ေ႐ႊျပည္သာၿမိဳ႕နယ္အတြင္းရွိ တပ္မေတာ္က Mask အခုေရ ၁၀၀၀၀ အခမဲ့လႉဒါန္း

0
37

ရွှေပြည်သာမြို့နယ်အတွင်းရှိ တပ်မတော်က Mask အခုရေ ၁၀၀၀၀ အခမဲ့လှူဒါန်း

အောက်တိုဘာလ၈ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ် (၁၀)ရပ်ကွက်၊ ဒညင်းကုန်းလမ်းဆုံ၊အုတ်စက်စက်ရုံအရှေ့နှင့်သီလရှင်စာသင်တိုက်အရှေ့တို့တွင်ရန်ကုန်တိုင်းစစ်ဌာနချုပ်၊နယ်မြေခံတပ်မတော်သားများက Mask ၁၀၀၀၀ ခုအား အခမဲ့ပေးဝေလှူဒါန်းကြောင်းသိရသည်။

ကမ္ဘာ့ကပ်ရောဂါCOVID-19ကာကွယ်ရေး၊ထိန်းချုပ်ရေး၊ကုသရေးနှင့်အခြားလိုအပ် ချက်များဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၆ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က COVID-19 ရောဂါဟန့်တားမှုအပိုင်းတွင် ထိရောက်မှုရှိစေသည့် Mask များကို မဖြစ်မနေတပ်ဆင်ကြရန်လိုကြောင်း၊ ဝယ်ယူရန်မတတ်နိုင်သောသူများကို အခမဲ့ပေးဝေနိုင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး တတ်နိုင်သမျှကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကို လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့်COVID-19ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင်လိုအပ်သည့်အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ကာကွယ်မှုအပိုင်းတွင် အခြေခံကျဆုံးအသုံးပြုသည့် Mask များကိုလည်း အခမဲ့ဖြန့်ဝေလှူဒါန်းခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

(zawgyi)

ေအာက္တိုဘာလ၈ရက္က ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္ အတြင္းရွိ အမွတ္ (၁၀)ရပ္ကြက္၊ ဒညင္းကုန္းလမ္းဆုံ၊အုတ္စက္စက္႐ုံအေရွ႕ႏွင့္သီလရွင္စာသင္တိုက္အေရွ႕တို႔တြင္ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၊နယ္ေျမခံတပ္မေတာ္သားမ်ားက Mask ၁၀၀၀၀ ခုအား အခမဲ့ေပးေဝလႉဒါန္းေၾကာင္းသိရသည္။

ကမာၻ႔ကပ္ေရာဂါCOVID-19ကာကြယ္ေရး၊ထိန္းခ်ဳပ္ေရး၊ကုသေရးႏွင့္အျခားလိုအပ္ ခ်က္မ်ားေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ ညႇိႏႈိင္းအစည္းအေဝးကို ေအာက္တိုဘာ ၆ ရက္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးစီး၍ က်င္းပျပဳလုပ္ခဲ့ၿပီး အစည္းအေဝးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က COVID-19 ေရာဂါဟန႔္တားမႈအပိုင္းတြင္ ထိေရာက္မႈရွိေစသည့္ Mask မ်ားကို မျဖစ္မေနတပ္ဆင္ၾကရန္လိုေၾကာင္း၊ ဝယ္ယူရန္မတတ္ႏိုင္ေသာသူမ်ားကို အခမဲ့ေပးေဝႏိုင္ေရးအတြက္ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး တတ္ႏိုင္သမွ်ကူညီေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္းကို လမ္းၫႊန္မွာၾကားခဲ့ျခင္းျဖစ္သည္။ တပ္မေတာ္အေနျဖင့္COVID-19ေရာဂါကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရးလုပ္ငန္းမ်ားတြင္လိုအပ္သည့္အေထာက္အကူျပဳပစၥည္းမ်ားကို ေပးအပ္လႉဒါန္းလ်က္ရွိသည့္အျပင္ ကာကြယ္မႈအပိုင္းတြင္ အေျခခံက်ဆုံးအသုံးျပဳသည့္ Mask မ်ားကိုလည္း အခမဲ့ျဖန႔္ေဝလႉဒါန္းျခင္းမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယဥ္ေကႏြယ္
#TheFifthWaveNews

Leave a Reply