ေလးႏွစ္ေက်ာ္အတြင္း ျပည္တြင္းရင္းႏွီး ျမႇဳပ္ႏွံမႈမွ က်ပ္ဘီလီယံ ၁၀၀၀၀ ေက်ာ္ ရရွိ

0
14

လေးနှစ်ကျော်အတွင်း ပြည်တွင်းရင်းနှီး မြှုပ်နှံမှုမှ ကျပ်ဘီလီယံ ၁၀၀၀၀ ကျော် ရရှိ

လက်ရှိအစိုးရသက်တမ်း လေးနှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှ ကျပ် ဘီလီယံ ၁၀၀၀၀ ကျော် ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အထိ အစိုးရသက်တမ်း လေးနှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၇၅ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၁၀၁၅၀၇၄၈ ဒသမ ၈၂၄ သန်း အထိ ရရှိထားသည်။

ထို့ပြင် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်း အရေအတွက်နှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာလည်း တိုးတက်လျှက်ရှိပြီး ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၅၂ ခုမှ ကျပ်သန်း ၁၆၀၄၄၆၀ ဒသမ ၁၀၃ သန်း ၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၁၁၉ ခုမှ ကျပ်သန်း ၃၉၇၈၀၉၅ ဒသမ ၁၂၈ သန်း ၊ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်(ဧပြီလ မှ စက်တင်ဘာလ)တွင် လုပ်ငန်း ၁၀၅ ခုမှ ကျပ်သန်း ၉၉၅၄၀၂ ဒသမ ၀၀၆ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၁၆၉ ခုမှ ကျပ်သန်း ၁၆၉၁၃၃၂ ဒသမ ၀၈၀ သန်း နှင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၁၃၀ ခုမှ ကျပ်သန်း ၁၈၈၁၄၅၉ ဒသမ ၅၀၇ သန်း ရရှိထားသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အ တည်ပြု ပေးခဲ့သည့် လုပ်ငန်းကဏ္ဍများတွင် အိမ်ရာ အဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး အခြား ဝန်ဆောင်မှုကဏ္ဍ၊စက်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ လျှပ်စစ်ဓာတ်အား ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ သတ္တု တွင်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ စက်မှုဇုန် တည်ဆောက်မှု ကဏ္ဍနှင့် လယ်ယာကဏ္ဍ တို့တွင်လည်း အသီးသီး ရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) အနေဖြင့် တင်ပြလာသည့် လုပ်ငန်းများအနက် လုပ်သား အခြေပြုလုပ်ငန်းများကို ဦးစားပေး ခွင့်ပြု ပေးလျှက်ရှိကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

လက္ရွိအစိုးရသက္တမ္း ေလးႏွစ္ေက်ာ္ ကာလအတြင္း ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈမွ က်ပ္ ဘီလီယံ ၁၀၀၀၀ ေက်ာ္ ရရွိထားေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာနမွ သိရသည္။

၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္မွ ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္အထိ အစိုးရသက္တမ္း ေလးႏွစ္ေက်ာ္ ကာလအတြင္း ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း ၅၇၅ ခုမွ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ က်ပ္သန္းေပါင္း ၁၀၁၅၀၇၄၈ ဒသမ ၈၂၄ သန္း အထိ ရရွိထားသည္။

ထို႔ျပင္ ဘ႑ာႏွစ္အလိုက္ လုပ္ငန္း အေရအတြက္ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏမွာလည္း တိုးတက္လွ်က္ရွိၿပီး ၂၀၁၆- ၂၀၁၇ ဘ႑ာႏွစ္တြင္ လုပ္ငန္း ၅၂ ခုမွ က်ပ္သန္း ၁၆၀၄၄၆၀ ဒသမ ၁၀၃ သန္း ၊ ၂၀၁၇- ၂၀၁၈ ဘ႑ာႏွစ္တြင္ လုပ္ငန္း ၁၁၉ ခုမွ က်ပ္သန္း ၃၉၇၈၀၉၅ ဒသမ ၁၂၈ သန္း ၊ ၂၀၁၈ ခုႏွစ္ မီနီဘတ္ဂ်က္(ဧၿပီလ မွ စက္တင္ဘာလ)တြင္ လုပ္ငန္း ၁၀၅ ခုမွ က်ပ္သန္း ၉၉၅၄၀၂ ဒသမ ၀၀၆ သန္း၊ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္တြင္ လုပ္ငန္း ၁၆၉ ခုမွ က်ပ္သန္း ၁၆၉၁၃၃၂ ဒသမ ၀၈၀ သန္း ႏွင့္ ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္တြင္ လုပ္ငန္း ၁၃၀ ခုမွ က်ပ္သန္း ၁၈၈၁၄၅၉ ဒသမ ၅၀၇ သန္း ရရွိထားသည္။

ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ ခြင့္ျပဳ/ အ တည္ျပဳ ေပးခဲ့သည့္ လုပ္ငန္းက႑မ်ားတြင္ အိမ္ရာ အေဆာက္အအုံ တည္ေဆာက္ဖြံ႕ၿဖိဳးမႈက႑တြင္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားၿပီး အျခား ဝန္ေဆာင္မႈက႑၊စက္မႈက႑၊ ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕က႑၊ လွ်ပ္စစ္ဓာတ္အား က႑၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑၊ ဟိုတယ္ႏွင့္ ခရီးသြားက႑၊ သတၱဳ တြင္းက႑၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းက႑၊ စက္မႈဇုန္ တည္ေဆာက္မႈ က႑ႏွင့္ လယ္ယာက႑ တို႔တြင္လည္း အသီးသီး ရင္းႏွီးျမႇဳပ္ႏွံထားသည္။

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္(MIC) အေနျဖင့္ တင္ျပလာသည့္ လုပ္ငန္းမ်ားအနက္ လုပ္သား အေျချပဳလုပ္ငန္းမ်ားကို ဦးစားေပး ခြင့္ျပဳ ေပးလွ်က္ရွိေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply