သပိတ္က်င္းတြင္ NLD မဲဆြယ္စည္း႐ုံးေရး ယာဥ္တန္းတိမ္ေမွာက္ လူ ၃၂ ေယာက္ ဒဏ္ရာရ ၊ ၆ ဦးစိုးရိမ္ရ

0
46

သပိတ်ကျင်းတွင် NLD မဲဆွယ်စည်းရုံးရေး ယာဉ်တန်းတိမ်မှောက် လူ ၃၂ ယောက် ဒဏ်ရာရ ၊ ၆ ဦးစိုးရိမ်ရ

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် သပိတ်ကျင်း-တကောင်းမြို့သွားသည့်ကားလမ်း မိုင်တိုင်အမှတ် ၄၀/၂ နေရာတွင် NLD မဲဆွယ်စည်းရုံးရေး ယာဉ်တန်းတိမ်မှောက်ကာ လူ ၃၂ ယောက် ဒဏ်ရာရရှိပြီး ၊ ၆ ဦးစိုးရိမ်ရကြောင်း သပိတ်ကျင်းတိုင်း ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်ကပြောသည် ။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၅ ရက် နေ့လယ်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာနေ ကိုဇော်လတ် မောင်းနှင်လာသည့် ပုဇဉ်းခေါင်းအပြာရောင် ထော်လာဂျီယာဉ်နှင့် တဖက်ယာဉ်ကြောရှိ မျက်နှာချင်းဆိုင် မောင်းလာသည့် ဆိုင်ကယ်ကိုတိမ်းရှောင်ရာမှ လမ်းဘယ်ဘက်ဘေး ထိုးကျတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” မဲဆွယ်စည်းရုံးရေးယာဉ်တန်းမဟုတ်ပါဘူး ။ ဒါက သူတို့အစီအစဉ်နဲ့သူတို့အင်အားပြတဲ့ယာဉ်တန်းပါ ။ ၃၂ ယောက် ဒဏ်ရာရတယ် ။ နှစ်ယောက်က မန္တလေးဆေးရုံကြီးကို ရောက်တဲ့အချိန်ထိ သတိမရသေးဘူး ။ခြောက်ယောက်လောက်က ဒဏ်ရာပြင်းထန်တယ် ။ စိုးရိမ်ရတယ်ပေါ့ ။ ခုတော့ မန္တလေးဆေးရုံကြီးမှာ တက်ရောက်ကုသနေပါတယ် ” ဟု ဦးစိုးလွင်ကပြောသည် ။

ယာဉ် တိမ်းမှောက်မှုတွင် အမျိုးသား ၁၈ ဦး ၊ အမျိုးသမီး ၁၄ ဦးတို့ နှင့် ယင်းတို့ထဲတွင် အသက် ၁၃ နှစ်အတွက် ယောကျာ်းလေးတစ်ဦးလည်းပါဝင်ကြောင်းသိရသည် ။

မွန်ပြည်နယ် ကျိုက်ထိုတွင်လည်း မကြာမီ ရက်ပိုင်းက NLD အောင်နိုင်လှည့်သည့် ကားမှောက်ခဲ့ရာ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၊ ဒဏ်ရာရရှိသူများတွင် မဲပေးခွင့်မရှိသေးသည့် အသက် ၁၈ နှစ်မပြည့်သော ကလေးများ ပါဝင်ခဲ့ကြောင်း နှင့် ယာဉ်မောင်း ထွက်ပြေးသွားကြောင်းလည်း သိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

သပိတ္က်င္းတြင္ NLD မဲဆြယ္စည္း႐ုံးေရး ယာဥ္တန္းတိမ္ေမွာက္ လူ ၃၂ ေယာက္ ဒဏ္ရာရ ၊ ၆ ဦးစိုးရိမ္ရ

မႏၲေလးတိုင္းေဒသၾကီး သပိတ္က်င္းၿမိဳ့နယ္ သပိတ္က်င္း-တေကာင္းၿမိဳ့သြားသည့္ကားလမ္း မိုင္တိုင္အမွတ္ ၄၀/၂ ေနရာတြင္ NLD မဲဆြယ္စည္း႐ုံးေရး ယာဥ္တန္းတိမ္ေမွာက္ကာ လူ ၃၂ ေယာက္ ဒဏ္ရာရရွိျပီး ၊ ၆ ဦးစိုးရိမ္ရေၾကာင္း သပိတ္က်င္းတိုင္း ၁ မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးလြင္ကေျပာသည္ ။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၅ ရက္ ေန႔လယ္ပိုင္းတြင္ သပိတ္က်င္းၿမိဳ့နယ္၊ ၾကာညႇပ္ေက်းရြာေန ကိုေဇာ္လတ္ ေမာင္းႏွင္လာသည့္ ပုဇဥ္းေခါင္းအျပာေရာင္ ေထာ္လာဂ်ီယာဥ္ႏွင့္ တဖက္ယာဥ္ေၾကာရွိ မ်က္ႏွာခ်င္းဆိုင္ ေမာင္းလာသည့္ ဆိုင္ကယ္ကိုတိမ္းေရွာင္ရာမွ လမ္းဘယ္ဘက္ေဘး ထိုးက်တိမ္းေမွာက္သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

” မဲဆြယ္စည္းရုံးေရးယာဥ္တန္းမဟုတ္ပါဘူး ။ ဒါက သူတို႔အစီအစဥ္နဲ႔သူတို႔အင္အားျပတဲ႔ယာဥ္တန္းပါ ။ ၃၂ ေယာက္ ဒဏ္ရာရတယ္ ။ ႏွစ္ေယာက္က မႏၱေလးေဆးရုံၾကီးကို ေရာက္တဲ႔အခ်ိန္ထိ သတိမရေသးဘူး ။ေျခာက္ေယာက္ေလာက္က ဒဏ္ရာျပင္းထန္တယ္ ။ စိုးရိမ္ရတယ္ေပါ့ ။ ခုေတာ့ မႏၱေလးေဆးရုံၾကီးမွာ တက္ေရာက္ကုသေနပါတယ္ ” ဟု ဦးစိုးလြင္ကေျပာသည္ ။

ယာဥ္ တိမ္းေမွာက္မွဳတြင္ အမ်ိဳးသား ၁၈ ဦး ၊ အမ်ိဳးသမီး ၁၄ ဦးတို႔ ႏွင္႔ ယင္းတို႔ထဲတြင္ အသက္ ၁၃ ႏွစ္အတြက္ ေယာက်ာ္းေလးတစ္ဦးလည္းပါဝင္ေၾကာင္းသိရသည္ ။

မြန္ျပည္နယ္ က်ိဳက္ထိုတြင္လည္း မၾကာမီ ရက္ပိုင္းက NLD ေအာင္နိုင္လွည့္သည္႔ ကားေမွာက္ခဲ႔ရာ၈ ဦး ဒဏ္ရာရရွိခဲ႔ၿပီး ၊ ဒဏ္ရာရရွိသူမ်ားတြင္ မဲေပးခြင့္မရွိေသးသည္႔ အသက္ ၁၈ ႏွစ္မျပည့္ေသာ ကေလးမ်ား ပါဝင္ခဲ႔ေၾကာင္း ႏွင္႔ ယာဥ္ေမာင္း ထြက္ေျပးသြားေၾကာင္းလည္း သိရသည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply