မႏၲေလးခရိုင္အတြင္းတြင္ ကိုဗစ္ပိုးေတြ႕လူနာ ၂၁ဝ ဦး ထိရွိလာၿပီဟု သိရ

0
17

မန္တလေးခရိုင်အတွင်းတွင် ကိုဗစ်ပိုးတွေ့လူနာ ၂၁ဝ ဦး ထိရှိလာပြီဟု သိရ

မန္တလေးခရိုင်အတွင်းတွင် အောက်တိုဘာလ ၂ ရက်နေ့ ညပိုင်းအထိ ကိုဗစ်ပိုးတွေ့လူနာ ၂၁၀ ဦးရှိပြီဖြစ်ကြောင်း သိရသည် ။

မန္တလေးခရိုင်အတွင်းရှိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ အောင်မြေသာစံမြို့နယ်တွင် (၄၈)ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် (၄၀)ဦး၊ မဟာအောင်မြေမြို့နယ်တွင် (၄၆)ဦး၊ ချမ်းမြသာစည်မြို့နယ်တွင် (၁၇)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၁၂)ဦး၊ အမရပူရမြို့နယ်တွင် (၃၅)ဦး၊ ပုသိမ်ကြီးမြို့နယ်တွင် (၂၂)ဦးစီ ရှိကြောင်း သိရသည် ။

” လူနာက တစ်ဖြေးဖြေးတိုးလာတယ် ။ ခုတော့ ၂၀၀ ကျော်လောက်ဖြစ်နေပြီ ။ ရောဂါသက်သာလု့ိဆေးရုံးဆင်းသွားတဲ့သူတွေလဲ ရှိတာပေါ့နော် ” ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီးဒေါက်တာစုစုဒွေး ကပြောသည် ။

မန္တလေးခရိုင်အတွင်းရှိ ပိုးတွေ့လူနာများကို ကန်တော်နဒီဆေးရုံနှင့် ကုတင် ၃၀၀ သင်ကြားရေးဆေးရုံများတွင် ကုသပေးလျက်ရှိပြီး ၊ COVID-19 ဓါတ်ခွဲ အတည်ပြုလူနာ ၃၅၀ ဦး နှင့် လက်ရှိ အချိန်အထိ သေဆုံးလူနာ တစ်ယောက်သာရှိသေးသည် ။

မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲ အတည်ပြု လူနာ ၁၅၅၂၅ ဦး ရှိပြီး သေဆုံးသူ ၃၅၃ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်တိုဘာလ ၂ ရက်နေ့ ညပိုင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။

နေသူရိန်လင်း
#TheFifWaveNews

(zawgyi)

မႏၲေလးခရိုင္အတြင္းတြင္ ကိုဗစ္ပိုးေတြ႕လူနာ ၂၁ဝ ဦး ထိရွိလာၿပီဟု သိရ

မႏၱေလးခရိုင္အတြင္းတြင္ ေအာက္တိုဘာလ ၂ ရက္ေန႔ ညပိုင္းအထိ ကိုဗစ္ပိုးေတြ႕လူနာ ၂၁၀ ဦးရွိျပီျဖစ္ေၾကာင္း သိရသည္ ။

မႏၲေလးခရိုင္အတြင္းရွိ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားမွာ ေအာင္ေျမသာစံၿမိဳ့နယ္တြင္ (၄၈)ဦး၊ ခ်မ္းေအးသာစံၿမိဳ့နယ္တြင္ (၄၀)ဦး၊ မဟာေအာင္ေျမၿမိဳ့နယ္တြင္ (၄၆)ဦး၊ ခ်မ္းျမသာစည္ၿမိဳ့နယ္တြင္ (၁၇)ဦး၊ ျပည္ႀကီးတံခြန္ၿမိဳ့နယ္တြင္ (၁၂)ဦး၊ အမရပူရၿမိဳ့နယ္တြင္ (၃၅)ဦး၊ ပုသိမ္ႀကီးၿမိဳ့နယ္တြင္ (၂၂)ဦးစီ ရွိေၾကာင္း သိရသည္ ။

” လူနာက တစ္ေျဖးေျဖးတိုးလာတယ္ ။ ခုေတာ့ ၂၀၀ ေက်ာ္ေလာက္ျဖစ္ေနျပီ ။ ေရာဂါသက္သာလု႔ိေဆးရုံးဆင္းသြားတဲ႔သူေတြလဲ ရွိတာေပါ့ေနာ္ ” ဟု မႏၱေလးအေထြေထြေရာဂါကုေဆးရုံအုပ္ၾကီးေဒါက္တာစုစုေဒြး ကေျပာသည္ ။

မႏၲေလးခရိုင္အတြင္းရွိ ပိုးေတြ႕လူနာမ်ားကို ကန္ေတာ္နဒီေဆး႐ုံႏွင့္ ကုတင္ ၃၀၀ သင္ၾကားေရးေဆး႐ုံမ်ားတြင္ ကုသေပးလ်က္ရွိၿပီး ၊ COVID-19 ဓါတ္ခြဲ အတည္ျပဳလူနာ ၃၅၀ ဦး ႏွင္႔ လက္ရွိ အခ်ိန္အထိ ေသဆုံးလူနာ တစ္ေယာက္သာရွိေသးသည္ ။

ျမန္မာနုိင္ငံတြင္ COVID-19 ဓါတ္ခြဲ အတည္ျပဳ လူနာ ၁၅၅၂၅ ဦး ရွိျပီး ေသဆုံးသူ ၃၅၃ ဦး ရွိခဲ႔ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ၾကီးဌာန ေအာက္တိုဘာလ ၂ ရက္ေန႔ ညပိုင္း သတင္းထုတ္ျပန္ခ်က္ အရ သိရသည္။

ေနသူရိန္လင္း
#TheFifWaveNews

Leave a Reply