
0
19
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသော ကုန်တင်ယာဉ်မောင်း ၄၀ ဦးတွင် COVID ပိုးတွေ့
 
မန္တလေးတိုင်းဒေသကြီးအတွင်း ြမ်ု့နယ်များရှိ စစ်ဆေးရေးဂိတ်များ၌ ကုန်တင်ယာဉ်မောင်း ယာဉ်နောက်လိုက်များကို Test Kit ဖြင့် ပိုးရှိမရှိစစ်ဆေးရာ အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့ နံနက် ၁၀ နာရီထိ COVID-19 ပိုးတွေ့ရှိသူ ၄၀ ဦးရှိကြောင်းသိရသည် ။
 
မန္တလေးတိုင်းဒေသကြီးသည် တိုင်းဒေသကြီးပြည်နယ်များနှင့် ဆက်စပ်နေသော လမ်းဆုံလမ်းခွဖြစ်သည့်အတွက် ဂိတ်(၁၀)ခုမှ COVID ပိုးရှိမရှိ စစ်ဆေးပေးနေကြောင်း သိရသည် ။
 
” ဒီနေ့ နံနက် ၁၀နာရီထိ ယာဉ်အစီးရေ ၇၉၆ စီးဝင့်ပီး လူဦးရေ ၁၄၉၆ ဦးကို Test Kit နဲ့ စစ်ဆေးတဲ့ချိန်မှာ ပိုးတွေ့သူ ၁၀ ဦးထိ ရှိခဲ့ပါတယ် ။ ပိုးတွေ့သူတွေကတော့ မိတ္ထီလာ သီးကုန်းဂိတ်က ၉ ယောက် နဲ့ ရမည်းသင်းသဲကွဲဂိတ်က တစ်ယောက်ပါ ” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိုင်းပန်းဆိုင် ကပြောသည် ။
 
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကုန်တင်ယာဉ်မောင်းနှင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နှစ်ပတ်အတွင်း ထုတ်ပေးထားသည့် COVID-19ရောဂါကင်းရှင်း ကြောင်းထောက်ခံချက်ဖြင့် ဝင်ထွက်ခွင့်ပြုရန် စက်တင်ဘာလ ၂၉ ရက် တွင်ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည် ။
 
ယခုလက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသော ယာဉ်မောင်း ယာဉ်နောက်လိုက်များသည် ကျန်းမာရေး ထောက်ခံချက် ပါစရာမလိုတော့ပဲ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်ရောဂါ ရှိ၊မရှိ Test Kit ဖြင့် တစ်ဦးလျျှင် နှစ်သောင်းနှုန်းဖြင့် စစ်ဆေးပေးမည်ဖြစ်သည်။
 
နေသူရိန်လင်း
#TheFifthWaveNews
 
( Zawgyi )
 
 
မန္တလေးတိုင်းဒေသကြီးအတွင်း မြ်ု့နယ်များရှိ စစ်ဆေးရေးဂိတ်များ၌ ကုန်တင်ယာဉ်မောင်း ယာဉ်နောက်လိုက်များကို Test Kit ဖြင့် ပိုးရှိမရှိစစ်ဆေးရာ အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့ နံနက် ၁၀ နာရီထိ COVID-19 ပိုးတွေ့ရှိသူ ၄၀ ဦးရှိကြောင်းသိရသည် ။
 
 
 
 
ယခုလက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသော ယာဉ်မောင်း ယာဉ်နောက်လိုက်များသည် ကျန်းမာရေး ထောက်ခံချက် ပါစရာမလိုတော့ပဲ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်ရောဂါ ရှိ၊မရှိ Test Kit ဖြင့် တစ်ဦးလျှင် နှစ်သောင်းနှုန်းဖြင့် စစ်ဆေးပေးမည်ဖြစ်သည်။
 
နေသူရိန်လင်း
#TheFifthWaveNews

Leave a Reply