မႏၲေလးတြင္ ေ႐ြးေကာက္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းတစ္ဦးတြင္ ပိုးေတြ႕

0
27

မန္တလေးတွင် ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးတွင် ပိုးတွေ့

မန္တလေး အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁ ) ၌ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဝံသာနုဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

ပိုးတွေ့သော အဆိုပါ ကိုယ်စားလှယ် လောင်း ဦးအောင်ကြည်မြိုင်သည် စည်းရုံးရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် မိသားစုလိုက် Quarantine ဝင်ရောက်၍ COVID-19 ရှိ၊မရှိ စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

” ကျွန်တော်နေတဲ့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက် အကွက် (၂၉) ကလူတွေ ပိုးတွေ့တာများလာတော့ ကိုယ်တိုင်မိသားစုလိုက် Q ဝင်ပြီး စစ်တာပါ ။ ကျွန်တော်ကလည်း စည်းရုံးရေးဆင်းရမှာဖြစ်လို့ စစ်ဆေးလိုတာပါ ” ဟု ဦးအောင်ကြည်မြိုင်က ပြောသည်။

Quarantine ဝင်ရောက်ခဲ့သည့် မိသားစု ရှစ်ဦးအနက် ၎င်းအပါအဝင် လေးဦးတွင် ရောဂါတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် မန္တလေးမြို့ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံတွင် ကုသမှုခံယူနေသည် ။

” ပိုးမတွေ့ခင်တုန်းကလဲ ကျွန်တော်သည်းရုံးရေးလုပ်တွေလုပ်ဆောင်တာမရှိပါဘူး ။ ခုတွေ့လိုက်တွေ ပိုပြီးတော့တောင်မလုပ်ဖြစ်ဘူး ။ ဆေးရုံကဆင်းပြီးမှသာ စည်းရုံးရေးကို ပြန်လုပ်ရမှာပေါ့ ” ဟု ၎င်းကဆက်ပြောသည် ။

ဦးအောင်ကြည်မြိုင်နေထိုင်သည့် အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်တွင် လက်ရှိအချိန် အထိ ပိုးတွေ့လူနာ ၄၀ ကျော်ရှိနေပြီး အိမ်ထောင်စု ၂၀၀ ကျော်ကို အသွားအလာကန့်သတ် ထားသည်။

နေသူရိန်လင်း
#TheFifthWavenews

(zawgyi)

မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁ ) ၌ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ဝံသာႏုဒီမိုကရက္တစ္ပါတီမွ ကိုယ္စားလွယ္ေလာင္းတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

ပိုးေတြ႕ေသာ အဆိုပါ ကိုယ္စားလွယ္ ေလာင္း ဦးေအာင္ၾကည္ၿမိဳင္သည္ စည္း႐ုံးေရးလုပ္ငန္းမ်ားလုပ္ကိုင္ရန္အတြက္ မိသားစုလိုက္ Quarantine ဝင္ေရာက္၍ COVID-19 ရွိ၊မရွိ စစ္ေဆးရာမွ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္ ။

” ကြၽန္ေတာ္ေနတဲ့ ေအာင္ေျမသာစံၿမိဳ႕နယ္ ဥပုသ္ေတာ္ရပ္ကြက္ အကြက္ (၂၉) ကလူေတြ ပိုးေတြ႕တာမ်ားလာေတာ့ ကိုယ္တိုင္မိသားစုလိုက္ Q ဝင္ၿပီး စစ္တာပါ ။ ကြၽန္ေတာ္ကလည္း စည္း႐ုံးေရးဆင္းရမွာျဖစ္လို႔ စစ္ေဆးလိုတာပါ ” ဟု ဦးေအာင္ၾကည္ၿမိဳင္က ေျပာသည္။

Quarantine ဝင္ေရာက္ခဲ့သည့္ မိသားစု ရွစ္ဦးအနက္ ၎အပါအဝင္ ေလးဦးတြင္ ေရာဂါေတြ႕ရွိခဲ့ျခင္း ျဖစ္ၿပီး လက္ရွိတြင္ မႏၲေလးၿမိဳ႕ ကုတင္ ၃၀၀ သင္ၾကားေရးေဆး႐ုံတြင္ ကုသမႈခံယူေနသည္ ။

” ပိုးမေတြ႕ခင္တုန္းကလဲ ကြၽန္ေတာ္သည္း႐ုံးေရးလုပ္ေတြလုပ္ေဆာင္တာမရွိပါဘူး ။ ခုေတြ႕လိုက္ေတြ ပိုၿပီးေတာ့ေတာင္မလုပ္ျဖစ္ဘူး ။ ေဆး႐ုံကဆင္းၿပီးမွသာ စည္း႐ုံးေရးကို ျပန္လုပ္ရမွာေပါ့ ” ဟု ၎ကဆက္ေျပာသည္ ။

ဦးေအာင္ၾကည္ၿမိဳင္ေနထိုင္သည့္ ေအာင္ေျမသာစံၿမိဳ႕နယ္ ဥပုသ္ေတာ္ရပ္ကြက္တြင္ လက္ရွိအခ်ိန္ အထိ ပိုးေတြ႕လူနာ ၄၀ ေက်ာ္ရွိေနၿပီး အိမ္ေထာင္စု ၂၀၀ ေက်ာ္ကို အသြားအလာကန႔္သတ္ ထားသည္။

ေနသူရိန္လင္း
#TheFifthWavenews

Leave a Reply