(Taxi) ကားမှန်များပေါ်တွင် စတေကာကပ်ပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိအရေးယူမည်

0
175

ရန်ကုန် ၊ ဇန်န၀ါရီ ၃၀ ၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေသည့် အငှားယာဉ် (Taxi) ကားမှန်များပေါ်တွင် စတေကာကပ်ခြင်း ၊ လေစုပ် ခွက်ကပ်ခြင်း၊ ကြော်ငြာတပ်ဆင်ခြင်း နှင့် လိုက်ကာတပ်ဆင်ခြင်းကို အမြန်ဖယ်ရှား ပစ်ရန်ကြေငြာထားပြီး လိုက်နာခြင်း မရှိပါကလုပ်ငန်းလိုင်စင် ဖျက်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီက သတင်းထုတ်ပြန် သည်။

အဆိုပါအချက်များကိုဖောက်ဖျက်ခြင်းတွေ့ရှိပါက ဖေဖော်ဝါရီ (၁)ရက် နေ့မှ စတင်ကာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုစတေကာတွေကပ်ခြင်းအားဖြင့် ယာဉ်မောင်းရဲ့ အမြင်အာရုံကို ထိခိုက်စေတယ်။ ညဘက်တွေမှာဆိုပိုဖြစ်တယ်။ မူခင်းကျဆင်းမှု တပ်ဖွဲ့ ကလည်း ဒီဖြစ်စဉ်ကိုရှင်းပြတယ်။ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးဒဏ်ရာရမှုတွေရှိတယ် ။အခုဆိုကြော်ငြာတွေတောင် ကပ်လာပြီ ဆိုတော့ ဒါကိုအရေးယူဆောင်ရွက်ဖို့အတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွှန်ချက်နဲ့ဆောင်ရွက်တာပါ”ဟု အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အငှားယာဉ်များကို မော်တော်ယာဉ်ထုတ်လုပ်တင်သွင်းစဉ်က အတိုင်း မောင်းနှင်ကြရန်လိုအပ်ပြီး စတေကာ၊ လေစုပ်ခွက်ကပ်ခြင်းနှင့် လိုက်ကာ တပ်ဆင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုနှင့် သေဆုံးဒဏ်ရာရရှိမှုနည်းပါးစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကပြောသည်။

“ကားမှန်တွေကို မြင်နိုင်စွမ်းအား ၆၀ရာခိုင်နှုန်းအထိရှိရမယ်လို့ ဥပဒေ ထုတ်ပြန်ထားပါတယ်။ အဲ့တော့စတေကာကို ၄၀ရာခိုင်နှုန်းအထိပဲ ကပ်ရမယ်ပေါ့။ ဒါပေမယ့် ကားမောင်းတဲ့သူတွေက ကျန်းမာရေး အကြောင်းပြ ၊နေပူတယ်ဆိုပြီး ကပ်နေကျတာတွေတွေ့ရတယ်”ဟု ၎င်းကဆိုသည်။

ကားမှန်များတွင်ယင်းကဲ့သို့တပ်ဆင်ကာ အကာအကွယ်ယူ၍ မှုခင်း ကျဆင်းရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို လျစ်လျူရှုကာ ဒုစရိုက်မှု ကျူးလွန်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးယာဉ်စည်းကမ်းထိန်းသိမ်း ရေးကော်မတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဥာဏ်

Leave a Reply