သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်ပ ရင်းနှီးမြှုပ်နှံ မှု ယခင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ သန်း ၂၀၀ ခန့် လျော့ကျ

0
13

သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်ပ ရင်းနှီးမြှုုပ်နှံ မှု ယခင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ သန်း ၂၀၀ ခန့် လျော့ကျ

အောက်တိုဘာ ၆

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သီလဝါ အထူးစီးပွားရေးဇုန်မှ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၆၃ သန်းကျော် ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက သန်း ၂၀၀ ခန့် လျော့ကျခဲ့ကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA)၏ စာရင်းများအရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုလုပ်ငန်း ၈ ခုမှ ရင်းနှီးမြှုုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၁၆၃ ဒဿမ ၂၇၇ သန်း ရရှိခဲ့ပြီး ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်း ၁၆ ခုမှ ရင်းနှီးမြှုုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၆၂ ဒဿမ ၂၈၀ သန်း ရရှိခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ပြီးခဲ့သည့် နှစ်ကာလတူထက်လုပ်ငန်း ၈ ခု လျော့နည်းခဲ့သည့်အပြင်
ရင်းနှီးမြှုုပ်နှံမှု ပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၁၉၉ ဒဿမ ၀၀၃ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

လက်ရှိ အစိုးရသက်တမ်း လေးနှစ်ကျော် ကာလအတွင်း သီလဝါအထူးစီးပွားရေးဇုန်မှ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု လုပ်ငန်း ၆၀ မှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ
တစ်ဘီလီယံကျော် ရရှိထားသည်။

သီလဝါအထူးစီးပွားရေးဇုန်သို့ ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ စက်မှုကဏ္ဍ၊ ကုန်စည်ရောင်းဝယ်ရေးကဏ္ဍ၊ အိမ်ရာနှင့် အဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့ဖြစ်သည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်ပ ရင်းနှီးမြှုပ်နှံ မှု ယခင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ သန်း ၂၀၀ ခန့် လျော့ကျ

အောက်တိုဘာ ၆

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သီလဝါ အထူးစီးပွားရေးဇုန်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၆၃ သန်းကျော် ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဉ်ပါက သန်း ၂၀၀ ခန့် လျော့ကျခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA)၏ စာရင်းများအရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၁၆၃ ဒဿမ ၂၇၇ သန်း ရရှိခဲ့ပြီး ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၆ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၆၂ ဒဿမ ၂၈၀ သန်း ရရှိခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ပြီးခဲ့သည့် နှစ်ကာလတူထက်လုပ်ငန်း ၈ ခု လျော့နည်းခဲ့သည့်အပြင်
ရင်းနှီးမြှုပ်နှံမှု ပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၁၉၉ ဒဿမ ၀၀၃ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

လက်ရှိ အစိုးရသက်တမ်း လေးနှစ်ကျော် ကာလအတွင်း သီလဝါအထူးစီးပွားရေးဇုန်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၀ မှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ


ဝေဝေဖြိုး
#TheFifthWaveNews

 

Leave a Reply