
0
28

မန္တလေးမြို့တွင် နိုင်ငံတော်အရေးပေါ် ရိက္ခာဆန်တပြည်ကို ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချ

မန္တလေးမြို့တွင်ပြည်သူများနေဖြင့် ဈေးသက်သာစွာဝယ်ယူနိုင်ရန် နိုင်ငံတော်ရေးအပေါ်ရိက္ခာဆန်တစ်ပြည်ကို ၁၀၀၀ ကျပ်နှုန်းဖြင့် အော်တိုဘာလ ၇ နေ့မှစတင်ကာ ရောင်းချပေးနေကြောင်း မန္တလေး ဆန်၊ စပါးကုန်စည်ဒိုင်မှ သိရသည်။

အဆိုပါ နိုင်ငံတော်ရေးအပေါ်ရိက္ခာဆန်ရောင်းချခြင်းကို မန္တလေးတိုင်း စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးဆန်၊ စပါးကုန်စည်ဒိုင် ၊ မန္တလေးတိုင်း ဆန်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

” လိုတဲ့နေရာတွေမှာ သွားပြီးရောင်းမှာပါ ။လူတစ်ယောက်ကို အရင်က ၆ ပြည်ထိဝယ်လို့ရအောင်စီစဉ်ထားပေမယ့် ခု က်ရှိမှာတော့ ဆန်တစ်အိပ် နှစ်အိပ်လောက်ထိဝယ်နိုင်အောင်စီစဉ်ထားပါတယ် ။ ကျွန်တော်တို့က အမြတ်မယူဘူး ။ သယ်ယူစားရိတ်နဲ့ အလုပ်သမားခပဲ ယူတယ် ” ဟု မန္တလေးဆန်၊ စပါးကုန်စည်ဒိုင် ဥက္ကဌ ဦးကျော်နိုင်က ပြောသည်။

လက်ရှိ မန္တလေးမြို့ရှိ မြို့နယ်တိုင်းတွင် ဆန်လက်လီအရောင်းဆိုင်၃၇ ဆိုင်တွင်လည်း ဝယ်ယူနိုင်သည့်အပြင် ကားများဖြင့်လည်း လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည် ။
ရောင်းချပေးသောဆန်များမှာ နွေစပါး ရက် ၉၀ ဆန်အမျိုးအစားဖြစ်ပြီး အဆိုပါဆန်သည် ပုံမှန်ပေါက်ဈေးအားဖြင့် တပြည်ကို ၁၂၀၀ ကျပ် ဝန်းကျင်ခန့်ရှိကြောင်းသိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)





နေသူရိန်လင်း
#TheFifthWaveNews

Leave a Reply