ႏွင္းဆီပါတီမွ လူအင္အား ၅၀၀ ေက်ာ္ျဖင့္လွည့္လည္ အင္အားျပ

0
21

နှင်းဆီပါတီမှ လူအင်အား ၅၀၀ ကျော်ဖြင့်လှည့်လည် အင်အားပြ

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အောက်တိုဘာလ ၇ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေတွင်နှင်းဆီပါတီမှ လူအင်အား၅၀၀ကျော်ဖြင့်လှည့်လည်အင်အားပြခဲ့ကြသည်။

အင်အားပြရာတွင် ပါတီစတေကာများ တပ်ဆင်ပြီး အောင်နိုင်ရေးသီချင်းတွေဖွင့် ကာ ဆိုင်ကယ်များ၊ ကားများဖြင့်နေပြည်တော်ရာဇာဌာနီ လမ်းမကြီး (ဥပ္ပါတသန္တိ စေတီကြီးအရှေ့)ကနေ့ စတင် ထွက်လာပြီး နှင်းဆီပန်းအဝိုင်း၊ ပျဉ်းမနားမြို့တွင်းနေရာအချို့နှင့် သပြေကုန်း၊ လယ်ဝေး၊ မြို့မဈေး များကို လှည့်လည်သွားခဲ့သည်။

၎င်းတို့ပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၇၅ ရာခိုင်နှုန်းအနိုင်ရရှိမည်ဟု မျှော်မှန်းထားကြောင်း ပါတီအဖွဲ့ဝင် နေပြည်တော်တိုင်းဦးစီးမှူး ဦးထွန်းလင်းကပြောသည်။

ပါတီ၏ ဥက္ကဌဖြစ်သူ ဦးကျော်မြင့်ကိုလက်ရှိတွင် ထောင်ပြေးမှု အဖြစ် ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ နဲ့ တရားဆွဲတင်ထားခြင်းဖြစ်သည်။

ပါတီအနေဖြင့် ဥက္ကဌ ပေါ် မူတည်နေခြင်းမဟုတ်ပဲ ပါတီ စိတ်ဓာတ်ဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဦးထွန်းလင်းကပြောသည်။

ရွေးကောက်ပွဲတွင် နှင်းဆီပါတီ မှ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

(Zawgyi)

ေရြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ ေအာက္တိုဘာလ ၇ ရက္ေန႔က ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ႏွင္းဆီပါတီမွ လူအင္အား၅၀၀ေက်ာ္ျဖင့္လွည့္လည္အင္အားျပခဲ့ၾကသည္။

အင္အားျပရာတြင္ ပါတီစေတကာမ်ား တပ္ဆင္ၿပီး ေအာင္ႏိုင္ေရးသီခ်င္းေတြဖြင္႔ ကာ ဆိုင္ကယ္မ်ား၊ ကားမ်ားျဖင့္ေနျပည္ေတာ္ရာဇာဌာနီ လမ္းမႀကီး (ဥပၸါတသႏၲိ ေစတီႀကီးအေရွ႕)ကေန႔ စတင္ ထြက္လာၿပီး ႏွင္းဆီပန္းအဝိုင္း၊ ပ်ဥ္းမနားၿမိဳ႕တြင္းေနရာအခ်ဳိ႕ႏွင့္ သေျပကုန္း၊ လယ္ေ၀း၊ ျမဳိ႕မေစ်း မ်ားကို လွည္႔လည္သြားခဲ့သည္။

၎တို႔ပါတီအေနျဖင့္ လာမည့္ ေရြးေကာက္ပြဲတြင္ တစ္ႏိုင္ငံလံုး အတိုင္းအတာအေနျဖင့္ ၇၅ ရာခိုင္ႏႈန္းအႏိုင္ရ႐ွိမည္ဟု ေမ်ွာ္မွန္းထားေၾကာင္း ပါတီအဖြဲ႔ဝင္ ေနျပည္ေတာ္တိုင္းဦးစီးမႉး ဦးထြန္းလင္းကေျပာသည္။

ပါတီ၏ ဥကၠဌျဖစ္သူ ဦးေက်ာ္ျမင့္ကိုလက္႐ွိတြင္ ေထာင္ေျပးမွဳ အျဖစ္ ရာဇာသတ္ႀကီး ဥပေဒပုဒ္မ ၂၂၄ နဲ႔ တရားဆြဲတင္ထားျခင္းျဖစ္သည္။

ပါတီအေနျဖင့္ ဥကၠဌ ေပၚ မူတည္ေနျခင္းမဟုတ္ပဲ ပါတီ စိတ္ဓာတ္ျဖင့္သာ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ဦးထြန္းလင္းကေျပာသည္။

ေရြးေကာက္ပြဲတြင္ ႏွင္းဆီပါတီ မွ ကိုယ္စားလွယ္ေလာင္း ၁၁၄၃ ဦးဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္းသိရသည္။

ယဥ္ေကႏြယ္
#TheFifthWaveNews

Leave a Reply