Lockdown ခ်ထားေသာ အိမ္ေထာင္စု ၂၀၀ ေက်ာ္အားကူညီေပးရန္ မႏၲေလးတိုင္းအစိုးအဖြဲ႕ထံတင္ျပ

0
22

Lockdown ချထားသော အိမ်ထောင်စု ၂၀၀ ကျော်အားကူညီပေးရန် မန္တလေးတိုင်းအစိုးအဖွဲ့ထံတင်ပြ

မန္တလေး အောင်မြေသာစံမြို့နယ် ဥပုတ်တော်ရပ်ကွက်အတွင်း Lock Down ချထားသည့် အိမ်ထောင်စု၂၀၀ ကျော်အား ကူညီပေးရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံကသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ယင်းရပ်ကွက်အတွင်းရှိ လူဦးရေ ၄၀ နီးပါး COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီးနောက် အိမ်ထောင်စု (၂၀၀)ကျော် နှင့် လူဦးရေ (၉၀၀)ကျော်ကို အသွားအလာ ကန့်သတ်ပိတ်ပင်ထားခဲ့သည် ။

” Lockdown ချလိုက်တဲ့အတွက် စားဖို့အတွက် အခက်အခဲရှိကြတာပေါ့ တစ်ချို့ဆို ။ အဲ့တာနဲ့ပတ်သတ်ပြီးတော့ တိုင်းအစိုးရအဖွဲ့ကို အကုန်တင်ပြထားတယ် ။ ဟိုတစ်နေ့က ဝန်ကြီးချုပ်လဲ လာကြည့်သွားပြီး ကူညီမယ်လို့ပြောသွားတယ် ” ဟု အုပ်ချုပ်ရေးမှူး ဦးညီညီလွင်ကပြောသည်။

အဆိုပါရပ်ကွက်တွင် စက်တင်ဘာ(၂၆)ရက်နေ့မှစတင်ကာ ပထမဆုံးသော COVID-19 အတည်ပြုလူနာ တွေ့ရှိပြီးနောက် အောက်တိုဘာ(၅)ရက် နေ့အထိ ပိုးကူးစက်ခံရသူ ၄၀ ကျော်အထိ ရှိလာခဲ့သည် ။

ယင်းရပ်ကွက်အား Lock Down ချခြင်းကို အောက်တိုဘာလ ၁ရက်နေ့က စတင်ပြုလုပ်ခြင်းဖြစ်ပြီး အကွက်(၁၉)ခုရှိသည့်အနက် အကွက်(၂)ခုကို Lock Down ပြုလုပ်ထားခြင်းဖြစ်သည်။

မန္တလေးခရိုင် (၇)မြို့နယ်အတွင်းတွင် COVID အတည်ပြုလူနာ ၂၃၄ ဦးကျော် ရှိပြီး မန္တလေးတိုင်းအတွင်းမှာတော့ COVID အတည်ပြုလူနာ (၄၅၀)ဦးကျော် ရှိကာ နှစ်ဦးသေဆုံးခဲ့သည် ။

နေသူရိန်လင်း
#TheFifthWavenews

(zawgyi)

 

Lockdown ခ်ထားေသာ အိမ္ေထာင္စု ၂၀၀ ေက်ာ္အားကူညီေပးရန္ မႏၲေလးတိုင္းအစိုးအဖြဲ႕ထံတင္ျပ

မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ ဥပုတ္ေတာ္ရပ္ကြက္အတြင္း Lock Down ခ်ထားသည့္ အိမ္ေထာင္စု၂၀၀ ေက်ာ္အား ကူညီေပးရန္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံတင္ျပထားေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးထံကသိရသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းတြင္ ယင္းရပ္ကြက္အတြင္းရွိ လူဦးေရ ၄၀ နီးပါး COVID-19 ေရာဂါ ကူးစက္ခံခဲ့ရၿပီးေနာက္ အိမ္ေထာင္စု (၂၀၀)ေက်ာ္ ႏွင့္ လူဦးေရ (၉၀၀)ေက်ာ္ကို အသြားအလာ ကန႔္သတ္ပိတ္ပင္ထားခဲ့သည္ ။

” Lockdown ခ်လိုက္တဲ့အတြက္ စားဖို႔အတြက္ အခက္အခဲရွိၾကတာေပါ့ တစ္ခ်ိဳ႕ဆို ။ အဲ့တာနဲ႔ပတ္သတ္ၿပီးေတာ့ တိုင္းအစိုးရအဖြဲ႕ကို အကုန္တင္ျပထားတယ္ ။ ဟိုတစ္ေန႔က ဝန္ႀကီးခ်ဳပ္လဲ လာၾကည့္သြားၿပီး ကူညီမယ္လို႔ေျပာသြားတယ္ ” ဟု အုပ္ခ်ဳပ္ေရးမႉး ဦးညီညီလြင္ကေျပာသည္။

အဆိုပါရပ္ကြက္တြင္ စက္တင္ဘာ(၂၆)ရက္ေန႔မွစတင္ကာ ပထမဆုံးေသာ COVID-19 အတည္ျပဳလူနာ ေတြ႕ရွိၿပီးေနာက္ ေအာက္တိုဘာ(၅)ရက္ ေန႔အထိ ပိုးကူးစက္ခံရသူ ၄၀ ေက်ာ္အထိ ရွိလာခဲ့သည္ ။

ယင္းရပ္ကြက္အား Lock Down ခ်ျခင္းကို ေအာက္တိုဘာလ ၁ရက္ေန႔က စတင္ျပဳလုပ္ျခင္းျဖစ္ၿပီး အကြက္(၁၉)ခုရွိသည့္အနက္ အကြက္(၂)ခုကို Lock Down ျပဳလုပ္ထားျခင္းျဖစ္သည္။

မႏၲေလးခ႐ိုင္ (၇)ၿမိဳ႕နယ္အတြင္းတြင္ COVID အတည္ျပဳလူနာ ၂၃၄ ဦးေက်ာ္ ရွိၿပီး မႏၲေလးတိုင္းအတြင္းမွာေတာ့ COVID အတည္ျပဳလူနာ (၄၅၀)ဦးေက်ာ္ ရွိကာ ႏွစ္ဦးေသဆုံးခဲ့သည္ ။

ေနသူရိန္လင္း
#TheFifthWavenews

Leave a Reply