
0
20

မန္တလေးခရိုင်အတွင်းတွင် ကိုဗစ်ပိုးတွေ့လူနာ ၂၆၆ ဦး ထိရှိပြီး သေဆုံးသူ နှစ်ဦးရှိ

မန္တလေးခရိုင်အတွင်းတွင် အောက်တိုဘာလ ၆ ရက်နေ့ ညပိုင်းအထိ ကိုဗစ်ပိုးတွေ့လူနာ ၂၂၆ ဦးရှိပြီး သေဆုံးသူ နှစ်ဦးရှိခဲ့ပြီဖြစ်ကြောင်း သိရသည် ။

မန္တလေးခရိုင်အတွင်းရှိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ အောင်မြေသာစံမြို့နယ်တွင် (၇၀)ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် (၂၀)ဦး၊ မဟာအောင်မြေမြို့နယ်တွင် (၈)ဦး၊ ချမ်းမြသာစည်မြို့နယ်တွင် (၅)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၈)ဦး၊ အမရပူရမြို့နယ်တွင် (၂၂)ဦး၊ ပုသိမ်ကြီးမြို့နယ်တွင် (၈)ဦးစီ ရှိကြောင်း သိရသည် ။

” မန္တလေးခရိုင်မှာ မနေ့ကထိ Positive ဖြစ်တာ ၂၆၆ ယောက်ရှိတယ် ။ ဆေးရုံဆင်းသွားတာ ၁၂၅ ယောက်။ လက်ရှိ ၁၄၁ ယောက်ဆေးရုံတက်နေတယ် ။ မန္တလေးမှာ လက်ရှိအနေအထားရတော့ ပိုးတွေ့လူနာတွေလျော့နည်းလာပြီ ။ ထိန်းနိုင်တယ်လို့ပြောလို့ရတယ် ” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ကပြောသည် ။
မန္တလေးခရိုင်အတွင်းရှိ ပိုးတွေ့လူနာများကို ကန်တော်နဒီဆေးရုံနှင့် ကုတင် ၃၀၀ သင်ကြားရေးဆေးရုံများတွင် ကုသပေးလျက်ရှိသည် ။

မန္တလေးတိုင်းဒေသကြီးတွင် အောက်တိုဘာလ ၆ရက်နေ့ထိ COVID-19 ဓါတ်ခွဲ အတည်ပြုလူနာ ၄၈၇ ရှိပြီး ရောဂါသက်သူလာသဖြင့် ဆေးရုံဆင်းသူ ၂၁၄ ဦး ရှိသည် ။
မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲ အတည်ပြု လူနာ ၂၀၀၃၃ ဦး ရှိပြီး သေဆုံးသူ ၄၇၁ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်တိုဘာလ ၆ ရက်နေ့ ညပိုင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)





နေသူရိန်လင်း
#TheFifthWaveNews

Leave a Reply