မႏၱေလးတိုင္းေဒသၾကီး၌ ဒုတိယအၾကိမ္ ကပ္သည့္ မဲစာရင္းတြင္ စာရင္းမပါသျဖင့္ ကန္႔ကြက္သူ ႏွင့္ ေလ်ာက္ထားသူ ၂၃၀၀၀ ေက်ာ္ရွိ

0
25
မန္တလေးတိုင်းဒေသကြီး၌ ဒုတိယအကြိမ် ကပ်သည့် မဲစာရင်းတွင် စာရင်းမပါသဖြင့် ကန့်ကွက်သူ နှင့် လျောက်ထားသူ ၂၃၀၀၀ ကျော်ရှိ
 
မန္တလေးတိုင်းဒေသကြီး၌ မဲပေးရမည့် စာရင်းမပါသဖြင့် လျှောက်ထားသူ ၊ ကန့်ကွက်သူ ၊ ပြင်ဆင်သူ များအပါအဝင် စုစုပေါင်း ၂၃၀၅၀ ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
 
ဒုတိယအကြိမ် ကပ်သည့် မဲစာရင်းတွင် မပါသဖြင့် ပုံစံ (၃)ဖြင့်လျှောက်ထားသူ ၁၁၅၉၇ ဦးနှင့် မဲစာရင်းတွင်မပါဝင်သင့်သူများ ပါဝင်နေသဖြင့် ပုံစံ (၄)ဖြင့် ကန့်ကွက်သူ ၂၂၆၃ ဦးအပြင် ကိုယ်ရေးအချက်အလက် မှန်ကန်မှုမရှိခြင်းကြောင့် ပုံစံ ၄(ဂ) ဖြင့် ပြင်ဆင်သူ ၉၁၉၀ ဦး ရှိကြောင်းသိရသည် ။
 
” မန္တလေးမှာက stay at home ကပ်ထားတဲ့ မြို့နယ် သုံးမြို့နယ်ပဲ မဲစာရင်းမကပ်တာပါ ။ ကျန်တဲ့ မြို့နယ်တွေကပ်ပါတယ် ။ ပြင်ဆင်တာတွေကိုတော့ ရပ်ကွက် ကော်မရှင်ရုံးမှာပြင်ဆင်တာတွေလျှောက်လို့ရပါတယ် ။ ဒုတိယအကြိမ်ကပ်တဲ့မဲစာရင်းမှာ အမှား ပြန်ပါလာတာနည်းသွားတယ် ” ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဌဦးရှိန်ဝင်းကပြောသည် ။
 
မန္တလေးတိုင်းဒေသြကြီးတွင် ဒုတိယကြိမ် မဲစာရင်းများကို အောက်တိုဘာလ ၁ ရက် မှ ၁၄ ရက်အထိကြေညာသွားမည်ဖြစ်ပြီး အောက်တိုဘာလ ၄ ရက် ထိ အခြေခံမဲစာရင်း လာရောက်ကြည့်ရှုသူ ၂ သိန်း ကျော်ရှိကြောင်း သိရသည် ။
 
မန္တလေးတိုင်း ဒေသကြီးတွင် ပထမအကြိမ် မဲစာရင်းကပ်ထားကြော်ငြာခဲ့ရာတွင် မဲပေးခွင့်ဦးရှိသူရေသည် ၄၅ သိန်းကျော်ရှိပြီး မဲစာရင်းအမှားများကို ပြင်ဆင်ပြီးနောက် ဒုတိယအကြိမ်ကပ်သည့် မဲစာရင်းတွင် မဲပေးခွင့်ဦးရှိသူရေ ၄၆ သိန်းကျော်ထိရှိလာခဲ့သည် ။
 
အဆိုပါ ၄၆ သိန်းကျော်အတွက် ရွေးကောက်ပွဲတွင် မဲရုံအရေအတွက် (၅၄၄၁) ရုံ ထားရှိရန် လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
 
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် (UEC)ထုတ်ပြန်ထားသည် ။
 
နေသူရိန်လင်း
#TheFifthWave
 
( Zawgyi )
 
 
မႏၲေလးတိုင္းေဒသၾကီး၌ မဲေပးရမည့္ စာရင္းမပါသျဖင့္ ေလွ်ာက္ထားသူ ၊ ကန္႔ကြက္သူ ၊ ျပင္ဆင္သူ မ်ားအပါအဝင္ စုစုေပါင္း ၂၃၀၅၀ ဦး ရွိေၾကာင္း မႏၱေလးတိုင္းေဒသႀကီး ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ သိရသည္။
 
ဒုတိယအၾကိမ္ ကပ္သည့္ မဲစာရင္းတြင္ မပါသျဖင့္ ပံုစံ (၃)ျဖင့္ေလွ်ာက္ထားသူ ၁၁၅၉၇ ဦးႏွင့္ မဲစာရင္းတြင္မပါဝင္သင့္သူမ်ား ပါဝင္ေနသျဖင့္ ပုံစံ (၄)ျဖင့္ ကန္႔ကြက္သူ ၂၂၆၃ ဦးအျပင္ ကိုယ္ေရးအခ်က္အလက္ မွန္ကန္မွုမရွိျခင္းေၾကာင့္ ပုံစံ ၄(ဂ) ျဖင့္ ျပင္ဆင္သူ ၉၁၉၀ ဦး ရွိေၾကာင္းသိရသည္ ။
 
” မႏၱေလးမွာက stay at home ကပ္ထားတဲ႔ ျမိဳ႕နယ္ သံုးျမိဳ႕နယ္ပဲ မဲစာရင္းမကပ္တာပါ ။ က်န္တဲ့ ျမိဳ႕နယ္ေတြကပ္ပါတယ္ ။ ျပင္ဆင္တာေတြကိုေတာ့ ရပ္ကြက္ ေကာ္မရွင္ရုံးမွာျပင္ဆင္တာေတြေလ်ွာက္လို႔ရပါတယ္ ။ ဒုတိယအၾကိမ္ကပ္တဲ႔မဲစာရင္းမွာ အမွား ျပန္ပါလာတာနည္းသြားတယ္ ” ဟု မႏၱေလးတိုင္းေဒသႀကီး ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ဥကၠဌဦးရွိန္ဝင္းကေျပာသည္ ။
 
မႏၱေလးတိုင္းေဒသၾၾကီးတြင္ ဒုတိယၾကိမ္ မဲစာရင္းမ်ားကို ေအာက္တိုဘာလ ၁ ရက္ မွ ၁၄ ရက္အထိေၾကညာသြားမည္ျဖစ္ျပီး ေအာက္တိုဘာလ ၄ ရက္ ထိ အေျခခံမဲစာရင္း လာေရာက္ၾကည့္ရွဳသူ ၂ သိန္း ေက်ာ္ရွိေၾကာင္း သိရသည္ ။
 
မႏၱေလးတိုင္း ေဒသၾကီးတြင္ ပထမအႀကိမ္ မဲစာရင္းကပ္ထားေၾကာ္ျငာခဲ႔ရာတြင္ မဲေပးခြင့္ဦးရွိသူေရသည္ ၄၅ သိန္းေက်ာ္ရွိၿပီး မဲစာရင္းအမွားမ်ားကို ျပင္ဆင္ၿပီးေနာက္ ဒုတိယအၾကိမ္ကပ္သည့္ မဲစာရင္းတြင္ မဲေပးခြင့္ဦးရွိသူေရ ၄၆ သိန္းေက်ာ္ထိရွိလာခဲ႔သည္ ။
 
အဆိုပါ ၄၆ သိန္းေက်ာ္အတြက္ ေရြးေကာက္ပြဲတြင္ မဲ႐ုံအေရအတြက္ (၅၄၄၁) ႐ုံ ထားရွိရန္ လ်ာထားေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲမွ သိရသည္။
 
၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲကို နိုဝင္ဘာလ ၈ ရက္တြင္က်င္းပသြားမည္ျဖစ္ေၾကာင္း ေရြးေကာက္ပြဲေကာ္မရွင္ (UEC)ထုတ္ျပန္ထားသည္ ။
 
ေနသူရိန္လင္း
#TheFifthWave

Leave a Reply