Tranglo ေငြလႊဲဝန္ေဆာင္မႈျဖင့္ ကေမာၻဇဘဏ္သို႔တိုက္႐ိုက္ ေငြလႊဲေပးပို႔ႏိုင္ၿပီ

0
11
Tranglo ငွေလွှဲဝန်ဆောင်မှုဖြင့် ကမ္ဘောဇဘဏ်သို့တိုက်ရိုက် ငွေလွှဲပေးပို့နိုင်ပြီ
 
ကမ္ဘောဇဘဏ်နှင့် နယ်စပ်ဖြတ်ကျော် ငွေလွှဲပေးပို့ရန် အဓိက ဝန်ဆောင်မှုပေးနေသည့် Tranglo တို့ ပူးပေါင်းပြီး နိုင်ငံခြားငွေလွှဲများကို ကမ္ဘောဇဘဏ် customer များ၏ ဘဏ်အကောင့်သို့ တိုက်ရိုက် ပေးပို့နိုင်ရန် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်က ထုတ်ပြန်ထားသည်။
 
အဆိုပါ ဝန်ဆောင်မှုသည် ပြည်ပနိုင်ငံများ ဖြစ်ကြသည့် ကိုရီးယား၊ မလေးရှား၊ စင်္ကာပူ နိုင်ငံများတွင်ရှိသော Tranglo ငွေလွှဲဝန် ဆောင်မှု (Tranglo ငွေလွှဲကောင်တာများ၊ Tranglo ၏ မိတ်ဖက်ငွေလွှဲလုပ်ငန်းများ) မှတစ်ဆင့်ကမ္ဘောဇဘဏ် မြန်မာကျပ်ငွေစာရင်းထဲသို့ တိုက်ရိုက် ငွေလွှဲပေးပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။
 
” ပြည်ပမှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားတွေအတွက် အိမ်ကို ငွေပြန်ပို့ရာမှာ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးလိုက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ အရင်သုံးနေကျ အလွတ်သဘောနဲ့ လုပ်ကိုင်နေတဲ့ ငွေလွှဲဝန်ဆောင်မှု တွေကို သုံးမယ့်အစား ကိုယ်လွှဲပေးချင်တဲ့သူရဲ့ က ကမ္ဘောဇဘဏ် အကောင့်ထဲကို တိုက်ရိုက်ပေးပို့နိုင်ပြီး ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုကို ပြောင်းသုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်”ဟု ကမ္ဘောဇဘဏ်၏ Head of Wholesale Banking ဖြစ်သူ Mr. Stoney Hsia က ပြောသည်။
 
Tranglo ဝန်ဆောင်မှုမှတစ်ဆင့် မြန်မာနိုင်ငံသို့ ငွေလွှဲလိုသူများသည် Tranglo ၏ ငွေလွှဲ ကောင်တာများ (သို့မဟုတ်) မလေးရှားနိုင်ငံရှိ MaxMoney ၊ စင်ကာပူနိုင်ငံရှိ SlidesSG ၊ တောင်ကိုရီးယားနိုင်ငံရှိ GME စသည့် မိတ်ဖက် ကောင်တာများတွင်လည်း သွားရောက် ငွေလွှဲနိုင်မည်ဖြစ်ကာ အများဆုံးပေးပို့နိုင်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ (၅၀၀၀) နှင့် ညီမျှသော မြန်မာကျပ်ငွေကို ငွေလွှဲပေးပို့နိုင်ပြီးငွေလွှဲ လုပ်ဆောင်ရန် ငွေလက်ခံမည့်သူ၏ အမည်နှင့် ၎င်း၏ ကမ္ဘောဇဘဏ်အကောင့် နံပါတ်တို့ လိုအပ်မည် ဖြစ်ကြောင်းသိရသည်။
 
Tranglo က ပေးအပ်လိုက်သည့် ဝန်ဆောင်မှု အသစ်အရ ငွေလွှဲလက်ခံသူသည် ၎င်း၏
ကမ္ဘောဇဘဏ် စာရင်းရှင်အပ်ငွေစာရင်း (Current Account)၊ ငွေစုဘဏ်အပ်ငွေစာရင်း (Saving Deposit Account) (သို့မဟုတ်) ခေါ်ယူအပ်ငွေ စာရင်း(Call Deposit Account) များမှတစ်ဆင့် တိုက်ရိုက်၊ ချက်ချင်း ငွေလက်ခံ ရယူနိုင်မည် ဖြစ်သည်။
 
ထို့ကြောင့် ငွေလွှဲလက်ခံသူများမှာ မိမိတို့၏ iBanking (သို့မဟုတ်) mBanking အကောင့်များသို့ ဝင်ရောက်ပြီး ငွေအဝင်ကို ချက်ချင်း ကြည့်ရှုစစ်ဆေးနိုင်မည့်အပြင် ငွေထုတ်ယူရာတွင်လည်း ဘဏ်ခွဲများသို့ သွားရောက်စရာ မလိုဘဲ နီးစပ်ရာ ကမ္ဘောဇဘဏ် ATM စက်တွင် ငွေလွှဲထုတ်ယူခြင်း (သို့မဟုတ်) ၎င်းတို့၏ KBZPay မိုဘိုင်းပိုက်ဆံ အိတ်များမှ တစ်ဆင့် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
ဝေဝေဖြိုး
#TheFifthWaveNews
 
( Zawgyi )
 
 
ကေမာၻဇဘဏ္ႏွင့္ နယ္စပ္ျဖတ္ေက်ာ္ ေငြလႊဲေပးပို႔ရန္ အဓိက ဝန္ေဆာင္မႈေပးေနသည့္ Tranglo တို႔ ပူးေပါင္းၿပီး ႏိုင္ငံျခားေငြလႊဲမ်ားကို ကေမာၻဇဘဏ္ customer မ်ား၏ ဘဏ္အေကာင့္သို႔ တိုက္႐ိုက္ ေပးပို႔ႏိုင္ရန္ ဝန္ေဆာင္မႈေပးသြားမည္ ျဖစ္ေၾကာင္း ကေမာၻဇဘဏ္က ထုတ္ျပန္ထားသည္။
 
အဆိုပါ ဝန္ေဆာင္မႈသည္ ျပည္ပႏိုင္ငံမ်ား ျဖစ္ၾကသည့္ ကိုရီးယား၊ မေလးရွား၊ စကၤာပူ ႏိုင္ငံမ်ားတြင္ရွိေသာ Tranglo ေငြလႊဲဝန္ ေဆာင္မႈ (Tranglo ေငြလႊဲေကာင္တာမ်ား၊ Tranglo ၏ မိတ္ဖက္ေငြလႊဲလုပ္ငန္းမ်ား) မွတစ္ဆင့္ကေမာၻဇဘဏ္ ျမန္မာက်ပ္ေငြစာရင္းထဲသို႔ တိုက္႐ိုက္ ေငြလႊဲေပးပို႔ႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။
 
” ျပည္ပမွာေနထိုင္တဲ့ ျမန္မာႏိုင္ငံသား ေ႐ြ႕ေျပာင္းအလုပ္သမားေတြအတြက္ အိမ္ကို ေငြျပန္ပို႔ရာမွာ လြယ္လြယ္ကူကူ၊ ျမန္ျမန္ဆန္ဆန္ ေဆာင္႐ြက္ႏိုင္ဖို႔ဆိုတဲ့ လိုအပ္ခ်က္ကို ျဖည့္ဆည္း ေပးလိုက္ႏိုင္ၿပီ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေ႐ႊ႕ေျပာင္း အလုပ္သမားေတြအေနနဲ႔ အရင္သုံးေနက် အလြတ္သေဘာနဲ႔ လုပ္ကိုင္ေနတဲ့ ေငြလႊဲဝန္ေဆာင္မႈ ေတြကို သုံးမယ့္အစား ကိုယ္လႊဲေပးခ်င္တဲ့သူရဲ႕ က ကေမာၻဇဘဏ္ အေကာင့္ထဲကို တိုက္႐ိုက္ေပးပို႔ႏိုင္ၿပီး ယုံၾကည္စိတ္ခ်ရတဲ့ ဝန္ေဆာင္မႈကို ေျပာင္းသုံးၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္”ဟု ကေမာၻဇဘဏ္၏ Head of Wholesale Banking ျဖစ္သူ Mr. Stoney Hsia က ေျပာသည္။
 
Tranglo ဝန္ေဆာင္မႈမွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ ေငြလႊဲလိုသူမ်ားသည္ Tranglo ၏ ေငြလႊဲ ေကာင္တာမ်ား (သို႔မဟုတ္) မေလးရွားႏိုင္ငံရွိ MaxMoney ၊ စင္ကာပူႏိုင္ငံရွိ SlidesSG ၊ ေတာင္ကိုရီးယားႏိုင္ငံရွိ GME စသည့္ မိတ္ဖက္ ေကာင္တာမ်ားတြင္လည္း သြားေရာက္ ေငြလႊဲႏိုင္မည္ျဖစ္ကာ အမ်ားဆုံးေပးပို႔ႏိုင္သည့္ ပမာဏမွာ အေမရိကန္ေဒၚလာ (၅၀၀၀) ႏွင့္ ညီမွ်ေသာ ျမန္မာက်ပ္ေငြကို ေငြလႊဲေပးပို႔ႏိုင္ၿပီးေငြလႊဲ လုပ္ေဆာင္ရန္ ေငြလက္ခံမည့္သူ၏ အမည္ႏွင့္ ၎၏ ကေမာၻဇဘဏ္အေကာင့္ နံပါတ္တို႔ လိုအပ္မည္ ျဖစ္ေၾကာင္းသိရသည္။
 
Tranglo က ေပးအပ္လိုက္သည့္ ဝန္ေဆာင္မႈ အသစ္အရ ေငြလႊဲလက္ခံသူသည္ ၎၏
ကေမာၻဇဘဏ္ စာရင္းရွင္အပ္ေငြစာရင္း (Current Account)၊ ေငြစုဘဏ္အပ္ေငြစာရင္း (Saving Deposit Account) (သို႔မဟုတ္) ေခၚယူအပ္ေငြ စာရင္း(Call Deposit Account) မ်ားမွတစ္ဆင့္ တိုက္႐ိုက္၊ ခ်က္ခ်င္း ေငြလက္ခံ ရယူႏိုင္မည္ ျဖစ္သည္။
 
ထို႔ေၾကာင့္ ေငြလႊဲလက္ခံသူမ်ားမွာ မိမိတို႔၏ iBanking (သို႔မဟုတ္) mBanking အေကာင့္မ်ားသို႔ ဝင္ေရာက္ၿပီး ေငြအဝင္ကို ခ်က္ခ်င္း ၾကည့္ရႈစစ္ေဆးႏိုင္မည့္အျပင္ ေငြထုတ္ယူရာတြင္လည္း ဘဏ္ခြဲမ်ားသို႔ သြားေရာက္စရာ မလိုဘဲ နီးစပ္ရာ ကေမာၻဇဘဏ္ ATM စက္တြင္ ေငြလႊဲထုတ္ယူျခင္း (သို႔မဟုတ္) ၎တို႔၏ KBZPay မိုဘိုင္းပိုက္ဆံ အိတ္မ်ားမွ တစ္ဆင့္ ထုတ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
 
ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply