စစ္ကိုင္းတိုင္းအတြင္း ျဖတ္သန္းသြားမည့္ ကုန္တင္ယာဥ္မ်ား COVID ကင္းစင္ေၾကာင္း ေထာက္ခံစာပါမွသာ သြားခြင့္ျပဳမည္

0
14

စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားမည့် ကုန်တင်ယာဉ်များ COVID ကင်းစင်ကြောင်း ထောက်ခံစာပါမှသာ သွားခွင့်ပြုမည်

စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားမည့် ကုန်တင်ယာဉ်များအနေဖြင့် ယာဉ်မောင်း ယာဉ်နောက်လိုက်များသည် COVID ကင်းစင်ကြောင်း ထောက်ခံစာပါမှသာ သွားခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးသို့ ဖြတ်သန်းသွားလာကြမည့်ကုန်တင်ယာဉ်များ၊စစ်ကိုင်းတိုင်းဒေသကြီးသို့ ကုန်ပစ္စည်းလာရောက်ပို့ဆောင်ကြမည့် ကုန်တင်ယာဉ်အားလုံး၏ ယာဉ်မောင်း ၊ယာဉ်နောက်လိုက်များ တွင် COVID-19 ရောဂါပိုး မတွေ့ရှိ (Negative) ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက (၂)ပတ်အတွင်း ထုတ်ပေးထားသည့် ထောက်ခံချက်(လိုင်စင်ဓာတ်ပုံ)ပါရှိမှသာ ဖြတ်သန်းခွင့်ပြု ဝောာ့မည်ဖြစ်ကြောင်း သိရသည်။

” ကျန်းမာရေးထောက်ခံချက်ပါမှ သာသွားလာဖြတ်သန်းခွင့်ပြုတော့မှာပါ ။ စစ်ကိုင်းမြို့နယ်အတွင်းက ကုန်တင်ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေကိုလည်း စစ်ကိုင်းမြို့နှစ်၇၀၀ ကွင်းမှာ ကို‌ဗစ်စစ်ဆေးပေးဖို့ ခရိုင်ပြည်သူ့ကျန်းမာနဲ့စီစဉ်နေပါတယ် ” စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှုးဦးကျော်ခိုင်ထွန်းကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းကြေးနီစီမံကိန်းသို့ ပစ္စည်းလာပို့သော ရန်ကုန်မှ တွဲကားယာဉ်‌မောင်း၊ယာဉ်နောက်လိုက် ၂၇ဦး အား မုံရွာမြို့၌ Quarantine ထားရှိ၍ Swab ယူစစ်ဆေးရာ ၇ ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိခဲ့သေးသည် ။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မန္တ လေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊အမရပူရမြို့နယ်များအား နေအိမ်တွင်နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း စက်တင်ဘာ ၂၅ညပိုင်းတွင်သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ပြီးနောက် စစ်ကိုင်းခရိုင် Covid-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ စစ်ကိုင်း-မန္တလေး ခရီးသွားပြည်သူများအား ခရီးသွားထောက်ခံစာပါမှ သွားလာခွင့်ပြုခြင်းများအား စက်တင်ဘာ ၂၇မှစတင်ကာဆောင်ရွက်ခဲ့သည် ။

ထို့ပြင် အင်းဝ(စစ်ကိုင်း)တံတား အား ကား၊ဆိုင်ကယ်ဖြတ်သန်းခွင့်ယာယီပိတ်၍ ဧရာဝတီတံတား (ရတနာပုံ) မှသာ ခရီးသွားထောက်ခံစာဖြင့် သွားလာဖြတ်သန်း‌ခွင့်ပြုနေကြောင်းသိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

စစ္ကိုင္းတိုင္းအတြင္း ျဖတ္သန္းသြားမည့္ ကုန္တင္ယာဥ္မ်ားအေနျဖင့္ ယာဥ္ေမာင္း ယာဥ္ေနာက္လိုက္မ်ားသည္ COVID ကင္းစင္ေၾကာင္း ေထာက္ခံစာပါမွသာ သြားခြင့္ျပဳမည္ျဖစ္ေၾကာင္း စစ္ကိုင္းၿမိဳ့နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

စစ္ကိုင္းတိုင္းေဒသႀကီးသို႔ ျဖတ္သန္းသြားလာၾကမည့္ကုန္တင္ယာဥ္မ်ား၊စစ္ကိုင္းတိုင္းေဒသႀကီးသို႔ ကုန္ပစၥည္းလာေရာက္ပို႔ေဆာင္ၾကမည့္ ကုန္တင္ယာဥ္အားလုံး၏ ယာဥ္ေမာင္း ၊ယာဥ္ေနာက္လိုက္မ်ား တြင္ COVID-19 ေရာဂါပိုး မေတြ႕ရွိ (Negative) ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက (၂)ပတ္အတြင္း ထုတ္ေပးထားသည့္ ေထာက္ခံခ်က္(လိုင္စင္ဓာတ္ပုံ)ပါရွိမွသာ ျဖတ္သန္းခြင့္ျပဳ ေဝာာ့မည္ျဖစ္ေၾကာင္း သိရသည္။

” က်န္းမာေရးေထာက္ခံခ်က္ပါမွ သာသြားလာျဖတ္သန္းခြင့္ျပဳေတာ့မွာပါ ။ စစ္ကိုင္းၿမိဳ့နယ္အတြင္းက ကုန္တင္ယာဥ္ေမာင္း၊ယာဥ္ေနာက္လိုက္ေတြကိုလည္း စစ္ကိုင္းၿမိဳ့ႏွစ္၇၀၀ ကြင္းမွာ ကို‌ဗစ္စစ္ေဆးေပးဖို့ ခရိုင္ျပည္သူ႔က်န္းမာနဲ႔စီစဥ္ေနပါတယ္ ” စစ္ကိုင္းၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွုးဦးေက်ာ္ခိုင္ထြန္းကေျပာသည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းတြင္ စစ္ကိုင္းတိုင္းေဒသႀကီး လက္ပံေတာင္းေၾကးနီစီမံကိန္းသို့ ပစၥည္းလာပို့ေသာ ရန္ကုန္မွ တြဲကားယာဥ္‌ေမာင္း၊ယာဥ္ေနာက္လိုက္ ၂၇ဦး အား မုံရြာၿမိဳ့၌ Quarantine ထားရွိ၍ Swab ယူစစ္ေဆးရာ ၇ ဦးတြင္ Covid-19 ေရာဂါပိုးေတြ႕ရွိခဲ့ေသးသည္ ။
က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ မႏၲ ေလးတိုင္းေဒသႀကီး မဟာေအာင္ေျမၿမိဳ့နယ္၊ ခ်မ္းေအးသာစံၿမိဳ့နယ္၊အမရပူရၿမိဳ့နယ္မ်ားအား ေနအိမ္တြင္ေနထိုင္ေရး Stay at Home အစီအစဥ္တြင္ အက်ဳံး၀င္ေၾကာင္း စက္တင္ဘာ ၂၅ညပိုင္းတြင္သတင္းထုတ္ျပန္ခဲ့သည္။

အဆိုပါသတင္းထုတ္ျပန္ၿပီးေနာက္ စစ္ကိုင္းခရိုင္ Covid-19ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီမွ စစ္ကိုင္း-မႏၲေလး ခရီးသြားျပည္သူမ်ားအား ခရီးသြားေထာက္ခံစာပါမွ သြားလာခြင့္ျပဳျခင္းမ်ားအား စက္တင္ဘာ ၂၇မွစတင္ကာေဆာင္ရြက္ခဲ႔သည္ ။

ထို႔ျပင္ အင္း၀(စစ္ကိုင္း)တံတား အား ကား၊ဆိုင္ကယ္ျဖတ္သန္းခြင့္ယာယီပိတ္၍ ဧရာ၀တီတံတား (ရတနာပုံ) မွသာ ခရီးသြားေထာက္ခံစာျဖင့္ သြားလာျဖတ္သန္း‌ခြင့္ျပဳေနေၾကာင္းသိရသည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply