ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံး ေမြးျမဴေရးႏွင့္ပတ္သက္သည့္ GAHP အသိအမွတ္ျပဳလက္မွတ္ ထုတ္ေပး

0
16

မြန်မာနိုင်ငံတွင် ပထမဦးဆုံး မွေးမြူရေးနှင့်ပတ်သက်သည့် GAHP အသိအမှတ်ပြုလက်မှတ် ထုတ်ပေး

မြန်မာနိုင်ငံတွင် ပထမဦးဆုံးမွေးမြူရေးနှင့်ပါတ်သက်သည့်မွေးမြူရေးအလေ့ကျင့်ကောင်းများ (Good Animal Husbandy Pratices) GAHP အသိအမှတ်ပြုလက်မှတ်ကိုမွေးမြူရေးခြံများအား အောက်တိုဘာ ၆ ရက် တွင် ထုတ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေး လုပ်ငန်းရှင်များ အသင်းထံမှသိရသည် ။

အဆိုပါGAHP အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၆ ရက်နေ့နံနက်ပိုင်းတွင်မန္တလေးမြို့တိုင်းဒေသကြီးဦးစီးမှူးရုံး၌ကျင်းပခဲ့ကာမန္တလေးတိုင်းဒေသကြီးအတွင်းမှဥစားကြက်ခြံနှင့်ဝက်မွေးမြူရေးခြံနှစ်ခြံတို့အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ကြောင်းသိရသည် ။

” လက်မှတ်ရခြံတွေက ထုတ်ကုန်တွေမှာ သီးသန့်ဈေးကွက်မရှိသေးပေမယ့် နောက်ပိုင်းမှာ ဈေးကွက်တောင်းဆိုမှုတွေများလာမယ် ။ အနာဂါတ်မှာ မွေးမြူရေးထုတ်ကုန်တွေက ပို့ကုန်လုပ်ငန်းအဆင့်ထိ ဖြစ်လာတော့မှာပါ ။ အဲ့ဒီအချိန်မှာ ဒီလိုလက်မှတ်ရခြံတွေများလာရင် နိုင်ငံခြားပို့ကုန်လုပ်ငန်းတွေ အတွက် လက်မှတ်ရ ခြံတွေက အဆင့်သင့်ဖြစ်လာမယ် ။ ဒီလက်မှတ်ကို ကြက်၊ဝက်၊နွား၊ဆိတ်၊ မွေးမြူရေးခံတွေ လျှောက်ထားနိုင်ပါတယ် ” ဟု ဥစားကြက်ခြံ GAHP လက်မှတ်ရ ခြံပိုင်ရှင် ဒေါက်တာကျော်ထင်က ပြောသည် ။

အသိအမှတ်ပြုလက်မှတ်ရမွေးမြူရေးခြံများအနေဖြင့် မွေးမြူရေး အလေ့အကျင့်ကောင်း လမ်းညွှန်ချက်များအတိုင်း မွေးမြူရေးခြံ ၊အစာရေ ၊ခြံအုပ်ချုပ်မှု ၊ကျန်းမာရေးစီမံခန့်ခွဲခြင်း၊ တိရစ္ဆာန်အခွင့်အရေးသယ်ဆောင်ခြင်းနှင့်သိုလှောင်ရုံမှတ်တမ်းများကို စနစ်တကျရေးသွင်းထားမှုများကို စစ်ဆေးခံရပြီးအဆိုပါလက်မှတ်မှာ ပထမဦးဆုံးမွေးမြူရေးနှင့်ပါတ်သက်သော GAHP အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းဖြစ်ကာတစ်နှစ်သက်တမ်းရှိကြောင်းသိရသည် ။

မန္တလေးတိုင်းအတွင်းဥစားကြက်မွေးမြူရေး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် အသိအမှတ်ပြုလက်မှတ်ကိုMandalay Livestock Development Co.,Ltd ( Egg Mandalay ) မှရရှိပြီးဝက်မွေးမြူရေး ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် အသိအမှတ်ပြုလက်မှတ်ကို Katec in Myanmar Co.,Ltd မှရရှိခဲခြင်းဖြစ်ကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

 

ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံး ေမြးျမဴေရးႏွင့္ပတ္သက္သည့္ GAHP အသိအမွတ္ျပဳလက္မွတ္ ထုတ္ေပး

ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံးေမြးျမဴေရးႏွင့္ပါတ္သက္သည့္ေမြးျမဴေရးအေလ့က်င့္ေကာင္းမ်ား (Good Animal Husbandy Pratices) GAHP အသိအမွတ္ျပဳလက္မွတ္ကိုေမြးျမဴေရးျခံမ်ားအား ေအာက္တိုဘာ ၆ ရက္ တြင္ ထုတ္ေပးခဲ႔ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ေမြးျမဴေရး လုပ္ငန္းရွင္မ်ား အသင္းထံမွသိရသည္ ။

အဆိုပါGAHP အသိအမွတ္ျပဳလက္မွတ္ေပးအပ္ပြဲအခမ္းအနားကို ေအာက္တိုဘာလ ၆ ရက္ေန႔နံနက္ပိုင္းတြင္မႏၲေလးၿမိဳ့တိုင္းေဒသႀကီးဦးစီးမွဴး႐ုံး၌က်င္းပခဲ႔ကာမႏၲေလးတိုင္းေဒသႀကီးအတြင္းမွဥစားၾကက္ၿခံႏွင့္၀က္ေမြးျမဴေရးၿခံႏွစ္ၿခံတို႔အသိအမွတ္ျပဳလက္မွတ္ရရွိခဲ႔ေၾကာင္းသိရသည္ ။

” လက္မွတ္ရၿခံေတြက ထုတ္ကုန္ေတြမွာ သီးသန္႔ေစ်းကြက္မရွိေသးေပမယ္႔ ေနာက္ပိုင္းမွာ ေစ်းကြက္ေတာင္းဆိုမႈေတြမ်ားလာမယ္ ။ အနာဂါတ္မွာ ေမြးျမဴေရးထုတ္ကုန္ေတြက ပို႔ကုန္လုပ္ငန္းအဆင့္ထိ ျဖစ္လာေတာ့မွာပါ ။ အဲ့ဒီအခ်ိန္မွာ ဒီလိုလက္မွတ္ရၿခံေတြမ်ားလာရင္ ႏိုင္ငံျခားပို႔ကုန္လုပ္ငန္းေတြ အတြက္ လက္မွတ္ရ ၿခံေတြက အဆင့္သင့္ျဖစ္လာမယ္ ။ ဒီလက္မွတ္ကို ၾကက္၊၀က္၊ႏြား၊ဆိတ္၊ ေမြးျမဴေရးခံေတြ ေလွ်ာက္ထားႏိုင္ပါတယ္ ” ဟု ဥစားၾကက္ၿခံ GAHP လက္မွတ္ရ ၿခံပိုင္ရွင္ ေဒါက္တာေက်ာ္ထင္က ေျပာသည္ ။

အသိအမွတ္ျပဳလက္မွတ္ရေမြးျမဴေရးၿခံမ်ားအေနျဖင္႔ ေမြးျမဴေရး အေလ့အက်င့္ေကာင္း လမ္းညႊန္ခ်က္မ်ားအတိုင္း ေမြးျမဴေရးၿခံ ၊အစာေရ ၊ၿခံအုပ္ခ်ဳပ္မႈ ၊က်န္းမာေရးစီမံခန္႔ခြဲျခင္း၊ တိရစာၦန္အခြင့္အေရးသယ္ေဆာင္ျခင္းႏွင့္သိုေလွာင္ရံုမွတ္တမ္းမ်ားကို စနစ္တက်ေရးသြင္းထားမႈမ်ားကို စစ္ေဆးခံရၿပီးအဆိုပါလက္မွတ္မွာ ပထမဦးဆုံးေမြးျမဴေရးႏွင့္ပါတ္သက္ေသာ GAHP အသိအမွတ္ျပဳလက္မွတ္ထုတ္ေပးျခင္းျဖစ္ကာတစ္ႏွစ္သက္တမ္းရွိေၾကာင္းသိရသည္ ။

မႏၱေလးတိုင္းအတြင္းဥစားၾကက္ေမြးျမဴေရး ေကာင္းမြန္ေသာေမြးျမဴေရးက်င့္စဥ္ အသိအမွတ္ျပဳလက္မွတ္ကိုMandalay Livestock Development Co.,Ltd ( Egg Mandalay ) မွရရွိၿပီးဝက္ေမြးျမဴေရး ေကာင္းမြန္ေသာေမြးျမဴေရးက်င့္စဥ္ အသိအမွတ္ျပဳလက္မွတ္ကို Katec in Myanmar Co.,Ltd မွရရွိခဲျခင္းျဖစ္ေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply