ေလဖိအားနည္းရပ္ဝန္းသည္ မုန္တိုင္းငယ္ အျဖစ္သို႔ ပိုအားေကာင္းလာႏိုင္

0
20

လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ် အဖြစ်သို့ ပိုအားကောင်းလာနိုင်

အောက်တိုဘာ ၁၀

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိ နေပြီး အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် နောက်(၁၂)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက
ခန့်မှန်းထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်အောက်တိုဘာလ ၁၀ ရက်မှ ၁၃ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေး ကြေညာထားသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်၍ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၁)ပေခန့် ရှိနိုင်ကြောင်းသိရသည်။

သို့ဖြစ်၍ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် သောကြောင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ် များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြု နေထိုင်ကြရန် မိုး/ဇလမှ အကြံပြုထားသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

ေအာက္တိုဘာ ၁၀

ဘဂၤလားပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းႏွင့္ ယင္းႏွင့္ ဆက္စပ္လ်က္ရွိေသာ ကပၸလီ ပင္လယ္ျပင္ေျမာက္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ဆက္လက္တည္ရွိ ေနၿပီး အဆိုပါ ေလဖိအား နည္းရပ္ဝန္းသည္ ေနာက္(၁၂)နာရီအတြင္း ဘဂၤလားပင္လယ္ေအာ္ အလယ္ပိုင္းတြင္ မုန္တိုင္းငယ္ (Depression) အျဖစ္သို႔ ပိုမိုအားေကာင္းလာနိုင္သည္ဟု
မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမွုဦးစီးဌာနက
ခန႔္မွန္းထားသည္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ေအာက္တိုဘာလ ၁၀ ရက္မွ ၁၃ ရက္အတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္း ေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို့တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း ရြာၿပီး ေဒသအလိုက္ မိုးႀကီးျခင္းႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚနိုင္ေၾကာင္း သတိေပး ေၾကညာထားသည္။

ျမန္မာ့ကမ္းရိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က်ေရာက္၍ လွိုင္းႀကီးနိုင္ၿပီး မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ (၃၅)မိုင္မွ မိုင္(၄၀)အထိ တိုက္ခတ္နိုင္ကာ လွိုင္းအျမင့္မွာ ျမန္မာ့ ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၁)ေပခန႔္ ရွိနိုင္ေၾကာင္းသိရသည္။

သို႔ျဖစ္၍ ေလဖိအားနည္းရပ္ဝန္း၏အရွိန္ေၾကာင့္ မိုးသည္းထန္စြာ ထစ္ခ်ဳန္းရြာသြန္းျခင္းႏွင့္ အတူ ေလျပင္းတိုက္ခတ္ျခင္း၊ လၽွပ္တစ္ျပက္ ေရႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚနိုင္ ေသာေၾကာင့္ ကုန္းျမင့္ ေဒသအနီးတြင္ ေနထိုင္သူမ်ားအေနျဖင့္ ေျမၿပိဳမွု အႏၲရာယ္ကိုလည္းေကာင္း၊ ျမစ္ငယ္၊ ေခ်ာင္းငယ္ မ်ား အနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလၽွံမွုမ်ား ျဖစ္ေပၚနိုင္ေသာေၾကာင့္ ႀကိဳတင္ သတိျပဳ ေနထိုင္ၾကရန္ မိုး/ဇလမွ အႀကံျပဳထားသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply