COVID-19 လကၡဏာမ်ားခံစားေနရသည့္လႊတ္ေတာ္အမတ္တစ္ေယာက္ ၿဗိတိန္ေအာက္လႊတ္ေတာ္ အစည္းအေ၀းတက္

0
13

COVID-19 လက္ခဏာများခံစားနေရသည့်လွှတ်တော်အမတ်တစ်ယောက် ဗြိတိန်အောက်လွှတ်တော် အစည်းအဝေးတက်

ဂလပ်စကို

အက်အန်ပီပါတီ SNP မှလွှတ်တော်အမတ်တစ်ယောက်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လက္ခဏာများရှိနေသော်လည်း ဗြိတိန်အောက်လွှတ်တော်အစည်းအဝေးတက်ခဲ့ခြင်းအတွက် မဖြစ်မနေအရေးယူရမည်ဟု စကော့တလန်ဝန်ကြီးချုပ် နီကိုလာ စတာဂျီယွန် ကပြောသည်။

နေကောင်းနေသဖြင့် လွှတ်တော်တက်ခဲ့ခြင်းဖြစ်သော်လည်း ကူးစက်ခံရကြောင်း ရလဒ်ထွက်လာပြီးနောက် အိမ်ပြန်ခဲ့သည်ဟု လွှတ်တော်အမတ် မာဂရက် ဖာရီရာကပြောသည်။

ပါတီတာဝန်များရပ်ဆိုင်းထားပြီးနောက် အက်အန်ပီပါတီနှင့်အတိုက်အခံပါတီများက သူ့ကို နုတ်ထွက်ရန်တောင်းဆိုနေသည်။

တာဝန်ရပ်ဆိုင်းထားမှုကိုထောက်ခံကြောင်း စတာဂျီယွန် က တွစ်တာတွင်ပြောသည်။

အပျော့စားရောဂါလက္ခဏာများရှိသဖြင့် ဖာရီရာက စနေနေ့တွင် စမ်းသပ်မှုခံယူခဲ့ပြီး တနင်္လာနေ့တွင် နေကောင်းသဖြင့် လန်ဒန်သို့သွားခဲ့သည်။

အင်္ဂါနေ့တွင် ရထားဖြင့် စကော့တလန်သို့ပြန်ခဲ့ပြီး စမ်းသပ်မှုရလဒ်တွင် ကူးစက်ကြောင်းအဖြေထွက်ထားလျက် အများပြည်သူသုံးပို့ဆောင်ရေးစနစ်အသုံးပြုသဖြင့် ဝေဖန်မှုများလည်းရှိနေသည်။

Source – BBC
ဥက္ကာ
#TheFifthWaveNews
Photo – BBC

(zawgyi)

ဂလပ္စကို

အက္အန္ပီပါတီ SNP မွလႊတ္ေတာ္အမတ္တစ္ေယာက္သည္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသည့္ လကၡဏာမ်ား႐ွိေနေသာ္လည္း ၿဗိတိန္ေအာက္လႊတ္ေတာ္အစည္းအေ၀းတက္ခဲ့ျခင္းအတြက္ မျဖစ္မေနအေရးယူရမည္ဟု စေကာ့တလန္၀န္ႀကီးခ်ဳပ္ နီကိုလာ စတာဂ်ီယြန္ ကေျပာသည္။

ေနေကာင္းေနသျဖင့္ လႊတ္ေတာ္တက္ခဲ့ျခင္းျဖစ္ေသာ္လည္း ကူးစက္ခံရေၾကာင္း ရလဒ္ထြက္လာၿပီးေနာက္ အိမ္ျပန္ခဲ့သည္ဟု လႊတ္ေတာ္အမတ္ မာဂရက္ ဖာရီရာကေျပာသည္။

ပါတီတာ၀န္မ်ားရပ္ဆိုင္းထားၿပီးေနာက္ အက္အန္ပီပါတီႏွင့္အတိုက္အခံပါတီမ်ားက သူ႔ကို ႏုတ္ထြက္ရန္ေတာင္းဆိုေနသည္။

တာ၀န္ရပ္ဆိုင္းထားမႈကိုေထာက္ခံေၾကာင္း စတာဂ်ီယြန္ က တြစ္တာတြင္ေျပာသည္။

အေပ်ာ့စားေရာဂါလကၡဏာမ်ား႐ွိသျဖင့္ ဖာရီရာက စေနေန႔တြင္ စမ္းသပ္မႈခံယူခဲ့ၿပီး တနလၤာေန႔တြင္ ေနေကာင္းသျဖင့္ လန္ဒန္သို႔သြားခဲ့သည္။

အဂၤါေန႔တြင္ ရထားျဖင့္ စေကာ့တလန္သို႔ျပန္ခဲ့ၿပီး စမ္းသပ္မႈရလဒ္တြင္ ကူးစက္ေၾကာင္းအေျဖထြက္ထားလ်က္ အမ်ားျပည္သူသံုးပို႔ေဆာင္ေရးစနစ္အသံုးျပဳသျဖင့္ ေ၀ဖန္မႈမ်ားလည္း႐ွိေနသည္။

Source – BBC
ဥကၠာ
#TheFifthWaveNews
Photo – BBC

Leave a Reply