COVID ေၾကာင့္ ျပည္တြင္းဆိတ္ အေရာင္းအ၀ယ္ ေစ်းကြက္ေအး

0
14
COVID ကြောင့် ပြည်တွင်းဆိတ် အရောင်းအဝယ် ဈေးကွက်အေး
 
COVID -19 ကြောင့် ပြည်တွင်း ဆိတ်အရောင်းအဝယ်မှာ ဈေးကွက်အေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကျွဲ၊နွားသိုး၊ဆိတ် ရောင်းချသူများအသင်းထံမှသိရသည် ။
 
COVIDကြောင့်သွားလာရေးခက်ခဲနေသည့်အတွက်လက်ရှိပြည်တွင်းဆိတ်အရာင်းအဝယ်မှာ တစ်ပေါင်လျှင် ၁၅၀၀ ကျပ်နှုန်း ပေါက်ဈေးရှိသော်လည်း ၊ အရောင်းအဝယ် မရှိဖြစ်နေကြောင်းသိရသည် ။
 
” ဆိတ်အရောင်းအဝယ်ဖြစ်ပြီးလို့ တစ်နေရာကနေ တစ်နေရာကို သယ်ယူမယ့်အခါ ကိုဗစ် စည်းကမ်းချက်ဖြစ်တဲ့ ညမထွက်ရ ၊ ညမအိပ်တာမျိုးစတဲ့အခြေအနေတွေကြောင့် အရောင်းအဝယ်မဖြစ်တာ ။ အခုလောလောဆယ်မှာတော့ မန္တလေးမြို့က ဈေးကြီးတွေက ဆိတ်သားအရောင်းဆိုင်တွေလောက်ပဲ ဈေးကွက်မပျက်အောင် အသားဈေးနဲ့ရောင်းပေးနေတာမျိုးပဲရှိတယ် ” ဟုအဆိုပါအသင်း ဒုတိယဥက္ကဌ ဦးထက်သူအောင် ကပြောသည် ။
 
လက်ရှိဆိတ်ဈေးကွက်တွင် မြို့ကြီးများ၌ ဆိတ်ဈေးကွက်ပျောက်နေသည့်အတွက် နယ်မြို့များမှ ဆိတ်မွေးသူများ အခက်တွေ့နေကြောင်း ၊ ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇွန်လထိ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပြီး သြဂုတ်လမှစတင်ကာ လက်ရှိအချိန်ထိ ဆိတ်ဈေးကွက် ကျဆင်းလာကြောင်း သိရသည်။
 
ယခု ၂၀၂၀ ခုနှစ်တွင် COVID-19 ကြောင့် ၁၁နှစ်အတွင်း ဆိတ်ဈေးနှုန်းမှာ တစ်ပေါင်လျှင် ၂၀၀၀ ကျပ်အောက်သို့ရောက်ရှိခဲ့ပြီး ယခင် ပြည်တွင်း၊ပြည်ပ၌ ဆိတ်အရောင်း အဝယ် ဖြစ်ပေါ်ချိန်တွင် ဆိတ်တစ်ပေါင်လျှင် ၂၃၀၀ ကျပ်မှ ၂၇၀၀ကျပ်ခန့်ထိဖြစ် ရရှိခဲ့ဖူးကြောင်းသိရသည် ။
 
နေသူရိန်လင်း
#TheFifthWaveNews
 
( Zawgyi )
 
 
COVID -19 ေၾကာင့္ ျပည္တြင္း ဆိတ္အေရာင္းအဝယ္မွာ ေစ်းကြက္ေအးေနေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ကၽြဲ၊ႏြားသိုး၊ဆိတ္ ေရာင္းခ်သူမ်ားအသင္းထံမွသိရသည္ ။
 
COVIDေၾကာင္႔သြားလာေရးခက္ခဲေနသည့္အတြက္လက္ရွိျပည္တြင္းဆိတ္အရာင္းအဝယ္မွာ တစ္ေပါင္လၽွင္ ၁၅၀၀ က်ပ္ႏွဳန္း ေပါက္ေစ်းရွိေသာ္လည္း ၊ အေရာင္းအဝယ္ မရွိျဖစ္ေနေၾကာင္းသိရသည္ ။
 
” ဆိတ္အေရာင္းအဝယ္ျဖစ္ၿပီးလို႔ တစ္ေနရာကေန တစ္ေနရာကို သယ္ယူမယ့္အခါ ကိုဗစ္ စည္းကမ္းခ်က္ျဖစ္တဲ့ ညမထြက္ရ ၊ ညမအိပ္တာမ်ိဳးစတဲ႔အေျခအေနေတြေၾကာင္႔ အေရာင္းအဝယ္မျဖစ္တာ ။ အခုေလာေလာဆယ္မွာေတာ့ မႏၲေလးၿမိဳ့က ေစ်းႀကီးေတြက ဆိတ္သားအေရာင္းဆိုင္ေတြေလာက္ပဲ ေစ်းကြက္မပ်က္ေအာင္ အသားေစ်းနဲ႔ေရာင္းေပးေနတာမ်ိဳးပဲရွိတယ္ ” ဟုအဆိုပါအသင္း ဒုတိယဥကၠဌ ဦးထက္သူေအာင္ ကေျပာသည္ ။
 
လက္ရွိဆိတ္ေစ်းကြက္တြင္ ၿမိဳ့ႀကီးမ်ား၌ ဆိတ္ေစ်းကြက္ေပ်ာက္ေနသည္႔အတြက္ နယ္ၿမိဳ့မ်ားမွ ဆိတ္ေမြးသူမ်ား အခက္ေတြ႕ေန​​​​ေၾကာင္း ၊ ျပီးခဲ့သည့္ ဇန္နဝါရီလမွ ဇြန္လထိ ​ အေရာင္းအဝယ္ပုံမွန္ျဖစ္ခဲ့ၿပီး ၾသဂုတ္လမွစတင္ကာ လက္ရွိအခ်ိန္ထိ ဆိတ္ေစ်းကြက္ က်ဆင္းလာေၾကာင္း သိရသည္။
 
ယခု ၂၀၂၀ ခုႏွစ္တြင္ COVID-19 ေၾကာင္႔ ၁၁ႏွစ္အတြင္း ဆိတ္ေစ်းႏႈန္းမွာ တစ္ေပါင္လ်ွင္ ၂၀၀၀ က်ပ္ေအာက္သို႔ေရာက္ရွိခဲ႔ၿပီး ယခင္ ျပည္​တြင္​း၊ျပည္​ပ၌ ဆိတ္​အ​ေရာင္​း အဝယ္ ​ျဖစ္​​ေပၚခ်ိန္​တြင္​ ဆိတ္​တစ္​​ေပါင္​လွ်င္​ ၂၃၀၀ က်ပ္​မွ ၂၇၀၀က်ပ္​ခန္​႔ထိျဖစ္​​ ရရွိခဲ့​ဖူးေၾကာင္​းသိရသည္​ ။
 
ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply