ဘဂၤလားေဒ့႐ွ္႐ွိဘဂၤါလီစခန္းမ်ားတြင္ အာဆာပါ၀င္သည့္လူဆိုးဂိုဏ္းမ်ားတိုက္ပြဲျဖစ္ပြားၿပီး လူအမ်ားအျပားေသဆံုး

0
26

ဘင်္ဂလားဒေ့ရှ်ရှိဘင်္ဂါလီစခန်းများတွင် အာဆာပါဝင်သည့်လူဆိုးဂိုဏ်းများတိုက်ပွဲဖြစ်ပွားပြီး လူအများအပြားသေဆုံး

ဒါကာ

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)စခန်းများတွင် မကြာသေးမီရက်များက လက်နက်ကိုင်ရာဇဝတ်ကောင်များကြားတိုက်ပွဲဖြစ်ပွားသဖြင့် အနည်းဆုံးလူ ၈ ယောက်သေဆုံးပြီး လူထောင်ချီထွက်ပြေးခဲ့ရကြောင်း ရဲများနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်သားများကပြောသည်။

ဂိုဏ်းများက အသာစီးယူရန်ကြိုးစားကြပြီး ရက်ပေါင်းများစွာပစ်ခတ်မှုများ၊ မီးရှို့မှုများနှင့် ပြန်ပေးဆွဲမှုများကြောင့် လူ ၁၂ ယောက်ကိုဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ကြာသပတေးနေ့တွင်ပြောသည်။

“ဒီမှာလက်ရှိအခြေအနေက တင်းမာနေပါတယ်။ ဒီနေရာမှာ လူနဲ့မူးယစ်ဆေးကုန်ကူးနေတယ်လို့ပြောလို့ရတဲ့အဖွဲ့ ၂ ဖွဲ့က အသာစီးရဖို့လုပ်နေကြတယ်။”ဟု ကော့က်စ်ဘဇားခရိုင်ရှိမြို့နယ်ရဲစခန်းတစ်ခုမှ အရံရဲတပ်ကြပ် ရာဖီကူး အစ္စလမ်က ရိုက်တာသတင်းအေဂျင်စီကိုပြောသည်။
ထိုတိုက်ခိုက်များနောက်ကွယ်တွင် မွန်နာ ဆိုသည့်မူးယစ်ဂိုဏ်းနှင့် အာဆာအဖွဲ့တို့ရှိနေသည်ဟု စခန်းများအတွင်းမှအမည်မဖော်လိုသူဒုက္ခသည် ၃ ယောက်ကပြောသည်။

အာဆာသည် ပြန်ပြေးဆွဲမှုများနှင့်တိုက်ခိုက်မှုများပြုလုပ်နေသည်ဟု ဘင်္ဂါလီဒုက္ခသည်များက စွပ်စွဲသည်။

ထိုတိုက်ခိုက်မှုများကြောင့် ဘင်္ဂါလီမိသားစု ၂၀၀၀ ခန့်ထွက်ပြေးခဲ့ကြပြီး အချို့မိသားစုများကြာသပတေးနေ့တွင်ပြန်လာသည်ဟု ဘင်္ဂလားဒေ့ရှ်အရာရှိတစ်ယောက်ကပြောသည်။

Source – Agencies
#ဥက္ကာ
#TheFifthWaveNews
Photo – AFP

(zawgyi)

ဒါကာ

ဘဂၤလားေဒ့႐ွ္ေတာင္ပိုင္းမွ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)စခန္းမ်ားတြင္ မၾကာေသးမီရက္မ်ားက လက္နက္ကိုင္ရာဇ၀တ္ေကာင္မ်ားၾကားတိုက္ပြဲျဖစ္ပြားသျဖင့္ အနည္းဆံုးလူ ၈ ေယာက္ေသဆံုးၿပီး လူေထာင္ခ်ီထြက္ေျပးခဲ့ရေၾကာင္း ရဲမ်ားႏွင့္လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာလုပ္သားမ်ားကေျပာသည္။

ဂိုဏ္းမ်ားက အသာစီးယူရန္ႀကိဳးစားၾကၿပီး ရက္ေပါင္းမ်ားစြာပစ္ခတ္မႈမ်ား၊ မီး႐ွိဳ႕မႈမ်ားႏွင့္ ျပန္ေပးဆြဲမႈမ်ားေၾကာင့္ လူ ၁၂ ေယာက္ကိုဖမ္းဆီးခဲ့ေၾကာင္း အာဏာပိုင္မ်ားက ၾကာသပေတးေန႔တြင္ေျပာသည္။

“ဒီမွာလက္႐ွိအေျခအေနက တင္းမာေနပါတယ္။ ဒီေနရာမွာ လူနဲ႔မူးယစ္ေဆးကုန္ကူးေနတယ္လို႔ေျပာလို႔ရတဲ့အဖြဲ႔ ၂ ဖြဲ႔က အသာစီးရဖို႔လုပ္ေနၾကတယ္။”ဟု ေကာ့က္စ္ဘဇားခ႐ိုင္႐ွိၿမိဳ႕နယ္ရဲစခန္းတစ္ခုမွ အရံရဲတပ္ၾကပ္ ရာဖီကူး အစၥလမ္က ႐ိုက္တာသတင္းေအဂ်င္စီကိုေျပာသည္။
ထိုတိုက္ခိုက္မ်ားေနာက္ကြယ္တြင္ မြန္နာ ဆိုသည့္မူးယစ္ဂိုဏ္းႏွင့္ အာဆာအဖြဲ႔တို႔႐ွိေနသည္ဟု စခန္းမ်ားအတြင္းမွအမည္မေဖာ္လိုသူဒုကၡသည္ ၃ ေယာက္ကေျပာသည္။

အာဆာသည္ ျပန္ေျပးဆြဲမႈမ်ားႏွင့္တိုက္ခိုက္မႈမ်ားျပဳလုပ္ေနသည္ဟု ဘဂၤါလီဒုကၡသည္မ်ားက စြပ္စြဲသည္။

ထိုတိုက္ခိုက္မႈမ်ားေၾကာင့္ ဘဂၤါလီမိသားစု ၂၀၀၀ ခန္႔ထြက္ေျပးခဲ့ၾကၿပီး အခ်ိဳ႕မိသားစုမ်ားၾကာသပေတးေန႔တြင္ျပန္လာသည္ဟု ဘဂၤလားေဒ့႐ွ္အရာ႐ွိတစ္ေယာက္ကေျပာသည္။

Source – Agencies
#ဥကၠာ
#TheFifthWaveNews
Photo – AFP

Leave a Reply