ကိုးလအတြင္း လူကုန္ကူးမွု ၉၄ မွု ျဖစ္ပြားခဲ့ၿပီး ရွမ္းျပည္နယ္က အမ်ားဆံုးျဖစ္

0
10

ကိုးလအတွင်း လူကုန်ကူးမှု ၉၄ မှု ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်က အများဆုံးဖြစ်

ယခုနှစ် ကိုးလအတွင်း လူကုန်ကူးမှု ၉၄ မှု ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်က အများဆုံး ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ လူကုန်ကူးမှုများမှာ ဇန်နဝါရီလတွင် ၁၅ မှု၊ ဖေဖော်ဝါရီလတွင် ၇ မှု၊ မတ်လတွင် ၉ မှု၊ ဧပြီလတွင် ၆ မှု၊ မေလတွင် ၆ မှု၊ ဇွန်လတွင် ၁၅ မှု၊ ဇူလိုင်လတွင် ၁၄ မှု၊ သြဂုတ်လတွင် ၁၆ မှုနှင့် စက်တင်ဘာလတွင် ၆ မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှု များတွင် လူကုန်ကူးမှု တရားခံပေါင်း ၂၅၃ ဦး ဖမ်းဆီးရမိကာ လူကုန်ကူးခံရသူပေါင်း ၁၄၂ ဦး ရှိခဲ့ကြောင်းသိရသည်။

လူကုန်ကူးမှု ၉၄ မှု ဖြစ်ပွားမှုတွင် လူကုန်ကူးခံရသူ ၁၄၀ ကျော်ရှိသည့်အနက် အမျိုးသမီးကလေးငယ် ၃၆ ဦးပါဝင်ကာ လူကုန်ကူးမှုများတွင် အဓမ္မ လက်ထပ်မှု၊ အဓမ္မ ပြည့်တန်ဆာပြုမှုနှင့် အဓမ္မ လုပ်အားစေခိုင်းမှုတို့ဖြစ်သည်။

လူကုန်ကူးခံရသူ များသည် အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် တရုတ်၊ ထိုင်း၊ မလေးရှားနှင့် ပြည်တွင်း၌ပင် လူကုန်ကူးခံရခြင်း ဖြစ်ကာ အများစုမှာ တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်မှု ဖြစ်ကြောင်းသိရသည်။

အဆိုပါ လူကုန်ကူးမှု ၉၄ မှုအနက် တရုတ်နိုင်ငံတွင် အဓမ္မလက်ထပ်မှု ၆၈ မှု၊ ပြည်တွင်းတွင် အဓမ္မလက်ထပ်မှု နှစ်မှု၊ ပြည်တွင်းတွင် အဓမ္မပြည့်တန်ဆာပြုမှု ၁၂ မှု၊ ပြည်တွင်းတွင် အဓမ္မလုပ်အားစေခိုင်းမှု ခုနှစ် မှု၊ မလေးရှားတွင် အဓမ္မလုပ်အားစေခိုင်းမှု နှစ်မှု၊ ထိုင်းတွင် အဓမ္မ ပြည့်တန်ဆာပြုမှု တစ်မှု၊ တရုတ်တွင် အဓမ္မ လုပ်အား စေခိုင်းမှု တစ်မှုနှင့် တရုတ်တွင် အဓမ္မ အငှားကိုယ်ဝန်ဆောင်မှု တစ်မှုတို့ဖြစ်သည်။

ထို့ပြင် ကိုးလအတွင်း လူကုန်ကူးခံရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာရှမ်းပြည်နယ်တွင် ၂၉ မှုဖြင့် အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၂၇ မှု၊ မန္တလေးတိုင်း ဒေသကြီးတွင် ကိုးမှု၊ ချင်ပြည်နယ်တွင် ရှစ် မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ခုနှစ် မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ခြောက် မှု၊ မကွေးတိုင်းဒေသကြီးနှင့် တနသာ်ရီတိုင်း ဒေသကြီးတို့တွင် နှစ်မှုစီ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် တစ်မှုစီ ဖြစ်ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

 

(zawgyi)

ကိုးလအတြင္း လူကုန္ကူးမွု ၉၄ မွု ျဖစ္ပြားခဲ့ၿပီး ရွမ္းျပည္နယ္က အမ်ားဆံုးျဖစ္

ယခုႏွစ္ ကိုးလအတြင္း လူကုန္ကူးမွု ၉၄ မွု ျဖစ္ပြားခဲ့ၿပီး ရွမ္းျပည္နယ္က အမ်ားဆုံး ျဖစ္ပြားခဲ့ေၾကာင္း လူကုန္ကူးမွုတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ သိရသည္။

အဆိုပါ လူကုန္ကူးမွုမ်ားမွာ ဇန္နဝါရီလတြင္ ၁၅ မွု၊ ေဖေဖာ္ဝါရီလတြင္ ၇ မွု၊ မတ္လတြင္ ၉ မွု၊ ဧၿပီလတြင္ ၆ မွု၊ ေမလတြင္ ၆ မွု၊ ဇြန္လတြင္ ၁၅ မွု၊ ဇူလိုင္လတြင္ ၁၄ မွု၊ ၾသဂုတ္လတြင္ ၁၆ မွုႏွင့္ စက္တင္ဘာလတြင္ ၆ မွု ျဖစ္ပြားခဲ့ၿပီး ယင္းအမွု မ်ားတြင္ လူကုန္ကူးမွု တရားခံေပါင္း ၂၅၃ ဦး ဖမ္းဆီးရမိကာ လူကုန္ကူးခံရသူေပါင္း ၁၄၂ ဦး ရွိခဲ့ေၾကာင္းသိရသည္။

လူကုန္ကူးမွု ၉၄ မွု ျဖစ္ပြားမႈတြင္ လူကုန္ကူးခံရသူ ၁၄၀ ေက်ာ္ရွိသည့္အနက္ အမ်ိဳးသမီးက​ေလးငယ္ ၃၆ ဦးပါဝင္ကာ လူကုန္ကူးမွုမ်ားတြင္ အဓမၼ လက္ထပ္မွု၊ အဓမၼ ျပည့္တန္ဆာျပဳမွုႏွင့္ အဓမၼ လုပ္အားေစခိုင္းမွုတို႔ျဖစ္သည္။

လူကုန္ကူးခံရသူ မ်ားသည္ အိမ္နီးခ်င္းနိုင္ငံ ျဖစ္သည့္ တ႐ုတ္၊ ထိုင္း၊ မေလးရွားႏွင့္ ျပည္တြင္း၌ပင္ လူကုန္ကူးခံရျခင္း ျဖစ္ကာ အမ်ားစုမွာ တ႐ုတ္နိုင္ငံသို႔ အဓမၼလက္ထပ္မႈ ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ လူကုန္ကူးမွု ၉၄ မွုအနက္ တ႐ုတ္နိုင္ငံတြင္ အဓမၼလက္ထပ္မွု ၆၈ မွု၊ ျပည္တြင္းတြင္ အဓမၼလက္ထပ္မွု ႏွစ္မွု၊ ျပည္တြင္းတြင္ အဓမၼျပည့္တန္ဆာျပဳမွု ၁၂ မွု၊ ျပည္တြင္းတြင္ အဓမၼလုပ္အားေစခိုင္းမွု ခုႏွစ္ မွု၊ မေလးရွားတြင္ အဓမၼလုပ္အားေစခိုင္းမွု ႏွစ္မွု၊ ထိုင္းတြင္ အဓမၼ ျပည့္တန္ဆာျပဳမွု တစ္မွု၊ တ႐ုတ္တြင္ အဓမၼ လုပ္အား ေစခိုင္းမွု တစ္မွုႏွင့္ တ႐ုတ္တြင္ အဓမၼ အငွားကိုယ္ဝန္ေဆာင္မွု တစ္မွုတို႔ျဖစ္သည္။

ထို႔ျပင္ ကိုးလအတြင္း လူကုန္ကူးခံရသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွာရွမ္းျပည္နယ္တြင္ ၂၉ မွု​​ျဖင့္ အမ်ားဆုံးျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးတြင္ ၂၇ မွု၊ မႏၲေလးတိုင္း ေဒသႀကီးတြင္ ကိုးမွု၊ ခ်င္ျပည္နယ္တြင္ ရွစ္ မွု၊ ဧရာဝတီတိုင္းေဒသႀကီးတြင္ ခုႏွစ္ မွု၊ ပဲခူးတိုင္းေဒသႀကီးတြင္ ေျခာက္ မွု၊ မေကြးတိုင္းေဒသႀကီးႏွင့္ တနသာ္ရီတိုင္း ေဒသႀကီးတို႔တြင္ ႏွစ္မွုစီ၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ ေနျပည္ေတာ္တို႔တြင္ တစ္မွုစီ ျဖစ္ေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply