အေျခခံရိကၡာ အျပည့္အစုံစြာသျဖင့္ စားနပ္ရိကၡာ ျပတ္လပ္မည္ကို စိုးရိမ္ပူပန္မွု မရွိရန္ စီး/ကူး ဝန္ႀကီးေျပာ

0
135

အခြေခံရိက္ခာ အပြည့်အစုံစွာသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မည်ကို စိုးရိမ်ပူပန်မှု မရှိရန် စီး/ကူး ဝန်ကြီးပြော

အောက်တိုဘာ ၆

အခြေခံရိက္ခာ ပြည့်စုံလုံလောက်စွာ ရှိသောကြောင့် ပြည်သူလူထုအနေဖြင့် စားနပ်ရိက္ခာ ပြတ်လပ်မည် ကို စိုးရိမ်ပူပန်မှု မရှိစေလိုကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

အောက်တိုဘာလ ၅ ရက်က Video Conferencing စနစ်ဖြင့် ပြုလုပ်သည့်ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးနှင့် ကုန်စည် ဝင်/ထွက်မှု အခြေအနေ၊ ကုန်ဈေးနှုန်းများ ဖြစ်ပေါ်မှု အခြေအနေများနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေး ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတော်အစိုးရနဲ့ ကုန်သည်အသင်းအဖွဲ့များရဲ့ လက်ဝယ်မှာ အခြေခံရိက္ခာများ ပြည့်စုံစွာ ရှိတဲ့အတွက် လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက် အခြေခံရိက္ခာ ပြည့်စုံလုံလောက်စွာ ရှိနေပါတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှာကို စိုးရိမ်ပူပန်မှု မရှိစေချင်ပါဘူး”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက် အရ အခြေခံရိက္ခာဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန် စသည့် အခြေခံရိက္ခာ လိုအပ်ချက်များကို သုံးသပ်တွက်ချက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြို့နယ် (၄၄) မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ နေ့စဉ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်နေသည့် အတွက် မြို့နယ်များရှိ လက်လီဆိုင်များသို့ အခြေခံ စားသောက်ကုန်များ ဖြန့်ဖြူးမှုမှာ အခက်အခဲ မရှိကြောင်းနှင့် အခြေခံစားကုန် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

 

အေျခခံရိကၡာ အျပည့္အစုံစြာသျဖင့္ စားနပ္ရိကၡာ ျပတ္လပ္မည္ကို စိုးရိမ္ပူပန္မွု မရွိရန္ စီး/ကူး ဝန္ႀကီးေျပာ

ေအာက္တိုဘာ ၆

အေျခခံရိကၡာ ျပည့္စုံလုံေလာက္စြာ ရွိေသာေၾကာင့္ ျပည္သူလူထုအေနျဖင့္ စားနပ္ရိကၡာ ျပတ္လပ္မည္ ကို စိုးရိမ္ပူပန္မွု မရွိေစလိုေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာသည္။

ေအာက္တိုဘာလ ၅ ရက္က Video Conferencing စနစ္ျဖင့္ ျပဳလုပ္သည့္ကုန္စည္ပို႔ေဆာင္မွု အဆင္ေျပေခ်ာေမြ႕ေစေရးႏွင့္ ကုန္စည္ ဝင္/ထြက္မွု အေျခအေန၊ ကုန္ေဈးႏွုန္းမ်ား ျဖစ္ေပၚမွု အေျခအေနမ်ားႏွင့္ စပ္လ်ဥ္းသည့္ ညႇိႏွိုင္း အစည္းအေဝး ယင္းသို႔ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။
“နိုင္ငံေတာ္အစိုးရနဲ႔ ကုန္သည္အသင္းအဖြဲ႕မ်ားရဲ႕ လက္ဝယ္မွာ အေျခခံရိကၡာမ်ား ျပည့္စုံစြာ ရွိတဲ့အတြက္ လက္ရွိ COVID-19 ေရာဂါျဖစ္ပြားမွု အမ်ားဆုံးျဖစ္တဲ့ ရန္ကုန္တိုင္းေဒသႀကီး အတြက္သာမက ျမန္မာတစ္နိုင္ငံလုံးအတြက္ အေျခခံရိကၡာ ျပည့္စုံလုံေလာက္စြာ ရွိေနပါတယ္။

ဒါေၾကာင့္ ျပည္သူလူထုအေနနဲ႔ စားနပ္ရိကၡာ ျပတ္လပ္မွာကို စိုးရိမ္ပူပန္မွု မရွိေစခ်င္ပါဘူး”ဟု ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာသည္။

COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီ၏ လမ္းညႊန္ခ်က္ အရ အေျခခံရိကၡာျဖစ္သည့္ ဆန္၊ ဆီ၊ ပဲ၊ ၾကက္သြန္ စသည့္ အေျခခံရိကၡာ လိုအပ္ခ်က္မ်ားကို သုံးသပ္တြက္ခ်က္ခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ့နယ္ (၄၄) ၿမိဳ႕နယ္အတြင္း ကုန္စည္စီးဆင္းမွုအား ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ သက္ဆိုင္ရာအသင္းအဖြဲ႕မ်ား ေန႔စဥ္ ညႇိႏွိုင္းေျဖရွင္း ေဆာင္ရြက္ေနသည့္ အတြက္ ၿမိဳ့နယ္မ်ားရွိ လက္လီဆိုင္မ်ားသို႔ အေျခခံ စားေသာက္ကုန္မ်ား ျဖန္႔ျဖဴးမွုမွာ အခက္အခဲ မရွိေၾကာင္းႏွင့္ အေျခခံစားကုန္ ေဈးႏွုန္းမ်ား တည္ၿငိမ္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply