စားဝတ္ေနရး အဆင္မေျပသျဖင့္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံး

0
61

စားဝတ်နေ​ရေးအဆင်မပြေသဖြင့် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်တွင်ကိုဗစ်ကာလအတွင်းစားဝတ်နေရေးအဆင်မပြေသဖြင့်အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးသွားခဲ့ကြောင်းတောင်ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီထံက၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။

အောက်တိုဘာ၄ရက်ကတောင်ဒဂုံမြို့နယ်၊၆၀ရပ်ကွက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မသေဆုံးခင် ကလေးနို့မှုန့်တိုက်ခြင်းနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူနှင့်စကားများခဲ့ကြောင်းသိရသည်။

“ကလေးမိခင်ပြောတာတော့အဆင်မပြေတော့၁ဝဝကျပ်တန်နို့မှုန့်ကိုတိုက်တာကစပြီးအဆင်မပြေဖြစ်ကြတယ်သိရတယ်။ နို့မှုန့်က ကလေးနဲ့အဆင်မပြေတော့ ချောင်းတွေဆိုး ဝမ်းကလည်းမကောင်း စသည်ဖြင့်ပေါ့ (သေဆုံးခဲ့သူ) ညီငယ်ကလည်းအလုပ်ကမရှိတော့ရှိတာပဲတိုက်ရတယ်ပေါ့ အဲ့ဒီ့မှာ စိတ်မကောင်းဖြစ်ရတယ်ပေါ့အဲ့ဒီ့မှာဇနီးဖြစ်သူက လမ်းထိပ်မှာ စျေးသွားဝယ်တယ်ပေါ့။ နည်းနည်းတော့ကြာ သွားတယ်ပေါ့ ပြန်လာတော့ အခုလို မတ်တပ်ရပ်သားလေး ဆွဲကြိုးချသေဆုံးနေတာပဲဆိုပြီးငိုသံလေးနဲ့ပြောရှာပါတယ်”ဟုဦးညီညီက၎င်း၏လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားထားသည်။

ကျန်ရစ်ခဲ့သောမိသားစုမှာဇနီးဖြစ်သူနှင့်သုံးလသားကလေးအတွက် ကလေးငယ်အတွက်နို့မှုန့်နှင့်ဆန်၊ ဆီ၊ ကြက်ဥ စသည့်တို့ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

HM
#TheFifthWavenews

(zawgyi)

စားဝတ္ေန​ေရးအဆင္မေျပသျဖင့္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံး

ရန္ကုန္တိုင္းေဒသႀကီး၊ေတာင္ဒဂုံၿမိဳ႕နယ္တြင္ကိုဗစ္ကာလအတြင္းစားဝတ္ေနေရးအဆင္မေျပသျဖင့္အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ် ေသဆုံးသြားခဲ့ေၾကာင္းေတာင္ဒဂုံၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁)တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးညီညီထံက၎၏လူမႈကြန္ယက္စာမ်က္ႏွာတြင္ေရးသားထားသည္။

ေအာက္တိုဘာ၄ရက္ကေတာင္ဒဂုံၿမိဳ႕နယ္၊၆၀ရပ္ကြက္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မေသဆုံးခင္ ကေလးႏို႔မႈန္႔တိုက္ျခင္းႏွင့္ပတ္သက္ၿပီး ဇနီးျဖစ္သူႏွင့္စကားမ်ားခဲ့ေၾကာင္းသိရသည္။

“ကေလးမိခင္ေျပာတာေတာ့အဆင္မေျပေတာ့၁ဝဝက်ပ္တန္ႏို႔မႈန႔္ကိုတိုက္တာကစၿပီးအဆင္မေျပျဖစ္ၾကတယ္သိရတယ္။ ႏို႔မႈန႔္က ကေလးနဲ႔အဆင္မေျပေတာ့ ေခ်ာင္းေတြဆိုး ဝမ္းကလည္းမေကာင္း စသည္ျဖင့္ေပါ့ (ေသဆုံးခဲ့သူ) ညီငယ္ကလည္းအလုပ္ကမရွိေတာ့ရွိတာပဲတိုက္ရတယ္ေပါ့ အဲ့ဒီ့မွာ စိတ္မေကာင္းျဖစ္ရတယ္ေပါ့အဲ့ဒီ့မွာဇနီးျဖစ္သူက လမ္းထိပ္မွာ ေစ်းသြားဝယ္တယ္ေပါ့။ နည္းနည္းေတာ့ၾကာ သြားတယ္ေပါ့ ျပန္လာေတာ့ အခုလို မတ္တပ္ရပ္သားေလး ဆြဲႀကိဳးခ်ေသဆုံးေနတာပဲဆိုၿပီးငိုသံေလးနဲ႔ေျပာရွာပါတယ္”ဟုဦးညီညီက၎၏လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္ ေရးသားထားသည္။

က်န္ရစ္ခဲ့ေသာမိသားစုမွာဇနီးျဖစ္သူႏွင့္သုံးလသားကေလးအတြက္ ကေလးငယ္အတြက္ႏို႔မႈန႔္ႏွင့္ဆန္၊ ဆီ၊ ၾကက္ဥ စသည့္တို႔ေထာက္ပံ့ေပးခဲ့ေၾကာင္းသိရသည္။

HM
#TheFifthWavenews

Leave a Reply