ရမည္းသင္း စစ္ေဆးေရးဂိတ္တြင္ ကုန္တင္ယာဥ္ေမာင္းရွစ္ဦး COVID ပိုးေတြ႕

0
21

ရမည်းသင်း စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းရှစ်ဦး COVID ပိုးတွေ့

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် သဲကွဲကုန်တင်ယာဉ် ကျန်းမာရေးဆိုင်ရာစစ်ဆေးရေးဂိတ် ၌ ဆေးစစ်မှုခံယူခဲ့သည် ကုန်တင်ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက် ၈၄၁ ဦးအနက် ရှစ်ဦးထံတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အောက်တိုဘာ ၂ ရက်က ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၄၀၀ ဦးကျော်ကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ လေးဦးတွေ့ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်မွန်းလွဲပိုင်းအထိ ဆေးစစ်ခံသူ ၂၀၀ ဦးကျော်အနက် လူနာလေးဦး တွေ့ရှိခဲ့ကြောင်းသိရသည် ။

” သူတို့က အနံ့မရတာတစ်ခုပဲရှိတယ် ။ စစ်လိုက်တော့ Positive ထွက်တာပေါ့ ။ အမှန်က သူတို့က ထောက်ခံချက်ပါမှလာရမှာ ။ နားမထောင်ကြဘူး ။ ပါမလာတော့ ဒီမှာ အခက်အခဲတွေဖြစ်ကုန်တယ် ” ဟု ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးဇော်မင်းဟန်ကပြောသည် ။

ကုန်တင်ယာဉ်မောင်း၊ယာဉ်နောက်လိုက်များ အနေနှင့် သက်ဆိုင်ရာမြို့နယ်များတွင် ကျန်းမာရေးထောက်ခံချက် ရယူလာခြင်းမရှိသည့်အတွက် ရမည်းသင်းမြို့တွင် လူစုလူဝေးနှင့် ယာဉ်များပိတ်ဆို့ခဲ့ရခြင်းဖြစ်ပေါ်ခဲ့သည် ။

လတ်တလောကာလ၌ ကုန်စည်စီးဆင်းမှု ပုံမှန်ဖြစ်စေရန် အရေးပေါ်စီမံချက်ဖြင့် ရမည်းသင်းမြို့နယ်တွင် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကိုCOVID ပိုးရှိမရှိ အခမဲ့စစ်ဆေးပေးနေခြင်း ဖြစ်သည်။

COVID ပိုးရှိမရှိစစ်ဆေးပြီးဖြစ်သည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ မောင်းနှင် လာသည့်ကုန်တင်ယာဉ်အရေအတွက်မှာ အောက်တိုဘာ ၂ ရက်က ကုန်တင်ယာဉ် ၂၁၀ စီး၊ အောက်တိုဘာ ၃ ရက်နေ့မွန်းလွဲပိုင်းအထိ ကုန်တင်ယာဉ် ၁၀၂ စီးတို့ကို စစ်ဆေး စေလွှတ်ပေးခဲ့ကြောင်း သိရသည် ။

ရမည်းသင်းမြို့ သဲကွဲစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၄ ရက်အထိ စစ်ဆေးရမည့် ကုန်တင်ယာဉ်အစီးရေ ၁၀၀ ကျော် ကျန်ရှိနေသေးကြောင်းသိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

မႏၲေလးတိုင္း ရမည္းသင္းၿမိဳ႕နယ္ သဲကြဲကုန္တင္ယာဥ္ က်န္းမာေရးဆိုင္ရာစစ္ေဆးေရးဂိတ္ ၌ ေဆးစစ္မႈခံယူခဲ့သည္ ကုန္တင္ယာဥ္ေမာင္း ႏွင့္ယာဥ္ေနာက္လိုက္ ၈၄၁ ဦးအနက္ ရွစ္ဦးထံတြင္ ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း ရမည္းသင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးထံမွ သိရသည္။

ေအာက္တိုဘာ ၂ ရက္က ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ ၄၀၀ ဦးေက်ာ္ကို စစ္ေဆးခဲ့ရာ အတည္ျပဳလူနာ ေလးဦးေတြ႕ရွိခဲ့ၿပီး ေအာက္တိုဘာ ၃ ရက္မြန္းလြဲပိုင္းအထိ ေဆးစစ္ခံသူ ၂၀၀ ဦးေက်ာ္အနက္ လူနာေလးဦး ေတြ႕ရွိခဲ့ေၾကာင္းသိရသည္ ။

” သူတို႔က အနံ႔မရတာတစ္ခုပဲရွိတယ္ ။ စစ္လိုက္ေတာ့ Positive ထြက္တာေပါ့ ။ အမွန္က သူတို႔က ေထာက္ခံခ်က္ပါမွလာရမွာ ။ နားမေထာင္ၾကဘူး ။ ပါမလာေတာ့ ဒီမွာ အခက္အခဲေတြျဖစ္ကုန္တယ္ ” ဟု ရမည္းသင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးဦးေဇာ္မင္းဟန္ကေျပာသည္ ။

ကုန္တင္ယာဥ္ေမာင္း၊ယာဥ္ေနာက္လိုက္မ်ား အေနႏွင့္ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားတြင္ က်န္းမာေရးေထာက္ခံခ်က္ ရယူလာျခင္းမရွိသည့္အတြက္ ရမည္းသင္းၿမိဳ႕တြင္ လူစုလူေဝးႏွင့္ ယာဥ္မ်ားပိတ္ဆို႔ခဲ့ရျခင္းျဖစ္ေပၚခဲ့သည္ ။

လတ္တေလာကာလ၌ ကုန္စည္စီးဆင္းမႈ ပုံမွန္ျဖစ္ေစရန္ အေရးေပၚစီမံခ်က္ျဖင့္ ရမည္းသင္းၿမိဳ႕နယ္တြင္ ကုန္တင္ယာဥ္ေမာင္းႏွင့္ယာဥ္ေနာက္လိုက္မ်ားကိုCOVID ပိုးရွိမရွိ အခမဲ့စစ္ေဆးေပးေနျခင္း ျဖစ္သည္။

COVID ပိုးရွိမရွိစစ္ေဆးၿပီးျဖစ္သည့္ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္တို႔ ေမာင္းႏွင္ လာသည့္ကုန္တင္ယာဥ္အေရအတြက္မွာ ေအာက္တိုဘာ ၂ ရက္က ကုန္တင္ယာဥ္ ၂၁၀ စီး၊ ေအာက္တိုဘာ ၃ ရက္ေန႔မြန္းလြဲပိုင္းအထိ ကုန္တင္ယာဥ္ ၁၀၂ စီးတို႔ကို စစ္ေဆး ေစလႊတ္ေပးခဲ့ေၾကာင္း သိရသည္ ။

ရမည္းသင္းၿမိဳ႕ သဲကြဲစစ္ေဆးေရးဂိတ္တြင္ စက္တင္ဘာ ၄ ရက္အထိ စစ္ေဆးရမည့္ ကုန္တင္ယာဥ္အစီးေရ ၁၀၀ ေက်ာ္ က်န္ရွိေနေသးေၾကာင္းသိရသည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply