မႏၲေလးၿမိဳ႕ဘုန္းေတာ္ႀကီးေက်ာင္းမ်ားတြင္ COVID ကာလအတြင္း ဆြမ္းအခက္အခဲျဖစ္ေပၚေန

0
25

မန္တလေးမြို့ဘုန်းတော်ကြီးကျောင်းများတွင် COVID ကာလအတွင်း ဆွမ်းအခက်အခဲဖြစ်ပေါ်နေ

မန္တလေးမြို့၌ ဘုန်းကြီးကျောင်းများတွင် COVID ကာလအတွင်း ဆွမ်းကွမ်းအခက်အခဲဖြစ်ပေါ်နေသည့်ဘုန်းတော်ကြီးကျောင်းများရှိနေကြောင်း မနောကြာဖြူသွေးလှူရှင်နှင့်ပရဟိတအသင်းထံမှသိရသည် ။

COVID ကာလအတွင်း စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်နေသည့်မိသားစုများအားစားနပ်ရိက္ခာများ ထောက်ပံ့ပေးမည်ဖြစ်ပြီးလိုအပ်သူများဆက်သွယ်၍အကူအညီတောင်းခံနိုင်ကြောင်းမနောကြာဖြူအသင်းမှဖိတ်ခေါ်ထားရာတစ်ပတ်အတွင်း မန္တလေးမြို့၌ဆွမ်းကွမ်းအခက်အခဲဖြစ်ပေါ်နေသည့်ဘုန်းတော်ကြီးကျောင်း ၁၀ကျောင်းခန့်မှအကူအညီတောင်းလာကြောင်းသိရသည် ။

” အသင်းကလည်း သွားပြီးကူညီထောက်ပံ့တာရှိတယ် ။ အလှူရှင်တွေ ဖိတ်ခေါ်ချိတ်ဆက်ပြီးလှူဒါန်းတာလည်းရှိတယ် ။ အခုလိုအချိန်မှာ သံဃာတော်တွေအနေနဲ့လည်း ဆွမ်းကွမ်းအခက်အခဲရှိတာတွေ့ရတဲ့အတွက် ကူညီလှူဒါန်းဖို့ဖိတ်ခေါ်ပါတယ် ” ဟုအဆိုပါအသင်းအတွင်းရေးမှုးကိုစိုးမနောကြာဖြူကပြောသည် ။

အသင်းတို့အကူအညီတောင်းခံရာတွင် ဘုန်းတော်ကြီးကျောင်းများသာမက သီလရှင်တိုက်များပါ ပါဝင်ပြီးအသင်းအနေဖြင့်လက်ရှိတွင် ကျောင်းတိုက်ပေါင်း ၁၀ကျောင်းခန့်ကူညီချိတ်ဆက်လှူဒါန်းပေးပြီးကြောင်းသိရသည် ။

မန္တလေးတွင် Stay at Home အဖြစ် သတ်မှတ်ထားသော အမရပူရမြို့နယ် ၊ မဟာအောင်မြေမြို့နယ် ၊ ချမ်းအေးသာစံမြို့နယ်များမှ တစ်ရက်လုပ် တစ်ရက်စား ခက်ခဲနေသော မိသားစုများကို ဦးစားပေးလှူဒါန်းပေး မည်ဖြစ်ကြောင်းသိရသည် ။

ထို့ပြင် ဒုတိယဦးစားပေးအနေဖြင့် မန္တလေး ဧရိယာ တစ်ဝိုက်မှ ခက်ခဲနေသည့်မိသားစုများ ကိုလှူဒါန်းပေးမည်ဖြစ်ကာကူညီလှူဒါန်းမှုအစီအစဉ်ကိုလာမည့်အာက်တိုဘာလ ၁ရက်နေ့တွင် စတင်သွားမည်ဖြစ်ကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

မႏၲေလးၿမိဳ႕၌ ဘုန္းႀကီးေက်ာင္းမ်ားတြင္ COVID ကာလအတြင္း ဆြမ္းကြမ္းအခက္အခဲျဖစ္ေပၚေနသည့္ဘုန္းေတာ္ႀကီးေက်ာင္းမ်ားရွိေနေၾကာင္း မေနာၾကာျဖဴေသြးလႉရွင္ႏွင့္ပရဟိတအသင္းထံမွသိရသည္ ။

COVID ကာလအတြင္း စားနပ္ရိကၡာအခက္အခဲျဖစ္ေပၚေနသည့္မိသားစုမ်ားအားစားနပ္ရိကၡာမ်ား ေထာက္ပံ့ေပးမည္ျဖစ္ၿပီးလိုအပ္သူမ်ားဆက္သြယ္၍အကူအညီေတာင္းခံႏိုင္ေၾကာင္းမေနာၾကာျဖဴအသင္းမွဖိတ္ေခၚထားရာတစ္ပတ္အတြင္း မႏၲေလးၿမိဳ႕၌ဆြမ္းကြမ္းအခက္အခဲျဖစ္ေပၚေနသည့္ဘုန္းေတာ္ႀကီးေက်ာင္း ၁၀ေက်ာင္းခန္႔မွအကူအညီေတာင္းလာေၾကာင္းသိရသည္ ။

” အသင္းကလည္း သြားၿပီးကူညီေထာက္ပံ့တာရွိတယ္ ။ အလႉရွင္ေတြ ဖိတ္ေခၚခ်ိတ္ဆက္ၿပီးလႉဒါန္းတာလည္းရွိတယ္ ။ အခုလိုအခ်ိန္မွာ သံဃာေတာ္ေတြအေနနဲ႔လည္း ဆြမ္းကြမ္းအခက္အခဲရွိတာေတြ႕ရတဲ့အတြက္ ကူညီလႉဒါန္းဖို႔ဖိတ္ေခၚပါတယ္ ” ဟုအဆိုပါအသင္းအတြင္းေရးမႈးကိုစိုးမေနာၾကာျဖဴကေျပာသည္ ။

အသင္းတို႔အကူအညီေတာင္းခံရာတြင္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသာမက သီလရွင္တိုက္မ်ားပါ ပါဝင္ၿပီးအသင္းအေနျဖင့္လက္ရွိတြင္ ေက်ာင္းတိုက္ေပါင္း ၁၀ေက်ာင္းခန္႔ကူညီခ်ိတ္ဆက္လႉဒါန္းေပးၿပီးေၾကာင္းသိရသည္ ။

မႏၲေလးတြင္ Stay at Home အျဖစ္ သတ္မွတ္ထားေသာ အမရပူရၿမိဳ႕နယ္ ၊ မဟာေအာင္ေျမၿမိဳ႕နယ္ ၊ ခ်မ္းေအးသာစံၿမိဳ႕နယ္မ်ားမွ တစ္ရက္လုပ္ တစ္ရက္စား ခက္ခဲေနေသာ မိသားစုမ်ားကို ဦးစားေပးလႉဒါန္းေပး မည္ျဖစ္ေၾကာင္းသိရသည္ ။

ထို႔ျပင္ ဒုတိယဦးစားေပးအေနျဖင့္ မႏၲေလး ဧရိယာ တစ္ဝိုက္မွ ခက္ခဲေနသည့္မိသားစုမ်ား ကိုလႉဒါန္းေပးမည္ျဖစ္ကာကူညီလႉဒါန္းမႈအစီအစဥ္ကိုလာမည့္အာက္တိုဘာလ ၁ရက္ေန႔တြင္ စတင္သြားမည္ျဖစ္ေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply