ကြာရန္တင္းစင္တာမ်ားကို မဲရံုအျဖစ္သံုးရန္ ညွိႏိႈင္းသြားမည္ဟုဆို

0
24

ကွာရန်တင်းစင်တာများကို မဲရုံအဖြစ်သုံးရန် ညှိနှိုင်းသွားမည်ဟုဆို

လက်ရှိအသုံးပြုနေသည့် ကွာရန်တင်းစင်တာများကို မဲရုံအဖြစ်အသုံးပြုရန် ရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

ကွာရန်တင်းစင်တာများကို မဲရုံအဖြစ်အသုံးပြုပါက ကျန်းမာရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကြိုတင်စီမံပြင်ဆင်ထားမှုအခြေအနေကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒါကကြည့်နေပါတယ်။ ကွာရန်တင်းတင်တာတွေက မဲရုံဖြစ်သွားသလို မဲရုံကြေညာ ထားတာတွေ ကလည်း ကွာရန်တင်းစင်တာဖြစ်သွားတာရှိပါတယ်။ အဓိကတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ မြေပြင်အနေအထားမှာ ညှိရမယ့်ဟာဖြစ်ပါတယ်။ ကွာရန်တင်းစင်တာကို ဦးစားပေးဆောင်ရွက်ရင် တစ်ဖက်ကမဲရုံကိုဘယ်လိုဆောင်ရွက်မလဲပေါ့၊ အလျှော့အတင်းကတော့ ညှိရအုံးမှာဖြစ်ပါတယ်။ သူများပြောတဲ့ဟာတွေကလည်း ရာနှုန်းပြည့်မမှန်နိုင်ပါဘူး”ဟုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
Covid-19 ကပ်ရောဂါအခြေအနေတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကိုကျင်းပသွားမည်ဖြစ်ပြီး မဲရုံအရေအတွက်ကိုလည်း ၅၀၀၀၀ ဝန်းကျင်ထားရှိထားကြောင်း၊ ယင်းအပြင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် မဲရုံအတွင်း Covid-19 ကြိုတင်ကာကွယ်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရသည်။
အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဖုန်းဖြင့်ဆက်သွယ်ရာတွင် မရရှိခဲ့ပေ။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

ကြာရန္တင္းစင္တာမ်ားကို မဲရံုအျဖစ္သံုးရန္ ညွိႏိႈင္းသြားမည္ဟုဆို

လက္ရွိအသံုးျပဳေနသည့္ ကြာရန္တင္းစင္တာမ်ားကို မဲရံုအျဖစ္အသံုးျပဳရန္ ေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ ညွိႏိႈင္းေဆြးေႏြးရမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းနိုင္စိုးက ေျပာသည္။

ကြာရန္တင္းစင္တာမ်ားကို မဲရံုအျဖစ္အသံုးျပဳပါက က်န္းမာေရးေဆာင္ရြက္ခ်က္မ်ားႏွင့္ ပတ္သက္၍ ႀကိဳတင္စီမံျပင္ဆင္ထားမႈအေျခအေနကို ဆက္သြယ္ေမးျမန္းရာတြင္ ၄င္းကအထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ ဒါကၾကည့္ေနပါတယ္။ ကြာရန္တင္းတင္တာေတြက မဲရံုျဖစ္သြားသလို မဲရံုေၾကညာ ထားတာေတြ ကလည္း ကြာရန္တင္းစင္တာျဖစ္သြားတာရွိပါတယ္။ အဓိကေတာ့ ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ ေျမျပင္အေနအထားမွာ ညွိရမယ္႔ဟာျဖစ္ပါတယ္။ ကြာရန္တင္းစင္တာကို ဦးစားေပးေဆာင္ရြက္ရင္ တစ္ဖက္ကမဲရံုကိုဘယ္လိုေဆာင္ရြက္မလဲေပါ့၊ အေလွ်ာ့အတင္းကေတာ့ ညွိရအံုးမွာျဖစ္ပါတယ္။ သူမ်ားေျပာတဲ့ဟာေတြကလည္း ရာႏႈန္းျပည့္မမွန္ႏိုင္ပါဘူး”ဟုက်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။
Covid-19 ကပ္ေရာဂါအေျခအေနတြင္ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲကိုက်င္းပသြားမည္ျဖစ္ၿပီး မဲရံုအေရအတြက္ကိုလည္း ၅၀၀၀၀ ဝန္းက်င္ထားရွိထားေၾကာင္း၊ ယင္းအျပင္ ေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ မဲရံုအတြင္း Covid-19 ႀကိဳတင္ကာကြယ္မႈမ်ား၊ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးညွိႏိႈင္းေနေၾကာင္း သိရသည္။
အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္သို႔ ဖုန္းျဖင့္ဆက္သြယ္ရာတြင္ မရရွိခဲ့ေပ။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply