အင္းယားစင္တာတြင္ ယေန႔ ကိုဗစ္လူနာ စတင္လက္ခံမည္

0
13
အင်းယားစင်တာတွင် ယနေ့ ကိုဗစ်လူနာ စတင်လက်ခံမည်
 
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုများဖြင့် တည်ဆောက်လျှက်ရှိသော အင်းယားစင်တာသည် လုပ်ငန်းတည်ဆောက်မှု ရာခိုင်နှုန်းပြည့် ပြီးမြောက်ပြီ ဖြစ်သောကြောင့် အောက်တိုဘာလ ၁၀ ရက်တွင် ကိုဗစ်လူနာ များကို စတင်လက်ခံသွားမည် ဖြစ်ကြောင်း အင်းယားစင်တာမှ သိရသည်။
 
အဆိုပါ အင်းယားစင်တာကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံ အောက်တိုဘာလ (၁၀)ရက်တွင် လွှဲပြောင်းအပ်နှံမည်ဖြစ်သည်။
 
“ကျွန်တော်တို့ လူနာ စလက်ခံနိုင်ပါပြီ။ အကောင်းဆုံး ကြိုးစားဆောင်ရွက်တဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုဗစ်ရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်တွေ အားလုံးလဲ အားတင်းထားပါ။ ကျွန်တော်တို့ အားလုံးကြိုးစား ဆောင်ရွက်ပါမယ်။ ဒီနေရာကနေ ကျွန်တော်တို့ အုတ်တစ်ချက် သဲတစ်ပွင့်အနေနဲ့ ကိုဗစ်ဝေဒနာ ရှင်အားလုံးကို ရအောင်ကယ်တင်ဖို့ ကြိုးစားသွား ပါမယ်။ ကျွန်တော်တို့ တိုင်းအစိုးရအဖွဲ့နဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို လွှဲပြောင်း အပ်နှံပါမယ်။ပြီးရင် ကျွန်တော်တို့ လူနာစတင်လက်ခံဖို့ စီစဉ်လျှက် ရှိပါတယ်” ဟု
အင်းယားစင်တာ လုပ်ငန်းကော်မတီဥက္ကဌ ဦးခွန်နောင်က ပြောသည်။
 
ထို့ပြင် အင်းယားစင်တာတွင် တာဝန် ထမ်းဆောင် ကြမည့် သူနာပြု ဆရာ၊ဆရာမ (၄၀)ဦးအနက် ကချင်ပြည်နယ်မှ (၂၀) ဦးသည် အောက်တိုဘာ လ ၉ ရက်က စတင် ရောက်ရှိခဲ့ကြောင်း သိရသည်။
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း (၇၀၀၀)နှင့် ရွှေသံလွင်ကုမ္ပဏီမှ ငွေကျပ်သိန်း (၃၀၀၀) စုစုပေါင်း ကျပ်သိန်း တစ်သောင်း ကနဦး မတည်လှူဒါန်း၍ လူနာကုတင်(၅၀၀)ဆံ့ ကိုဗစ် အင်းယားစင်တာကို Yangon Convention Center တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၉) ရက်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ စင်တာကို (၁၀) ရက်အတွင်း ပြီးစီးနိုင်ရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ စီမံချက်ရေးဆွဲကာ ဆောင်ရွက်ခဲ့ပြီး အရေးပေါ်လူနာများကို ကုသပေးနိုင်ရန်အတွက် High-Dependency Unit ကုတင် (၁၆)ခု ပါဝင်မည် ဖြစ်သည်။
 
ထို့ပြင် အင်းယားစင်တာတွင် တက်ရောက် ကုသမည့် လူနာများအတွက် လိုအပ်မည့် အထူးဆေးဝါးများနှင့် အာဟာရပြည့်ဝစေရန် နံနက်၊ နေ့လည်၊ ညစာများကို အခမဲ့ စီစဉ်ဆောင်ရွက်ပေးထားမည်ဖြစ်ပြီး ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ ဝန်ထမ်းများ အတွက်လည်း သီးသန့် အဆောက်အဦများ တစ်ပါတည်း ပါဝင်မည်ဖြစ်ကာ (၂၄)နာရီအခမဲ့ Food Court ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
ဝေဝေဖြိုး
#TheFifthWave
(Zawgyi)
 
အင္းယားစင္တာတြင္ ယေန႔ ကိုဗစ္လူနာ စတင္လက္ခံမည္
 
ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနတို႔၏ လမ္းၫႊန္မႈမ်ားျဖင့္ တည္ေဆာက္လွ်က္ရွိေသာ အင္းယားစင္တာသည္ လုပ္ငန္းတည္ေဆာက္မႈ ရာခိုင္ႏႈန္းျပည့္ ၿပီးေျမာက္ၿပီ ျဖစ္ေသာေၾကာင့္ ေအာက္တိုဘာလ ၁၀ ရက္တြင္ ကိုဗစ္လူနာ မ်ားကို စတင္လက္ခံသြားမည္ ျဖစ္ေၾကာင္း အင္းယားစင္တာမွ သိရသည္။
 
အဆိုပါ အင္းယားစင္တာကို ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနထံ ေအာက္တိုဘာလ (၁၀)ရက္တြင္ လႊဲေျပာင္းအပ္ႏွံမည္ျဖစ္သည္။
 
“ကြၽန္ေတာ္တို႔ လူနာ စလက္ခံႏိုင္ပါၿပီ။ အေကာင္းဆုံး ႀကိဳးစားေဆာင္႐ြက္တဲ့ သူေတြကိုလည္း ေက်းဇူးတင္ပါတယ္။ ကိုဗစ္ေရာဂါ ခံစားေနရတဲ့ ေဝဒနာရွင္ေတြ အားလုံးလဲ အားတင္းထားပါ။ ကြၽန္ေတာ္တို႔ အားလုံးႀကိဳးစား ေဆာင္႐ြက္ပါမယ္။ ဒီေနရာကေန ကြၽန္ေတာ္တို႔ အုတ္တစ္ခ်က္ သဲတစ္ပြင့္အေနနဲ႔ ကိုဗစ္ေဝဒနာ ရွင္အားလုံးကို ရေအာင္ကယ္တင္ဖို႔ ႀကိဳးစားသြား ပါမယ္။ ကြၽန္ေတာ္တို႔ တိုင္းအစိုးရအဖြဲ႕နဲ႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနကို လႊဲေျပာင္း အပ္ႏွံပါမယ္။ၿပီးရင္ ကြၽန္ေတာ္တို႔ လူနာစတင္လက္ခံဖို႔ စီစဥ္လွ်က္ ရွိပါတယ္” ဟု
အင္းယားစင္တာ လုပ္ငန္းေကာ္မတီဥကၠဌ ဦးခြန္ေနာင္က ေျပာသည္။
 
ထို႔ျပင္ အင္းယားစင္တာတြင္ တာဝန္ ထမ္းေဆာင္ ၾကမည့္ သူနာျပဳ ဆရာ၊ဆရာမ (၄၀)ဦးအနက္ ကခ်င္ျပည္နယ္မွ (၂၀) ဦးသည္ ေအာက္တိုဘာ လ ၉ ရက္က စတင္ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
 
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ လမ္းၫႊန္မႈမ်ားႏွင့္အညီ ကိုဗစ္-၁၉ ေရာဂါ ကုသေရးအတြက္ ကေမာၻဇဘဏ္မွ ေငြက်ပ္သိန္း (၇၀၀၀)ႏွင့္ ေ႐ႊသံလြင္ကုမၸဏီမွ ေငြက်ပ္သိန္း (၃၀၀၀) စုစုေပါင္း က်ပ္သိန္း တစ္ေသာင္း ကနဦး မတည္လႉဒါန္း၍ လူနာကုတင္(၅၀၀)ဆံ့ ကိုဗစ္ အင္းယားစင္တာကို Yangon Convention Center တြင္ ၿပီးခဲ့သည့္ စက္တင္ဘာလ (၂၉) ရက္က စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။
 
အဆိုပါ စင္တာကို (၁၀) ရက္အတြင္း ၿပီးစီးႏိုင္ရန္ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားျဖင့္ စနစ္တက် စီမံခ်က္ေရးဆြဲကာ ေဆာင္႐ြက္ခဲ့ၿပီး အေရးေပၚလူနာမ်ားကို ကုသေပးႏိုင္ရန္အတြက္ High-Dependency Unit ကုတင္ (၁၆)ခု ပါဝင္မည္ ျဖစ္သည္။
 
ထို႔ျပင္ အင္းယားစင္တာတြင္ တက္ေရာက္ ကုသမည့္ လူနာမ်ားအတြက္ လိုအပ္မည့္ အထူးေဆးဝါးမ်ားႏွင့္ အာဟာရျပည့္ဝေစရန္ နံနက္၊ ေန႔လည္၊ ညစာမ်ားကို အခမဲ့ စီစဥ္ေဆာင္႐ြက္ေပးထားမည္ျဖစ္ၿပီး ဆရာဝန္မ်ား၊ သူနာျပဳမ်ားႏွင့္ ေစတနာ့ ဝန္ထမ္းမ်ား အတြက္လည္း သီးသန႔္ အေဆာက္အဦမ်ား တစ္ပါတည္း ပါဝင္မည္ျဖစ္ကာ (၂၄)နာရီအခမဲ့ Food Court ထားရွိေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
 
ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply