မႏၲေလးၿမိဳ႕တြင္ ဖ်ားနာေရာဂါမ်ားအခမဲ႔လာေရာက္ျပသႏိုင္သည့္ Fever Clinic ထပ္မံ ဖြင့္လွစ္ႏိုင္ရန္ လုပ္အားေပးဆရာဝန္မ်ား လိုအပ္

0
21

မန္တလေးမြို့တွင် ဖျားနာရောဂါများအခမဲ့လာရောက်ပြသနိုင်သည့် Fever Clinic ထပ်မံ ဖွင့်လှစ်နိုင်ရန် လုပ်အားပေးဆရာဝန်များ လိုအပ်

မန္တလေးမြို့တွင် ကိုဗစ်ကာလအတွင်း ဖျားနာရောဂါများအခမဲ့လာရောက်ပြသနိုင်သည့် Fever Clinic ထပ်မံဖွင့်လှစ်နိုင်ရန် လုပ်အားပေးဆရာဝန်များလိုအပ်နေကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး)မှ သိရသည် ။

လက်ရှိတွင် အခမဲ့ ဖျားနာကုဆေးခန်းများကို ချမ်းမြသာစည်မြို့နယ် ၁၀၇ လမ်း ၅၅/၅၆လမ်းကြားတွင် ဖွင့်လှစ်ထားပြီး အောင်မြေသာစံမြို့နယ် ၁၂ လမ်း
၇၅/၇၆ လမ်းကြား နှင့် ပြည်ကြီးတံခွန်မြို့နယ် ၊ လေးမျက်နှာဘုရားနှင့် တံခွန်တိုင်အဝိုင်းကြားတို့တွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ် ကုသပေးနေကြောင်း သိရသည်။

” အခုကာလမှာ အထွေထွေရောဂါကုဆေးခန်းတွေလည်းပိတ်ကြတော့ ဖျားနာတာနဲ့ပတ်သက်ပြီး ဆေးရုံကိုလည်းမသွားချင်သူတွေ အထူးသဖြင့်ချို့တဲ့ တဲ့သူတွေအနေနဲ့ ကိုယ့်မြို့နယ်ထဲမှာပြသနိုင်အောင်စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ပေးတာပါ ။ထပ်မံတိုးချဲ့ဖွင့်လှစ်မယ့် အခမဲ့ဖျားနာကုဆေးခန်းတွေမှာ လုပ်အားပေးလိုတဲ့ ဆရာဝန်တွေအနေဖြင့် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး) COVID-19 Response Team ကို ဆက်သွယ်စာရင်းပေးနိုင်ပါတယ် ” ဟု မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်း)မှ ဒေါက်တာ ခင်မောင်ကျော်ကပြောသည် ။

ဆေးခန်းများသို့ လာရောက်ပြသသူများတွင် ဖျားနာသူအများဆုံးဖြစ်ပြီး ချောင်းဆိုးသူ၊ အနံ့မရရှိသူ စသည်ဖြင့် လာရောက်ပြသကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Guide Line ဖြင့် လိုအပ်ပါက ဆေးရုံကြီးသို့ ပို့ဆောင်ပေးနေကြောင်းသိရသည်။
လက်ရှိ COVID-19 ရောဂါကူးစက်မှုပြန်လည်မြင့်တက်လာချိန်တွင်မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်း ဒေသကြီး) တို့ပူးပေါင်း၍ဖျားနာသီးသန့်(ဖျား /နှာစေး /ချောင်းဆိုး/ လည်ချောင်းနာ /အနံ့မရခြင်း စသဖြင့်)ရောဂါများအားလူမျိူး ဘာသာ ကျားမ အသက်အရွယ် မရွေးအခမဲ့ ကုသမှု ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည် ။

ပြည်သူများအနေဖြင့် ဖျားခြင်း ၊ လည်ချောင်းနာခြင်း ၊ချောင်းခြောက်ဆိုးခြင်းများဖြစ်ပေါ်ပါက ဆေးခန်းသို့အခမဲ့လာရောက်ပြသနိုင်ပြီးမိသားစုဆရာဝန်များ၊ Private ဆေးရုံများတွင်လည်း အအေးမိလက္ခဏာဖြင့်လာပြသူလူနာအားလုံးကိုလွှဲပြောင်းပေးရန်အသိပေးထားကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

မႏၲေလးၿမိဳ႕တြင္ ကိုဗစ္ကာလအတြင္း ဖ်ားနာေရာဂါမ်ားအခမဲ႔လာေရာက္ျပသႏိုင္သည့္ Fever Clinic ထပ္မံဖြင့္လွစ္ႏိုင္ရန္ လုပ္အားေပးဆရာဝန္မ်ားလိုအပ္ေနေၾကာင္း ျမန္မာနိုင္ငံဆရာဝန္အသင္း (မႏၲေလးတိုင္းေဒသႀကီး)မွ သိရသည္ ။

လက္ရွိတြင္ အခမဲ့ ဖ်ားနာကုေဆးခန္းမ်ားကို ခ်မ္းျမသာစည္ၿမိဳ့နယ္ ၁၀၇ လမ္း ၅၅/၅၆လမ္းၾကားတြင္ ဖြင့္လွစ္ထားျပီး ေအာင္ေျမသာစံၿမိဳ့နယ္ ၁၂ လမ္း
၇၅/၇၆ လမ္းၾကား ႏွင့္ ျပည္ၾကီးတံခြန္ျမိဳ႕နယ္ ၊ ေလးမ်က္ႏွာဘုရားႏွင့္ တံခြန္တိုင္အဝိုင္းၾကားတို႔တြင္ နံနက္ ၉ နာရီမွ ၁၁ နာရီအထိ ေန႔စဥ္ပိတ္ရက္မရွိ ဖြင့္လွစ္ ကုသေပးေနေၾကာင္း သိရသည္။

” အခုကာလမွာ အေထြေထြေရာဂါကုေဆးခန္းေတြလည္းပိတ္ၾကေတာ႔ ဖ်ားနာတာနဲ႔ပတ္သက္ၿပီး ေဆးရံုကိုလည္းမသြားခ်င္သူေတြ အထူးသျဖင္႔ခ်ိဳ႕တဲ႔ တဲ႔သူေတြအေနနဲ႔ ကိုယ္႔ၿမိဳ႕နယ္ထဲမွာျပသႏိုင္ေအာင္စတဲ႔ရည္ရြယ္ခ်က္ေတြနဲ႔ ဖြင္႔လွစ္ေပးတာပါ ။ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္မယ့္ အခမဲ့ဖ်ားနာကုေဆးခန္းေတြမွာ လုပ္အားေပးလိုတဲ႔ ဆရာဝန္ေတြအေနျဖင့္ ျမန္မာနိုင္ငံဆရာဝန္အသင္း(မႏၲေလး) COVID-19 Response Team ကို ဆက္သြယ္စာရင္းေပးနိုင္ပါတယ္ ” ဟု ျမန္မာနိဳင္ငံဆရာ၀န္အသင္း(မႏၲေလးတိုင္း)မွ ေဒါက္တာ ခင္ေမာင္ေက်ာ္ကေျပာသည္ ။

ေဆးခန္းမ်ားသို႔ လာေရာက္ျပသသူမ်ားတြင္ ဖ်ားနာသူအမ်ားဆံုးျဖစ္ၿပီး ေခ်ာင္းဆိုးသူ၊ အနံ႔မရရွိသူ စသည္ျဖင့္ လာေရာက္ျပသၾကရာ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၏ Guide Line ျဖင့္ လိုအပ္ပါက ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေပးေနေၾကာင္းသိရသည္။
လက္ရွိ COVID-19 ေရာဂါကူးစက္မႈျပန္လည္ျမင္႔တက္လာခ်ိန္တြင္မႏၲေလးတိုင္းေဒသႀကီး က်န္းမာေရး ဦးစီးဌာန ႏွင့္ ျမန္မာနိုင္ငံဆရာဝန္အသင္း(မႏၲေလးတိုင္း ေဒသႀကီး) တို ့ပူးေပါင္း၍ဖ်ားနာသီးသန္႔(ဖ်ား /ႏွာေစး /ေခ်ာင္းဆိုး/ လည္ေခ်ာင္းနာ /အနံ ့မရျခင္း စသျဖင့္)ေရာဂါမ်ားအားလူမ်ိဴး ဘာသာ က်ားမ အသက္အရြယ္ မေရြးအခမဲ့ ကုသမွု ေပးႏိုင္ရန္ ရည္ရြယ္ထားေၾကာင္း သိရသည္ ။

ျပည္သူမ်ားအေနျဖင္႔ ဖ်ားျခင္း ၊ လည္ေခ်ာင္းနာျခင္း ၊ေခ်ာင္းေျခာက္ဆိုးျခင္းမ်ားျဖစ္ေပၚပါက ေဆးခန္းသို႔အခမဲ႔လာေရာက္ျပသႏိုင္ျပီးမိသားစုဆရာဝန္မ်ား၊ Private ေဆး႐ုံမ်ားတြင္လည္း အေအးမိလကၡဏာျဖင့္လာျပသူလူနာအားလုံးကိုလႊဲေျပာင္းေပးရန္အသိေပးထားေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply