ထိုင္းအစိုးရက လူဦးေရထက္ဝက္အတြက္ ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား ပထမအသုတ္ဝယ္မည္

0
13

ထိုင်းအစိုးရက လူဦးရေထက်ဝက်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပထမအသုတ်ဝယ်မည်

ဘတ်ငွေ သုံးဘီလီယံဖိုးနီးပါးရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုင်းပြည်သူများအတွက် ပြည်ပနိုင်ငံ များမှကြိုတင်မှာယူရန်ထိုင်းအမျိုးသားကာကွယ်ဆေးကော်မတီကဆောင်ရွက်လျက်ရှိကြောင်းသတင်း များအရ သိရသည်။
ထိုင်းအစိုးရပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ပန်ပရာပါ ယုံထရက်ကူလ် က ကော်မတီအနေဖြင့် ထိုင်းနိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများပထ မအသုတ် ဝယ်ယူသွားမည်ဖြစ်ပြီး ထို့အတွက် ဘတ်ငွေ ၂ ဒသမ ၉၃ ဘီလီယံ ကို သီးသန့်လျာထား ကြောင်း သတင်းစာရှင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။
၎င်းက ထိုင်းပြည်သူ ၃၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးထောက်ပံ့ရောင်းချနိုင်ရန် ဆေးအား တတိ ယအဆင့်စမ်းသပ်မှုအထိပြုလုပ်ပြီးသောကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်သူကုမ္ပဏီအား ထိုင်းအစိုး ရ ကလေ့လာရှာဖွေနေကြောင်းနှင့် ထိုင်းပြည်သူ ၂၀ ရာခိုင်နှုန်းအတွက်ကိုမူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကုမ္ပဏီတစ်ခုဖြစ်သော Covax မှထပ်မံမှာယူရန် စီစဉ်ထားကြောင်းလည်းပြောခဲ့သည်။
ထိုမှာယူမှုက ထိုင်းနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးခန့်ရှိသော ပြည်သူ ၃၃ သန်းအတွက်လွှမ်းခြုံမိစေနိုင် မည်ဖြစ်ကာ ကာကွယ်ဆေးတန်ဖိုးမှာ တစ်ကြိမ်အတွက် ဘတ်ငွေ ၇၀၀ ခန့်ရှိပြီး ထိရောက်မှုရှိစေရန်လူ တစ်ဦးလျှင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးရမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ဆေးတက္ကသိုလ်မှ ညွှန် ကြားရေးမှူးဒေါက်တာ နာခွမ် ပရမ်ဆရီ ကပြောခဲ့သည်။
၎င်းက အစိုးရအနေဖြင့် ထိုသို့ကာကွယ်ဆေးမှာယူမှုအတွက် ထောက်ပံ့ငွေကို ကိုဗစ်-၁၉ ကာကွယ်ရေး ချေးငွေရံပုံငွေ (သို့မဟုတ်) အစိုးရ၏ ဘဏ္ဍာရေးအသုံးစရိတ်မှ ရှာဖွေသွားရမည်ဖြစ်ကြောင်းလည်းပြော ခဲ့သည်။
Ref—— Bangkok Post
Translated by Htwe Ko Tun
#TheFifthWaveNews

စမ်းသပ်ထုတ်လုပ်ထားကြသည့် ကိုဗစ်-၁၉ ကာကွယ်တေးတစ်မျိုးအားတွေ့ရစဉ်။(photo—Facebook)

(zawgyi)

ထိုင္းအစိုးရက လူဦးေရထက္ဝက္အတြက္ ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား ပထမအသုတ္ဝယ္မည္

ဘတ္ေငြ သံုးဘီလီယံဖိုးနီးပါးရွိ ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ားကို ထိုင္းျပည္သူမ်ားအတြက္ ျပည္ပႏိုင္ငံ မ်ားမွႀကိဳတင္မွာယူရန္ထိုင္းအမ်ိဳးသားကာကြယ္ေဆးေကာ္မတီကေဆာင္ရြက္လ်က္ရွိေၾကာင္းသတင္း မ်ားအရ သိရသည္။
ထိုင္းအစိုးရျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူအမ်ိဳးသမီး ပန္ပရာပါ ယံုထရက္ကူလ္ က ေကာ္မတီအေနျဖင့္ ထိုင္းႏိုင္ငံလူဦးေရ၏ ထက္ဝက္ခန္႔အတြက္ ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ားပထ မအသုတ္ ဝယ္ယူသြားမည္ျဖစ္ၿပီး ထို႔အတြက္ ဘတ္ေငြ ၂ ဒသမ ၉၃ ဘီလီယံ ကို သီးသန္႕လ်ာထား ေၾကာင္း သတင္းစာရွင္းပဲြတစ္ခုတြင္ေျပာၾကားခဲ့သည္။
၎က ထိုင္းျပည္သူ ၃၀ ရာခိုင္ႏႈန္းအတြက္ ကာကြယ္ေဆးေထာက္ပံ့ေရာင္းခ်ႏိုင္ရန္ ေဆးအား တတိ ယအဆင့္စမ္းသပ္မႈအထိျပဳလုပ္ၿပီးေသာကိုဗစ္-၁၉ ကာကြယ္ေဆးထုတ္လုပ္သူကုမၸဏီအား ထိုင္းအစိုး ရ ကေလ့လာရွာေဖြေနေၾကာင္းႏွင့္ ထိုင္းျပည္သူ ၂၀ ရာခိုင္ႏႈန္းအတြက္ကိုမူ ကမာၻ႕က်န္းမာေရးအဖဲြ႕၏ ကုမၸဏီတစ္ခုျဖစ္ေသာ Covax မွထပ္မံမွာယူရန္ စီစဥ္ထားေၾကာင္းလည္းေျပာခဲ့သည္။
ထိုမွာယူမႈက ထိုင္းႏိုင္ငံလူဦးေရ၏ ထက္ဝက္နီးပါးခန္႔ရွိေသာ ျပည္သူ ၃၃ သန္းအတြက္လႊမ္းၿခံဳမိေစႏိုင္ မည္ျဖစ္ကာ ကာကြယ္ေဆးတန္ဖိုးမွာ တစ္ႀကိမ္အတြက္ ဘတ္ေငြ ၇၀၀ ခန္႔ရွိၿပီး ထိေရာက္မႈရွိေစရန္လူ တစ္ဦးလွ်င္ ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးရမည္ျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေဆးတကၠသိုလ္မွ ညႊန္ ၾကားေရးမွဴးေဒါက္တာ နာခြမ္ ပရမ္ဆရီ ကေျပာခဲ့သည္။
၎က အစိုးရအေနျဖင့္ ထိုသို႔ကာကြယ္ေဆးမွာယူမႈအတြက္ ေထာက္ပံ့ေငြကို ကိုဗစ္-၁၉ ကာကြယ္ေရး ေခ်းေငြရံပံုေငြ (သို႔မဟုတ္) အစိုးရ၏ ဘ႑ာေရးအသံုးစရိတ္မွ ရွာေဖြသြားရမည္ျဖစ္ေၾကာင္းလည္းေျပာ ခဲ့သည္။
Ref—— Bangkok Post
Translated by Htwe Ko Tun
#TheFifthWaveNews

စမ္းသပ္ထုတ္လုပ္ထားၾကသည့္ ကိုဗစ္-၁၉ ကာကြယ္ေတးတစ္မ်ိဳးအားေတြ႔ရစဥ္။(photo—Facebook)

Leave a Reply