
0
50
အဝေးပြေးကုန်တင်ယာဉ်များအမြန်လမ်းအသုံးပြုခွင့်ပေးမည်
COVID-19ကာလအတွင်းကုန်စည်သယ်ယူပို့ဆောင်ရေးအတွက်အမြန်လမ်းမကြီးကိုအသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
ထုတ်ပြန်ရာတွင် (၅-၁၀-၂၀၂၀)ရက်နေ့ ညပိုင်းအချိန်မှ စတင်၍ (၃၀-၁၁-၂၀၂၀)ရက်နေ့အထိ COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် မြို့ဝင်/ထွက်ကိစ္စများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအားလုံး သတ်မှတ် ဖြတ်သန်းခ ပေးဆောင်စေ၍ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်းဖော်ပြပါရှိသည်။
ဖြတ်သန်းရာတွင်အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏စစ်ဆေးကြီးကြပ်မှုကိုလည်းလိုက်နာဆောင်ရွက်ရပါမည်ဖြစ်ပြီးအခြားယာဉ်များအနေဖြင့်သတ်မှတ်ထားသောအမြန်နှုန်းများထက်ပို၍မောင်းနှင်ခွင့်မပြုပါကြောင်းနှင့်သတ်မှတ်ထားသောအမြန်နှုန်းများမှာကိုယ်ပိုင်ယာဉ်ငယ်များ – 100 km/h
ခရီးသည်တင် Bus ကားများ – 80 km/h၊ Light Truck ယာဉ်များ – 60 km/h၊ ကုန်တင်ယာဉ်များအားလုံး – 60 km/h ဖြစ်ကြောင်းသိရသည်။
ထို့အပြင်လိုက်နာရန်စည်းကမ်းချက်များအနေဖြင့်ကုန်တင်ယာဉ်များအားလုံးသည် လက်ယာဘက် ယာဉ်ကြောမှသာ မောင်းနှင်ရန်၊ သတ်မှတ်အမြန်နှုန်းထက် ပို၍ မောင်းနှင်ခွင့် မပြုရန်၊RestCampများတွင်သာရပ်နားရန်၊လမ်းဘေးတွင်ကြုံသလိုရပ်နား၍ကျူးကျော်ဆိုင်များတွင်စားသောက်ခြင်း ခွင့်မပြုရန်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါကနောက်တစ်ကြိမ် ဖြတ်သန်းခွင့် မပြုတော့ကြောင်းနှင့်သတ်မှတ်တန်ချိန်ထက် ပို၍တင်ဆောင်လာပါကခွင့်ပြုမည်မဟုတ်ကြောင်းဖော်ပြပါရှိသည်။
HM
#TheFifthWave
(Zawgyi)
HM

Leave a Reply