Covid ကလအတြင္း ပို႔ကုန္သြင္းကုန္လိုင္စင္ ေစာင္ေရ ႏွစ္ေသာင္းေက်ာ္ ထုတ္ေပးထားၿပီး ေၾကာင္း သိရ

0
15

Covid ကလအတွင်း ပို့ကုန်သွင်းကုန်လိုင်စင် စောင်ရေ နှစ်သောင်းကျော် ထုတ်ပေးထားပြီး ကြောင်း သိရ

အောက်တိုဘာ ၃

COVID-19 အရေးပေါ်ကာလအတွင်း အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်စောင်ရေ နှစ်သောင်းကျော် ထုတ်ပေးပြီးဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှု လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် ဧပြီလ ၁ ရက်မှ စတင်၍ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်များအား အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ထုတ်ပေး လျက်ရှိရာ စက်တင်ဘာလ ၂၄ ရက်ထိ ပို့ကုန်သွင်းကုန် လိုင်စင်စောင်ရေ (၂၃၆၀၀ ) တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ (၇ ဒသမ ၆)ဘီယံကျော်ဖိုးကို ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး(Covid-19) မှာ ပျံ့ပွားလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့် ပြည်သူများထံသို့ ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများတွင် လူလူချင်း ထိတွေ့မှုများ ဟန့်တားနိုင်ရေး၊ ပိုးကူးစက်မှုများအား လျှော့ထားနိုင်ရေး အတွက် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုကို ဧပြီလ ၁ ရက်မှ စတင်၍ အွန်လိုင်းမှ လျှောက်ထားခြင်း ၊ ထုတ်ပေးခြင်း လုပ်ငန်းစဉ်များကို စတင်ခွင့်ပြု ဆောင်ရွက် ပေးနေခြင်းဖြစ်သည်။

သို့ဖြစ်၍ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ရုံးဌာနသို့ လာရောက်ရန် မလိုဘဲ အင်တာနက် ရရှိသည့် မည်သည့်နေရာတွင်မဆို လိုင်စင် လျှောက်ထားခြင်း ၊ငွေကြေးပေးသွင်းခြင်း ၊ လိုင်စင်ပြန်လည်ထုတ်ယူခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယခင်ထုတ်ပေး ဆောင်ရွက်လျက်ရှိသည့် CMP(အထည်ချုပ်) သွင်းကုန်လိုင်စင်များအပြင် လျှောက်ထားမှု အရေအတွက် အများဆုံးဖြစ်ပြီး ပြည်သူလူထုအတွက် လိုအပ်မည့်ပစ္စည်းများ သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးနှင့် ဆေးပစ္စည်းများ ၊ဆေးရုံသုံးစက်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဓာတ်မြေသြဇာ ၊စားအုန်းဆီနှင့် ဆီထွက်ကုန်ပစ္စည်းများ ၊နို့နှင့်နိုထွက်ပစ္စည်းများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ စွမ်းအင်သုံး ပစ္စည်းများ၊ ချောဆီ၊ ဆိုင်ကယ်စက်ဘီးများ နှင့် ပို့ကုန်အတွက် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ၊ခဲသတ္တူ ၊သကြား ၊သဘာဝဓာတ်ငွေ့များ အပါအဝင် အခြား သွင်းကုန် ပို့ကုန်ပစ္စည်းများကိုလည်း ထုတ်ပေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

ေအာက္တိုဘာ ၃

COVID-19 အေရးေပၚကာလအတြင္း အြန္လိုင္းစနစ္ျဖင့္ ပို႔ကုန္သြင္းကုန္ လိုင္စင္ေစာင္ေရ ႏွစ္ေသာင္းေက်ာ္ ထုတ္ေပးၿပီးျဖစ္ေၾကာင္း ကုန္သြယ္ေရး ဦးစီးဌာနမွ သိရသည္။

ကုန္သြယ္ေရးဦးစီးဌာနအေနျဖင့္ COVID-19 အေရးေပၚကာလအတြင္း ကုန္သြယ္မွု လုပ္ငန္းမ်ား အဆင္ေျပ ေခ်ာေမြ႕ေစရန္အတြက္ ဧၿပီလ ၁ ရက္မွ စတင္၍ ပို႔ကုန္သြင္းကုန္လိုင္စင္ ပါမစ္မ်ားအား အြန္လိုင္းစနစ္ျဖင့္ တိုးခ်ဲ႕ထုတ္ေပး လ်က္ရွိရာ စက္တင္ဘာလ ၂၄ ရက္ထိ ပို႔ကုန္သြင္းကုန္ လိုင္စင္ေစာင္ေရ (၂၃၆၀၀ ) တန္ဖိုးအားျဖင့္ အေမရိကန္ ေဒၚလာ (၇ ဒသမ ၆)ဘီယံေက်ာ္ဖိုးကို ထုတ္ေပးခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။

လက္ရွိ ျမန္မာနိုင္ငံ အပါအဝင္ ကမၻာ့ေနရာ အႏွံ႔အျပားတြင္ ကိုရိုနာဗိုင္းရပ္စ္ပိုး(Covid-19) မွာ ပ်ံ႕ပြားလ်က္ရွိၿပီး စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ကုန္သြယ္ေရး ဦးစီးဌာနအေနျဖင့္ ျပည္သူမ်ားထံသို႔ ဝန္ေဆာင္မွု ေပးသည့္ လုပ္ငန္းမ်ားတြင္ လူလူခ်င္း ထိေတြ႕မွုမ်ား ဟန္႔တားနိုင္ေရး၊ ပိုးကူးစက္မွုမ်ားအား ေလၽွာ့ထားနိုင္ေရး အတြက္ ပို႔ကုန္သြင္းကုန္လိုင္စင္ ေလၽွာက္ထားမွုကို ဧၿပီလ ၁ ရက္မွ စတင္၍ အြန္လိုင္းမွ ေလၽွာက္ထားျခင္း ၊ ထုတ္ေပးျခင္း လုပ္ငန္းစဥ္မ်ားကို စတင္ခြင့္ျပဳ ေဆာင္ရြက္ ေပးေနျခင္းျဖစ္သည္။

သို႔ျဖစ္၍ ကုန္သည္လုပ္ငန္းရွင္မ်ားအေနျဖင့္ ႐ုံးဌာနသို႔ လာေရာက္ရန္ မလိုဘဲ အင္တာနက္ ရရွိသည့္ မည္သည့္ေနရာတြင္မဆို လိုင္စင္ ေလၽွာက္ထားျခင္း ၊ေငြေၾကးေပးသြင္းျခင္း ၊ လိုင္စင္ျပန္လည္ထုတ္ယူျခင္းမ်ားကို ေဆာင္ရြက္နိုင္မည္ျဖစ္သည္။

ယခင္ထုတ္ေပး ေဆာင္ရြက္လ်က္ရွိသည့္ CMP(အထည္ခ်ဳပ္) သြင္းကုန္လိုင္စင္မ်ားအျပင္ ေလၽွာက္ထားမွု အေရအတြက္ အမ်ားဆုံးျဖစ္ၿပီး ျပည္သူလူထုအတြက္ လိုအပ္မည့္ပစၥည္းမ်ား သြင္းကုန္ပစၥည္းမ်ားျဖစ္သည့္ ေဆးႏွင့္ ေဆးပစၥည္းမ်ား ၊ေဆး႐ုံသုံးစက္ပစၥည္းမ်ား၊ စားေသာက္ကုန္ပစၥည္းမ်ား၊ ဓာတ္ေျမၾသဇာ ၊စားအုန္းဆီႏွင့္ ဆီထြက္ကုန္ပစၥည္းမ်ား ၊နို့ႏွင့္နိုထြက္ပစၥည္းမ်ား၊ အီလက္ထေရာနစ္ ပစၥည္းမ်ား၊ စြမ္းအင္သုံး ပစၥည္းမ်ား၊ ေခ်ာဆီ၊ ဆိုင္ကယ္စက္ဘီးမ်ား ႏွင့္ ပို့ကုန္အတြက္ စိုက္ပ်ိဳးေရးထြက္ကုန္ပစၥည္းမ်ား ၊ခဲသတၱဴ ၊သၾကား ၊သဘာဝဓာတ္ေငြ႕မ်ား အပါအဝင္ အျခား သြင္းကုန္ ပို႔ကုန္ပစၥည္းမ်ားကိုလည္း ထုတ္ေပးေဆာင္ရြက္ သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply