ရန္ကုန္ကို Complete Lockdown လုပ္ရန္ မ႐ွိေသး

0
23

ရန်ကုန်ကို Complete Lockdown လုပ်ရန် မရှိသေး

ရန်ကုန်တိုင်းဒေသကြီး ကို Complete Lockdown လုပ်ရန် မရှိသေးကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး ကပြောသည်။

“COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ လတ်တလောမှာ ရန်ကုန်ကို Complete Lockdown လုပ်ဖို့ မရှိသေးပါဘူး။ ယခင် ထုတ်ပြန်ထားတဲ့အတိုင်း Strictly Stay Home ကိုပဲ ကြပ်ကြပ်မတ်မတ် လိုက်နာ ဆောင်ရွက်ခိုင်းထားပါတယ်” ဟု ဦးဇော်ဌေး ကပြောသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး တွင် ကိုဗစ် ၁၉ ရောဂါ အများအပြားတွေ့ရှိထားသည့် အတွက် ကိုကိုးကျွန်း မြို့နယ်မှ လွှဲ၍ အခြားမြို့နယ်များ Stay Home နေထိုင်ရန် ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် စက်တင်ဘာလ ၂၂ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ မြို့နယ်ကျော်သွားလာခွင့် ကိုလည်း တားမြစ်ထားကြောင်းသိရသည်။

ကိုဗစ် ၁၉ ကူးစက်ခံရသူ သည် အောက်တိုဘာလ ၂ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ ကူးစက်ခံရသူ ၁၅၅၂၅ သေဆုံးသူ ၃၅၃ဦးရှိကြောင်း သိရသည်။

ယဉ်ကေနွယ်

ဓာတ္ပံု ဦးခင္ေမာင္ဝင္း (ေရႊအင္းသား)
#TheFifthWaveNews

(zawgyi)

ရန္ကုန္ကို Complete Lockdown လုပ္ရန္ မ႐ွိေသး

ရန္ကုန္တိုင္းေဒသႀကီး ကို Complete Lockdown လုပ္ရန္ မ႐ွိေသးေၾကာင္း သမၼတရံုး၏ ေျပာေရးဆိုခြင့္ ႐ွိသူ ဦးေဇာ္ေဌး ကေျပာသည္။

“COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနအေနနဲ႔ လတ္တေလာမွာ ရန္ကုန္ကို Complete Lockdown လုပ္ဖို့ မရွိေသးပါဘူး။ ယခင္ ထုတ္ျပန္ထားတဲ့အတိုင္း Strictly Stay Home ကိုပဲ ၾကပ္ၾကပ္မတ္မတ္ လိုက္နာ ေဆာင္ရြက္ခိုင္းထားပါတယ္” ဟု ဦးေဇာ္ေဌး ကေျပာသည္။

လက္႐ွိ ရန္ကုန္တိုင္းေဒသႀကီး တြင္ ကိုဗစ္ ၁၉ ေရာဂါ အမ်ားအျပားေတြ႔႐ွိထားသည့္ အတြက္ ကိုကိုးကြၽန္း ၿမိဳ႕နယ္မွ လႊဲ၍ အျခားၿမိဳ႕နယ္မ်ား Stay Home ေနထိုင္ရန္ ထုတ္ျပန္ေၾကညာထားသည္။

ထို႔ျပင္ စက္တင္ဘာလ ၂၂ရက္ေန႔မွ ေအာက္တိုဘာလ ၇ ရက္ေန႔အထိ ၿမိဳ႕နယ္ေက်ာ္သြားလာခြင့္ ကိုလည္း တားျမစ္ထားေၾကာင္းသိရသည္။

ကိုဗစ္ ၁၉ ကူးစက္ခံရသူ သည္ ေအာက္တိုဘာလ ၂ ရက္ေန႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ၏ ထုတ္ျပန္ေၾကညာခ်က္အရ ကူးစက္ခံရသူ ၁၅၅၂၅ ေသဆံုးသူ ၃၅၃ဦး႐ွိေၾကာင္း သိရသည္။

ယဥ္ေကႏြယ္

ဓာတ္ပံု ဦးခင္ေမာင္ဝင္း (ေရႊအင္းသား)
#TheFifthWaveNews

Leave a Reply