မႏၱေလး ရတနာပံုတိရစၧာန္ဥယာဥ္မွ တိရစၧာန္မ်ားကို ေမြးစားခြင့္ျပဳမည္

0
24

မန္တလေး ရတနာပုံတိရစ္ဆာန်ဥယာဉ်မှ တိရစ္ဆာန်များကို မွေးစားခွင့်ပြုမည်

မန္တလေးရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှ ခြင်္သေ့ ၊ ဆင် ၊ မိကျောင်း အပါအဝင် တိရစ္ဆာန်ခုနှစ်မျိုးကို မွေးစားခွင့်ပြုမည်ဖြစ်ကြောင်း ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။

ရည်ရွယ်ချက်မှာ တိရစ္ဆာန်နှင့်လူအကြား ရင်းနှီးမှုများလာစေရန်နှင့် တိရစ္ဆာန်ချစ်သူများအနေဖြင့် မိမိ ချစ်မြတ် နိုးသော တိရစ္ဆာန်လေးများ၏ နေ့စဉ်အစာအာဟာရနှင့် လိုအပ်သောဆေးဝါး၊ ဖြည့်စွက်စာများကို ထောက်ပံ့ပေးနိုင်မှာဖြစ်ကြောင်း သိရသည်။
မွေးစားခွင့်ပြုရာတွင် ခြင်္သေ့၊ ဆင်၊ ရေမြင်း၊ မြင်းကျား၊ ကျား၊ ကုလားအုတ်၊ မိကျောင်းဖြစ်ပြီး တိရစ္ဆာန်ချစ်သူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်စု၍ဖြစ်စေ တိရစ္ဆာန်လေးများကို တစ်လ၊ သုံးလ၊ ခြောက်လ မိမိနှစ်သက်ရာအချိန်ကာလကို ရွေးချယ်ကာ မွေးစားနိုင်ကြောင်း သိရသည်။

” တိရစ္ဆာန်လေးတွေရဲ့ အကောင်အလိုက်ကို ဈေးကွာပါတယ် ။ ခြင်္သေ့ကို မွေးသာချင်တယ်ဆိုရင် တစ်လကို ၆၇၀၀၀၀ ကျမှာဖြစ်ပါတယ် ။ မွေးစားသူတွေကို အသိမှတ်ပြု Certificate ထုတ်ပေးမယ် ။ ဥယျာဉ်သို့အခမဲ့ဝင်ရောက်နိုင်တဲ့ ကူပွန်ပေးမယ် ။ မျကမ္ဗည်းမှတ်တမ်းတင်ပေးတာတွေလုပ်ဆောင်ပေးမယ် ” ဟု ရတနာပုံတိရစ္ဆာန်ဥယာဉ်မှ တာဝန်ရှိသူတစ်ဦးကပြောသည် ။

ရတနာပုံတိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန်လေးများအား မွေးစား ခြင်းဖြင့် နေ့စဉ် အစာအာဟာရ ကျွေးမွေး ထောက်ပံ့ပေးနိုင်ခြင်း၊ ဆေးဝါး၊ ဖြည့်စွက်စာနှင့် ကျန်း မာရေးစောင့်ရှောက်မှု ပေးနိုင်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။

ခြင်္သေ့တစ်ကောင် မွေးစား ခွင့် တစ်လလျှင် ကျပ် ၆၇၀,၀၀၀၊ ရေမြင်းတစ်ကောင် ကျပ် ၁၃၀,၀၀၀၊ ဆင်တစ်ကောင် ကျပ် ၆၁၀,၀၀၀၊ မြင်းကျားတစ် ကောင် ကျပ် ၁၅၀,၀၀၀၊ ကျား တစ်ကောင် ကျပ် ၇၀၀,၀၀၀၊ ကုလားအုတ်တစ်ကောင် ကျပ် ၂၄၀,၀၀၀ နှင့် မိကျောင်းတစ် ကောင် ကျပ် ၅၆,၀၀၀ ကျသင့် မည်ဖြစ်သည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

မႏၱေလး ရတနာပံုတိရစၧာန္ဥယာဥ္မွ တိရစၧာန္မ်ားကို ေမြးစားခြင့္ျပဳမည္

မႏၲေလးရတနာပုံ တိရစၧာန္ဥယ်ာဥ္မွ ျခေသၤ႔ ၊ ဆင္ ၊ မိေက်ာင္း အပါအဝင္ တိရစၧာန္ခုႏွစ္မ်ိဳးကို ေမြးစားခြင့္ျပဳမည္ျဖစ္ေၾကာင္း ရတနာပုံ တိရစၧာန္ဥယ်ာဥ္မွ သိရသည္။

ရည္ရြယ္ခ်က္မွာ တိရစၧာန္ႏွင့္လူအၾကား ရင္းႏွီးမွုမ်ားလာေစရန္ႏွင့္ တိရစၧာန္ခ်စ္သူမ်ားအေနျဖင့္ မိမိ ခ်စ္ျမတ္ နိုးေသာ တိရစၧာန္ေလးမ်ား၏ ေန႔စဥ္အစာအာဟာရႏွင့္ လိုအပ္ေသာေဆးဝါး၊ ျဖည့္စြက္စာမ်ားကို ေထာက္ပံ့ေပးနိုင္မွာျဖစ္ေၾကာင္း သိရသည္။
ေမြးစားခြင့္ျပဳရာတြင္ ျခေသၤ့၊ ဆင္၊ ေရျမင္း၊ ျမင္းက်ား၊ က်ား၊ ကုလားအုတ္၊ မိေက်ာင္းျဖစ္ၿပီး တိရစၧာန္ခ်စ္သူမ်ားအေနျဖင့္ တစ္ဦးခ်င္းျဖစ္ေစ၊ အဖြဲ႕လိုက္စု၍ျဖစ္ေစ တိရစၧာန္ေလးမ်ားကို တစ္လ၊ သုံးလ၊ ေျခာက္လ မိမိႏွစ္သက္ရာအခ်ိန္ကာလကို ေရြးခ်ယ္ကာ ေမြးစားနိုင္ေၾကာင္း သိရသည္။

” တိရစၧာန္ေလးေတြရဲ႕ အေကာင္အလိုက္ကို ေစ်းကြာပါတယ္ ။ ျခေသၤ႔ကို ေမြးသာခ်င္တယ္ဆိုရင္ တစ္လကို ၆၇၀၀၀၀ က်မွာျဖစ္ပါတယ္ ။ ေမြးစားသူေတြကို အသိမွတ္ျပဳ Certificate ထုတ္ေပးမယ္ ။ ဥယ်ာဥ္သို့အခမဲ့ဝင္ေရာက္နိုင္တဲ႔ ကူပြန္ေပးမယ္ ။ မ်ကမၺည္းမွတ္တမ္းတင္ေပးတာေတြလုပ္ေဆာင္ေပးမယ္ ” ဟု ရတနာပံုတိရစၧာန္ဥယာဥ္မွ တာဝန္ရွိသူတစ္ဦးကေျပာသည္ ။

ရတနာပုံတိရစၧာန္ဥယ်ာဥ္မွ တိရစၧာန္ေလးမ်ားအား ေမြးစား ျခင္းျဖင့္ ေန႔စဥ္ အစာအာဟာရ ေကၽြးေမြး ေထာက္ပံ့ေပးနိုင္ျခင္း၊ ေဆးဝါး၊ ျဖည့္စြက္စာႏွင့္ က်န္း မာေရးေစာင့္ေရွာက္မွု ေပးနိုင္ျခင္းတို့ ျပဳလုပ္နိုင္မည္ျဖစ္သည္။

ျခေသၤ့တစ္ေကာင္ ေမြးစား ခြင့္ တစ္လလၽွင္ က်ပ္ ၆၇၀,၀၀၀၊ ေရျမင္းတစ္ေကာင္ က်ပ္ ၁၃၀,၀၀၀၊ ဆင္တစ္ေကာင္ က်ပ္ ၆၁၀,၀၀၀၊ ျမင္းက်ားတစ္ ေကာင္ က်ပ္ ၁၅၀,၀၀၀၊ က်ား တစ္ေကာင္ က်ပ္ ၇၀၀,၀၀၀၊ ကုလားအုတ္တစ္ေကာင္ က်ပ္ ၂၄၀,၀၀၀ ႏွင့္ မိေက်ာင္းတစ္ ေကာင္ က်ပ္ ၅၆,၀၀၀ က်သင့္ မည္ျဖစ္သည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply