နယ္စပ္ကုန္အဝင္ေနာက္က်၍ ေရထြက္ကုန္ပစၥည္းမ်ား ပ်က္စီးဆုံးရႈံးမႈမ်ားရွိေနသည္ဟုဆို

0
12

နယ်စပ်ကုန်အဝင်နောက်ကျ၍ ရေထွက်ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများရှိနေသည်ဟုဆို

ကုန်တင်ယာဉ်မောင်းများကို လမ်းတွင်စစ်ဆေးရေးဂိတ်များမှ Covid-19 ပိုးစစ်ဆေးမှုများကြောင့် နယ်စပ်သို့ကုန်အဝင်များနောက်ကျ၍ ရေထွက်ကုန်ပစ္စည်းများဆုံးရှုံးပျက်စီးမှုများရှိနေကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။

ကုန်စည်ဖြတ်ကျော်ရာတွင် သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများအရ ကုန်တင်ယာဉ်၊ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်များကို Covid-19 ရောဂါစစ်ဆေးခြင်းကို စစ်ဆေးရေးဂိတ်များမှ ဆောင်ရွက်နေမှုများရှိနေပြီး လမ်းတွင်ကုန်တင်ယာဉ်များပိတ်ဆို့မှုများရှိနေကြောင်း သိရသည်။

“လမ်းမှာလည်း ဂိတ်အသီးသီးက Covid-19 ရောဂါစစ်တယ်။ မန္တလေး-မူဆယ်လမ်းမှာတင် သုံးဂိတ်လောက်ရှိတယ်။ ပြီးတော့ တရုတ်ဘက်ကလည်း တရုတ်အမျိုးသားနေ့ဆိုပြီး အကောက်ခွန်ဂိတ်တွေကို ပိတ်ထားတော့ ကုန်အဝင်အထွက်ကရပ်နေတာပေါ့၊ ပြီးတော့လမ်းမှာ Covid-19 စစ်တော့နယ်စပ်ကုန်သွယ်ရေးကိုအများကြီးထိခိုက်တယ်။ ကုန်အဝင်က နောက်ကျတယ်။ ရေထွက်ပစ္စည်းတွေဆိုတော့ ပိုဆိုးတယ်။ အကုန်လုံးပျက်စီးဆုံးရှုံးကုန်တာ၊ ဒုတိယလှိုင်းကပိုဆိုးတယ်။ ကုန်ကားတွေကလည်းပိတ်နေတော့ ”ဟု မူဆယ်ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးမင်းသိမ်းက ပြောသည်။

Covid-19 ဒုတိယလှိုင်းနှင့် ပထမလှိုင်းနှိုင်းယှဉ်ပါက နယ်စပ်ကုန်သွယ်ရေး ၂၀ ရာခိုင်နှုန်းကျဆင်းနေပြီး တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်ပေါက်အားလုံးပိတ်ထားသည့်အတွက် အလုပ်သမား ၄၀၀ နှင့် ၅၀၀ ဝန်းကျင်အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သည် ပျမ်းမျှတစ်ရက်လျှင် ကန်ဒေါ်လာ ၅ သန်းခန့် ကုန်သွယ်မှုပြုလုပ်နိုင်ပြီး မြန်မာနိုင်ငံအတွင်းရှိ ကုန်သွယ်ရေးဇုန်များအနက် အကြီးဆုံးဇုန်တစ်ခုဖြစ်ပြီး ကုန်သွယ်မှု ၇၀ ရာခိုင်နှုန်းခန့်မှာ မူဆယ်ဇုန်မှ ပြုလုပ်ကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWavenews

(Zawgyi)

ကုန္တင္ယာဥ္ေမာင္းမ်ားကို လမ္းတြင္စစ္ေဆးေရးဂိတ္မ်ားမွ Covid-19 ပိုးစစ္ေဆးမႈမ်ားေၾကာင့္ နယ္စပ္သို႔ကုန္အဝင္မ်ားေနာက္က်၍ ေရထြက္ကုန္ပစၥည္းမ်ားဆုံးရႈံးပ်က္စီးမႈမ်ားရွိေနေၾကာင္း မူဆယ္ကုန္စည္ဒိုင္မွ သိရသည္။

ကုန္စည္ျဖတ္ေက်ာ္ရာတြင္ သတ္မွတ္ထားေသာစည္းမ်ဥ္းစည္းကမ္းမ်ားအရ ကုန္တင္ယာဥ္၊ ကုန္တင္ယာဥ္ေမာင္းမ်ားႏွင့္ ယာဥ္ေနာက္မ်ားကို Covid-19 ေရာဂါစစ္ေဆးျခင္းကို စစ္ေဆးေရးဂိတ္မ်ားမွ ေဆာင္႐ြက္ေနမႈမ်ားရွိေနၿပီး လမ္းတြင္ကုန္တင္ယာဥ္မ်ားပိတ္ဆို႔မႈမ်ားရွိေနေၾကာင္း သိရသည္။

“လမ္းမွာလည္း ဂိတ္အသီးသီးက Covid-19 ေရာဂါစစ္တယ္။ မႏၲေလး-မူဆယ္လမ္းမွာတင္ သုံးဂိတ္ေလာက္ရွိတယ္။ ၿပီးေတာ့ တ႐ုတ္ဘက္ကလည္း တ႐ုတ္အမ်ိဳးသားေန႔ဆိုၿပီး အေကာက္ခြန္ဂိတ္ေတြကို ပိတ္ထားေတာ့ ကုန္အဝင္အထြက္ကရပ္ေနတာေပါ့၊ ၿပီးေတာ့လမ္းမွာ Covid-19 စစ္ေတာ့နယ္စပ္ကုန္သြယ္ေရးကိုအမ်ားႀကီးထိခိုက္တယ္။ ကုန္အဝင္က ေနာက္က်တယ္။ ေရထြက္ပစၥည္းေတြဆိုေတာ့ ပိုဆိုးတယ္။ အကုန္လုံးပ်က္စီးဆုံးရႈံးကုန္တာ၊ ဒုတိယလႈိင္းကပိုဆိုးတယ္။ ကုန္ကားေတြကလည္းပိတ္ေနေတာ့ ”ဟု မူဆယ္ကုန္စည္ဒိုင္မွ အတြင္းေရးမႉး ဦးမင္းသိမ္းက ေျပာသည္။

Covid-19 ဒုတိယလႈိင္းႏွင့္ ပထမလႈိင္းႏႈိင္းယွဥ္ပါက နယ္စပ္ကုန္သြယ္ေရး ၂၀ ရာခိုင္ႏႈန္းက်ဆင္းေနၿပီး တ႐ုတ္ႏိုင္ငံဘက္မွ နယ္စပ္ဂိတ္ေပါက္အားလုံးပိတ္ထားသည့္အတြက္ အလုပ္သမား ၄၀၀ ႏွင့္ ၅၀၀ ဝန္းက်င္အလုပ္လက္မဲ့ျဖစ္ေနေၾကာင္း သိရသည္။

မူဆယ္နယ္စပ္ကုန္သြယ္ေရးဇုန္သည္ ပ်မ္းမွ်တစ္ရက္လွ်င္ ကန္ေဒၚလာ ၅ သန္းခန္႔ ကုန္သြယ္မႈျပဳလုပ္ႏိုင္ၿပီး ျမန္မာႏိုင္ငံအတြင္းရွိ ကုန္သြယ္ေရးဇုန္မ်ားအနက္ အႀကီးဆုံးဇုန္တစ္ခုျဖစ္ၿပီး ကုန္သြယ္မႈ ၇၀ ရာခိုင္ႏႈန္းခန္႔မွာ မူဆယ္ဇုန္မွ ျပဳလုပ္ေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWavenews

Leave a Reply