ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ား သံ႐ုံးခုႏွစ္႐ုံးတြင္ ႀကိဳတင္ဆႏၵမဲေပးမႈမ်ား လုပ္ေဆာင္ေန

0
15

ပြည်ပရောက် မြန်မာနိုင်ငံသားများ သံရုံးခုနှစ်ရုံးတွင် ကြိုတင်ဆန္ဒမဲပေးမှုများ လုပ်ဆောင်နေ

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့်အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများသည် မြန်မာသံရုံး ခုနှစ်ရုံးတွင်ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၇၇၃) ဦး၊ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၂၀)ဦး၊ နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၇ ) ဦး၊ စင်ကာပူနိုင်ငံ၊ စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင်(၁၇၀၀)ကျော်ခန့်၊ အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၂) ဦး၊ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၆၉) ဦးနှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ( ၄၁၈) ဦးတို့ အသီးသီးလာရောက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

‌ယင်းအပြင် အောက်တိုဘာ ၆ ရက်တွင် နီပေါနိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသား များ ကြိုတင်ဆန္ဒမဲပေးမှု ပြီးဆုံးခဲ့ပြီး စုစုပေါင်း (၇) နိုင်ငံတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးမှု ပြီးဆုံးခဲ့ကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး အတွက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ စီစဉ်ထားရှိသည့် နေ့ရက်များတွင် ကြိုတင်ဆန္ဒမဲပေးခြင်းများကို ပြုလုပ်လျက်ရှိပြီး အောက်တိုဘာ ၇ ရက်တွင် ဘရာဇီးလ်နိုင်ငံ၊ ဘရာဇီးလျားမြို့၊ မြန်မာသံရုံးနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံးတို့တွင် လည်းကောင်း၊ ၈ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ မြန်မာ သံရုံးနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့တွင် လည်းကောင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

လာမည့်နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ၃၇ သန်းကျော်မဲပေးခွင့်ရှိပြီး ပြည်ပရောက်နိုင်ငံသားများ မဲပေးခွင့်ရှိသူဦးရေမှာ ၁၅၀၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ား သံ႐ုံးခုႏွစ္႐ုံးတြင္ ႀကိဳတင္ဆႏၵမဲေပးမႈမ်ား လုပ္ေဆာင္ေန

ႏိုဝင္ဘာ ၈ ရက္တြင္က်င္းပမည့္အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္ဆႏၵမဲ ေပးပိုင္ခြင့္ရွိသည့္ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားသည္ ျမန္မာသံ႐ုံး ခုႏွစ္႐ုံးတြင္ႀကိဳတင္ဆႏၵမဲမ်ား ဆက္လက္ေပးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ သိရသည္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး၌ မဲဆႏၵရွင္ (၇၇၃) ဦး၊ အီဂ်စ္ႏိုင္ငံ၊ ကိုင္႐ိုၿမိဳ႕ရွိ ျမန္မာသံ႐ုံး၌ မဲဆႏၵရွင္ (၂၀)ဦး၊ နီေပါႏိုင္ငံ၊ ကတၱမႏၵဴးၿမိဳ႕ရွိ ျမန္မာသံ႐ုံး၌ မဲဆႏၵရွင္ (၇ ) ဦး၊ စင္ကာပူႏိုင္ငံ၊ စင္ကာပူၿမိဳ႕ရွိ ျမန္မာသံ႐ုံး၌ မဲဆႏၵရွင္(၁၇၀၀)ေက်ာ္ခန႔္၊ အစၥေရးႏိုင္ငံ၊ တဲလ္အဗီးၿမိဳ႕ရွိ ျမန္မာသံ႐ုံး၌ မဲဆႏၵရွင္ (၂) ဦး၊ကိုရီးယားသမၼတႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး၌ မဲဆႏၵရွင္ (၆၉) ဦးႏွင့္ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံး၌ မဲဆႏၵရွင္ ( ၄၁၈) ဦးတို႔ အသီးသီးလာေရာက္ ႀကိဳတင္ဆႏၵမဲေပးခဲ့ေၾကာင္း သိရသည္။

‌ယင္းအျပင္ ေအာက္တိုဘာ ၆ ရက္တြင္ နီေပါႏိုင္ငံ၌ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသား မ်ား ႀကိဳတင္ဆႏၵမဲေပးမႈ ၿပီးဆုံးခဲ့ၿပီး စုစုေပါင္း (၇) ႏိုင္ငံတြင္ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ား ႀကိဳတင္ဆႏၵမဲေပးမႈ ၿပီးဆုံးခဲ့ေၾကာင္း သိရသည္။

ျပည္ပႏိုင္ငံမ်ားသို႔ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ား ႀကိဳတင္ဆႏၵမဲ ေပးႏိုင္ေရး အတြက္ ျမန္မာသံ႐ုံး၊ အဖြဲ႕႐ုံး၊ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးမ်ား၌ စီစဥ္ထားရွိသည့္ ေန႔ရက္မ်ားတြင္ ႀကိဳတင္ဆႏၵမဲေပးျခင္းမ်ားကို ျပဳလုပ္လ်က္ရွိၿပီး ေအာက္တိုဘာ ၇ ရက္တြင္ ဘရာဇီးလ္ႏိုင္ငံ၊ ဘရာဇီးလ်ားၿမိဳ႕၊ ျမန္မာသံ႐ုံးႏွင့္ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံ၊ နန္နင္းၿမိဳ႕၊ ျမန္မာေကာင္စစ္ဝန္ ခ်ဳပ္႐ုံးတို႔တြင္ လည္းေကာင္း၊ ၈ ရက္တြင္ အိႏၵိယႏိုင္ငံ၊ နယူးေဒလီၿမိဳ႕၊ ျမန္မာ သံ႐ုံးႏွင့္ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံ၊ ကူမင္းၿမိဳ႕၊ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးတို႔တြင္ လည္းေကာင္း ႀကိဳတင္ဆႏၵမဲေပးႏိုင္ေရးအတြက္ စီစဥ္ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

လာမည့္ႏိုဝင္ဘာလ ၈ ရက္တြင္က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲတြင္ ၃၇ သန္းေက်ာ္မဲေပးခြင့္ရွိၿပီး ျပည္ပေရာက္ႏိုင္ငံသားမ်ား မဲေပးခြင့္ရွိသူဦးေရမွာ ၁၅၀၀၀၀ ဝန္းက်င္ရွိေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply