လူငယ္မ်ား၏ပညာေရး၊ က်န္းမာေရးႏွင့္ အလုပ္အကိုင္အခြင့္အလမ္းေကာင္းမ်ားရရွိေရး ေဆာင္႐ြက္သြားမည္ဟုေဒါက္တာနႏၵာလွျမင့္ေျပာ

0
18

လူငယ်များ၏ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိရေး ဆောင်ရွက်သွားမည်ဟုဒေါက်တာနန္ဒာလှမြင့်ပြော

နိုင်ငံတစ်နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတွင်းရှိလူငယ်များ၏ အရည်အချင်းအပေါ် များစွာ မူတည်နေသည့်အတွက်မြန်မာနိုင်ငံ၏အနာဂတ်ကိုတာဝန်ယူရမည့် လူငယ်များ ပညာရေး၊ကျန်းမာရေး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိရန် ဆောင်ရွက်သွားမည်ဟု ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

အောက်တိုဘာ ၉ ရက်နေ့ ကလောမြို့နယ်အတွင်း သွားရောက်ခဲ့သောမဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့်ကဒေသခံပြည်သူများကိုပြောကြားခဲ့ခြင်းဖြစ်သည်။

“နောင်တစ်ချိန်မှာ ကျွန်တော်တို့ကိုယ်စား ဒီနိုင်ငံကိုလုံခြုံအောင်၊ ဒီနိုင်ငံကို တိုးတက်အောင် လူငယ်တွေက တာဝန်ယူကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေက အရည်အချင်း မပြည့်ဝဘူးဆိုရင် ဒီနိုင်ငံကို လုံခြုံအောင် ကာကွယ်ဖို့ ခဲယဉ်းမယ်။ ဒီနိုင်ငံကြီး တိုးတက်အောင် တာဝန်ယူဖို့ ခဲယဉ်းပါမယ်။ ဒါကြောင့် အနာဂတ်ကိုတာဝန်ယူကြမယ့် လူငယ်တွေရဲ့ဘဝကို ပညာတတ်ဖို့၊ ကျန်းမာဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရပြီး ချမ်းချမ်းသာသာ နေနိုင်ဖို့ အဓိကထားပြီး ဆောင်ရွက်သွားပါမယ်”လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ထို့အပြင် ကလောမြို့နယ် ပြည်သူများ၏ မဲပေးရွေးချယ်မှုကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်အနိုင်ရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပါက ဒေသခံပြည်သူများ၏ စကားသံကို နားထောင်ပြီး ပြည်သူလူထုနှင့် ပူးပေါင်းကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟုဒေါက်တာနန္ဒာလှမြင့်က ဆက်လက်ပြောကြားသည်။

ဒေါက်တာနန္ဒာလှမြင့်က “ကျွန်တော် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံတာ ပြည်သူကို အုပ်ချုပ်ဖို့ မဟုတ်ဘူး၊ ဌာနဆိုင်ရာကို အမိန့်ပေးဖို့မဟုတ်ဘူး။ ပြည်သူကို ဥပဒေနဲ့အညီ ကာကွယ်၊ ကူညီဖို့၊ အခြေခံလူတန်းစားတွေ ဘဝကို၊ မြင့်မားလာအောင်ကူညီဖို့၊ လူငယ်တွေ ပညာရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ အရွေးချယ်ခံတာပါ”ဟုပြောသည်။

HM
#TheFifthWave

(zawgyi)

လူငယ္မ်ား၏ပညာေရး၊ က်န္းမာေရးႏွင့္ အလုပ္အကိုင္အခြင့္အလမ္းေကာင္းမ်ားရရွိေရး ေဆာင္႐ြက္သြားမည္ဟုေဒါက္တာနႏၵာလွျမင့္ေျပာ

ႏိုင္ငံတစ္ႏိုင္ငံ၏အနာဂတ္ ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ႏိုင္ငံတြင္းရွိလူငယ္မ်ား၏ အရည္အခ်င္းအေပၚ မ်ားစြာ မူတည္ေနသည့္အတြက္ျမန္မာႏိုင္ငံ၏အနာဂတ္ကိုတာဝန္ယူရမည့္ လူငယ္မ်ား ပညာေရး၊က်န္းမာေရး အလုပ္အကိုင္အခြင့္အလမ္းေကာင္းမ်ား ရရွိရန္ ေဆာင္႐ြက္သြားမည္ဟု ကေလာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။

ေအာက္တိုဘာ ၉ ရက္ေန႔ ကေလာၿမိဳ႕နယ္အတြင္း သြားေရာက္ခဲ့ေသာမဲဆြယ္စည္း႐ုံးေရးခရီးစဥ္တြင္ ကေလာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒါက္တာနႏၵာလွျမင့္ကေဒသခံျပည္သူမ်ားကိုေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေနာင္တစ္ခ်ိန္မွာ ကြၽန္ေတာ္တို႔ကိုယ္စား ဒီႏိုင္ငံကိုလုံၿခဳံေအာင္၊ ဒီႏိုင္ငံကို တိုးတက္ေအာင္ လူငယ္ေတြက တာဝန္ယူၾကရမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ လူငယ္ေတြက အရည္အခ်င္း မျပည့္ဝဘူးဆိုရင္ ဒီႏိုင္ငံကို လုံၿခဳံေအာင္ ကာကြယ္ဖို႔ ခဲယဥ္းမယ္။ ဒီႏိုင္ငံႀကီး တိုးတက္ေအာင္ တာဝန္ယူဖို႔ ခဲယဥ္းပါမယ္။ ဒါေၾကာင့္ အနာဂတ္ကိုတာဝန္ယူၾကမယ့္ လူငယ္ေတြရဲ႕ဘဝကို ပညာတတ္ဖို႔၊ က်န္းမာဖို႔နဲ႔ အလုပ္အကိုင္အခြင့္အလမ္းေတြရၿပီး ခ်မ္းခ်မ္းသာသာ ေနႏိုင္ဖို႔ အဓိကထားၿပီး ေဆာင္႐ြက္သြားပါမယ္”လို႔ ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။

ထို႔အျပင္ ကေလာၿမိဳ႕နယ္ ျပည္သူမ်ား၏ မဲေပးေ႐ြးခ်ယ္မႈေၾကာင့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္အႏိုင္ရၿပီး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္ခဲ့ပါက ေဒသခံျပည္သူမ်ား၏ စကားသံကို နားေထာင္ၿပီး ျပည္သူလူထုႏွင့္ ပူးေပါင္းကာ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္သြားမည္ဟုေဒါက္တာနႏၵာလွျမင့္က ဆက္လက္ေျပာၾကားသည္။

ေဒါက္တာနႏၵာလွျမင့္က “ကြၽန္ေတာ္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ အေ႐ြးခ်ယ္ခံတာ ျပည္သူကို အုပ္ခ်ဳပ္ဖို႔ မဟုတ္ဘူး၊ ဌာနဆိုင္ရာကို အမိန႔္ေပးဖို႔မဟုတ္ဘူး။ ျပည္သူကို ဥပေဒနဲ႔အညီ ကာကြယ္၊ ကူညီဖို႔၊ အေျခခံလူတန္းစားေတြ ဘဝကို၊ ျမင့္မားလာေအာင္ကူညီဖို႔၊ လူငယ္ေတြ ပညာေရး၊ က်န္းမာေရးနဲ႔ အလုပ္အကိုင္ အခြင့္အလမ္းရရွိဖို႔ အေ႐ြးခ်ယ္ခံတာပါ”ဟုေျပာသည္။

HM
#TheFifthWave

 

Leave a Reply