မႏၲေလးတြင္ COVID အတည္ျပဳလူနာ တစ္ဦး ထပ္မံေသဆုံး

0
20

မန္တလေးတွင် COVID အတည်ပြုလူနာ တစ်ဦး ထပ်မံသေဆုံး

မန္တလေးတွင် COVID အတည်ပြုလူနာ တစ်ဦးဖြစ်သည့် အောင်မြေသာစံမြို့နယ်နေ အ သက်(၇၆) နှစ်အရွယ် အဘိုးတစ်ဦး အောက်တိုဘာ (၃)ရက်တွင် သေဆုံး ခဲ့ကြောင်း မန္တလေး အထွေထွေရောဂါကုဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။

သေဆုံးသူသည် ဖျားနာနေသည်ဟုဆိုကာ အောက်တိုဘာ၃ရက် နံနက်၁နာရီခွဲခန့်တွင် မန္တလေးဆေးရုံကြီးသို့ လာရောက်ပြသခဲ့ပြီး နာရီပိုင်းအကြာ နံနက်(၃)နာရီကျော်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည် ။

” သူက ဖျားနေတာ တော်တော်ကြာပြီးမှ ဆေးရုံကိုလာကုတာ ။ သူလာတဲ့ချိန်ကလဲ တော်တော်အခြေအနေဆိုးနေပြီ ။ သူမှာ ပိုးရှိမရှိစစ်ဆေးလိုက်တာ သူ့မှာပိုးတွေ့တယ် ။ သူသေဆုံးပြီးမှစစ်တာပါ ” ဟု ဒေါက်တာစုစုဒွေးကပြောသည် ။

အဆိုပါ သေဆုံးသူသည် အောင်မြေသာစံမြို့နယ် အောင်မြေသာစံရပ်ကွက် (အောင်မြေသာစံရပ်ကွက်သည် ၁၉လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းဝန်းကျင်)တွင် နေထိုင်သူ ဖြစ် ကြောင်းသိရသည် ။

ပြီးခဲ့သည့် စက်တင်ဘာ(၁၆)ရက်ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ အသက်(၈၀)အရွယ် ဆီးချိုနှင့် သွေး တိုးရောဂါ အခံရှိသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးသည်။

မန္တလေးခရိုင် (၇)မြို့နယ်အတွင်းတွင် COVID အတည်ပြုလူနာ ၂၁၀ ဦး ကျော် ရှိပြီး မန္တလေးတိုင်းအတွင်းမှာတော့ COVID အတည်ပြုလူနာ ၃၅၀ ဦးကျော် ရှိကာ နှစ်ဦးသေဆုံးခဲ့သည် ။

မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲ အတည်ပြု လူနာ ၁၆၅၀၃ ဦး ရှိပြီး သေဆုံးသူ ၃၇၁ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန အောက်တိုဘာလ ၃ ရက် ညပိုင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

မႏၲေလးတြင္ COVID အတည္ျပဳလူနာ တစ္ဦးျဖစ္သည့္ ေအာင္ေျမသာစံၿမိဳ႕နယ္ေန အ သက္(၇၆) ႏွစ္အ႐ြယ္ အဘိုးတစ္ဦး ေအာက္တိုဘာ (၃)ရက္တြင္ ေသဆုံး ခဲ့ေၾကာင္း မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံ၊ ေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာသည္။

ေသဆုံးသူသည္ ဖ်ားနာေနသည္ဟုဆိုကာ ေအာက္တိုဘာ၃ရက္ နံနက္၁နာရီခြဲခန႔္တြင္ မႏၲေလးေဆး႐ုံႀကီးသို႔ လာေရာက္ျပသခဲ့ၿပီး နာရီပိုင္းအၾကာ နံနက္(၃)နာရီေက်ာ္တြင္ ေသဆုံးခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္ ။

” သူက ဖ်ားေနတာ ေတာ္ေတာ္ၾကာၿပီးမွ ေဆး႐ုံကိုလာကုတာ ။ သူလာတဲ့ခ်ိန္ကလဲ ေတာ္ေတာ္အေျခအေနဆိုးေနၿပီ ။ သူမွာ ပိုးရွိမရွိစစ္ေဆးလိုက္တာ သူ႔မွာပိုးေတြ႕တယ္ ။ သူေသဆုံးၿပီးမွစစ္တာပါ ” ဟု ေဒါက္တာစုစုေဒြးကေျပာသည္ ။

အဆိုပါ ေသဆုံးသူသည္ ေအာင္ေျမသာစံၿမိဳ႕နယ္ ေအာင္ေျမသာစံရပ္ကြက္ (ေအာင္ေျမသာစံရပ္ကြက္သည္ ၁၉လမ္း၊ ၈၆လမ္းႏွင့္ ၈၇လမ္းဝန္းက်င္)တြင္ ေနထိုင္သူ ျဖစ္ ေၾကာင္းသိရသည္ ။

ၿပီးခဲ့သည့္ စက္တင္ဘာ(၁၆)ရက္ကလည္း မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ေန အသက္(၈၀)အ႐ြယ္ ဆီးခ်ိဳႏွင့္ ေသြး တိုးေရာဂါ အခံရွိသူ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ေသးသည္။

မႏၲေလးခ႐ိုင္ (၇)ၿမိဳ႕နယ္အတြင္းတြင္ COVID အတည္ျပဳလူနာ ၂၁၀ ဦး ေက်ာ္ ရွိၿပီး မႏၲေလးတိုင္းအတြင္းမွာေတာ့ COVID အတည္ျပဳလူနာ ၃၅၀ ဦးေက်ာ္ ရွိကာ ႏွစ္ဦးေသဆုံးခဲ့သည္ ။

ျမန္မာႏိုင္ငံတြင္ COVID-19 ဓါတ္ခြဲ အတည္ျပဳ လူနာ ၁၆၅၀၃ ဦး ရွိၿပီး ေသဆုံးသူ ၃၇၁ ဦး ရွိခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အား ကစားဝန္ႀကီးဌာန ေအာက္တိုဘာလ ၃ ရက္ ညပိုင္း သတင္းထုတ္ျပန္ခ်က္ အရ သိရသည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply