြးျဖစ္ပြားသူ ၂၆၀၀ ဝန္းက်င္ ၊ ေသဆံုးသူ ၇ ဦးရွိခဲ႔ေၾကာင္း အဆိုပါဌာနထံမွသိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply