ဧရာဝတီေဖာင္ေဒးရွင္းမွ ထုတ္သည့္ Mask အခုေရ ငါးသန္းကို အခမဲ့ ျဖန႔္ေဝေပးမည္

0
22

ဧရာဝတီဖောင်ဒေးရှင်းမှ ထုတ်သည့် Mask အခုရေ ငါးသန်းကို အခမဲ့ ဖြန့်ဝေပေးမည်

ဧရာဝတီဖောင်ဒေးရှင်း၏ Mask ထုတ်လုပ်သည့် စက်မှ ထွက်ရှိသော Mask အခုရေ ငါးသန်းကို လိုအပ်ချက်ရှိသူများနှင့် ဝင်ငွေနည်းပါးသည့် အများပြည်သူများအတွက် အခမဲ့ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် အဆိုပါ Mask ထုတ်လုပ်သည့် စက်ကို ပြည်ပနိုင်ငံမှ မှာယူ ခဲ့ပြီးနောက် လက်ရှိတွင် Mask များ ထုတ်လုပ် နိုင်ပြီ ဖြစ်ကြောင်းသိရသည်။

“Covid-19 ကပ်ရောဂါ အခြေအနေဆိုးကို ကာကွယ်ဖို့နဲ့ လက်ရှိ ကမ္ဘာ့လေထုညစ်ညမ်းမှု ကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတဲ့ အတွက် Mask ထုတ်လုပ်စက်ကို လွန်ခဲ့တဲ့ (၆)လကတည်းက မှာယူထားခဲ့တာ ဖြစ်ပါတယ်။ စက်ရောက်ရှိလာပြီး တစ်ပတ်အတွင်းမှာပဲ ပြည်ပက ပညာရှင်တွေဦးစီးပြီး တပ်ဆင်လည်ပတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်”ဟု ဦးဇော်ဇော်က သူ၏ facebook စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ စက်ရုံ၏ ထုတ်လုပ်နိုင်မှုသည် တစ်နာရီ ငါးထောင်နှုန်းဖြင့် တစ်ရက်ကို Mask အခုရေ (၅)သောင်း ထုတ်လုပ်နိုင်မည်ဖြစ်သောကြောင့် လိုအပ်ချက်ရှိသူများနှင့် ဝင်ငွေနည်းပါးသည့် အများပြည်သူများအတွက် စုစုပေါင်း Mask အခုရေ ငါး သန်းအထိ အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWavenews

(Zawgyi)

ဧရာဝတီေဖာင္ေဒးရွင္းမွ ထုတ္သည့္ Mask အခုေရ ငါးသန္းကို အခမဲ့ ျဖန႔္ေဝေပးမည္

ဧရာဝတီေဖာင္ေဒးရွင္း၏ Mask ထုတ္လုပ္သည့္ စက္မွ ထြက္ရွိေသာ Mask အခုေရ ငါးသန္းကို လိုအပ္ခ်က္ရွိသူမ်ားႏွင့္ ဝင္ေငြနည္းပါးသည့္ အမ်ားျပည္သူမ်ားအတြက္ အခမဲ့ျဖန႔္ေဝ ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ဧရာဝတီေဖာင္ေဒးရွင္းသည္ အဆိုပါ Mask ထုတ္လုပ္သည့္ စက္ကို ျပည္ပႏိုင္ငံမွ မွာယူ ခဲ့ၿပီးေနာက္ လက္ရွိတြင္ Mask မ်ား ထုတ္လုပ္ ႏိုင္ၿပီ ျဖစ္ေၾကာင္းသိရသည္။

“Covid-19 ကပ္ေရာဂါ အေျခအေနဆိုးကို ကာကြယ္ဖို႔နဲ႔ လက္ရွိ ကမာၻ႔ေလထုညစ္ညမ္းမႈ ကလည္း တစ္ေန႔ထက္တစ္ေန႔ ပိုမိုဆိုး႐ြားလာတဲ့ အတြက္ Mask ထုတ္လုပ္စက္ကို လြန္ခဲ့တဲ့ (၆)လကတည္းက မွာယူထားခဲ့တာ ျဖစ္ပါတယ္။ စက္ေရာက္ရွိလာၿပီး တစ္ပတ္အတြင္းမွာပဲ ျပည္ပက ပညာရွင္ေတြဦးစီးၿပီး တပ္ဆင္လည္ပတ္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္”ဟု ဦးေဇာ္ေဇာ္က သူ၏ facebook စာမ်က္ႏွာတြင္ ေရးသားထားသည္။

အဆိုပါ စက္႐ုံ၏ ထုတ္လုပ္ႏိုင္မႈသည္ တစ္နာရီ ငါးေထာင္ႏႈန္းျဖင့္ တစ္ရက္ကို Mask အခုေရ (၅)ေသာင္း ထုတ္လုပ္ႏိုင္မည္ျဖစ္ေသာေၾကာင့္ လိုအပ္ခ်က္ရွိသူမ်ားႏွင့္ ဝင္ေငြနည္းပါးသည့္ အမ်ားျပည္သူမ်ားအတြက္ စုစုေပါင္း Mask အခုေရ ငါး သန္းအထိ အခမဲ့ျဖန႔္ေဝေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWavenews

Leave a Reply