အိႏၵိယႏိုင္ငံမွ ဝယ္ယူထားသည့္ Covid-19 ကာကြယ္ေဆး ျပင္းထန္သည့္လူနာမ်ားအတြက္သာ အသံုးျပဳဟုဆို

0
23

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် Covid-19 ကာကွယ်ဆေး ပြင်းထန်သည့်လူနာများအတွက်သာ အသုံးပြုဟုဆို

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှဝယ်ယူထားသည့် Covid-19 ကာကွယ်ဆေးများကို ပြင်းထန်လူနာများအတွက်သာအသုံးပြုနေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Covid-19 ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ အမေရိကန်သမ္မတကြီးအတွက် သုံးနေတယ်ဆိုတဲ့ဆေးကို တတ်နိုင်သလောက် ပြည်သူတွေအတွက် သုံးနေတယ်။ ဆေးက အိန္ဒိယနိုင်ငံကနေဝယ်ထားတာရှိသလို လှူထားတာတေါလည်း ရှိပါတယ်။ အဲဒီဆေးတွေကို ပြင်းထန်တဲ့လူနာတွေအတွက်ပဲ သုံးပါတယ်။ အားလုံးအတွက်သုံးနိုင်တဲ့အခြေအနေမရှိသေးပါဘူး၊ ဆေးတွေကို ပိုပိုပြီးတော့ဝယ်ယူပါမယ်။ သုံးသင့်သုံးထိုက်တဲ့ လူနာတွေအတွက် သုံးသွားမယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံတွင် Covid-19 ဒုတိယလှိုင်း၌ ကူးစက်မှုပိုမိုမြန်ဆန်လာသလို သေဆုံးနှုန်းမှာလည်း မြင့်တက်နေပြီး တစ်နာရီတွင် တစ်ဦးနှုန်းဖြင့် သေဆုံးနေကြောင်း သိရသည်။ မတ်လ ၂၃ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ အတည်ပြုလူနာစုစုပေါင်း ၂၃၉၀၆ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသူဦးရေမှာ ၆၇၃၈ ဦးနှင့် သေဆုံးသူ ၅၆၆ ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံမှ Covid-19 ကာကွယ်ဆေးကို ထုတ်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ တရားဝင်အသိအမှတ်မပြုထားသည့်အတွက် ဝယ်ယူမည်မဟုတ်ကြောင်း၊ ယင်းအပြင် ကာကွယ်ဆေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်စရာမရှိဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဒေါက်တာသန်းနိုင်စိုးက ပြောသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

 

ျမန္မာႏိုင္ငံအေနျဖင့္ အိႏၵိယႏိုင္ငံမွဝယ္ယူထားသည့္ Covid-19 ကာကြယ္ေဆးမ်ားကို ျပင္းထန္လူနာမ်ားအတြက္သာအသံုးျပဳေနေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

Covid-19 ေရာဂါျဖစ္ပြားမႈေနာက္ဆံုးအေျခအေနႏွင့္စပ္လ်ဥ္း၍ ျပည္သူမ်ားသို႔အစီရင္ခံတင္ျပသည့္မိန္႔ခြန္းတြင္ ၄င္းက အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ အေမရိကန္သမၼတႀကီးအတြက္ သံုးေနတယ္ဆိုတဲ့ေဆးကို တတ္ႏိုင္သေလာက္ ျပည္သူေတြအတြက္ သံုးေနတယ္။ ေဆးက အိႏၵိယႏိုင္ငံကေနဝယ္ထားတာရွိသလို လွဴထားတာေတါလည္း ရွိပါတယ္။ အဲဒီေဆးေတြကို ျပင္းထန္တဲ့လူနာေတြအတြက္ပဲ သံုးပါတယ္။ အားလံုးအတြက္သံုးႏိုင္တဲ့အေျခအေနမရွိေသးပါဘူး၊ ေဆးေတြကို ပိုပိုၿပီးေတာ့ဝယ္ယူပါမယ္။ သံုးသင့္သံုးထိုက္တဲ့ လူနာေတြအတြက္ သံုးသြားမယ္”ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ျမန္မာနိုင္ငံတြင္ Covid-19 ဒုတိယလိႈင္း၌ ကူးစက္မႈပိုမိုျမန္ဆန္လာသလို ေသဆံုးႏႈန္းမွာလည္း ျမင့္တက္ေနၿပီး တစ္နာရီတြင္ တစ္ဦးႏႈန္းျဖင့္ ေသဆံုးေနေၾကာင္း သိရသည္။ မတ္လ ၂၃ ရက္မွ ေအာက္တိုဘာလ ၉ ရက္အထိ အတည္ျပဳလူနာစုစုေပါင္း ၂၃၉၀၆ ဦးရွိၿပီး ေဆးရံုမွဆင္းခြင့္ရရွိသူဦးေရမွာ ၆၇၃၈ ဦးႏွင့္ ေသဆံုးသူ ၅၆၆ ဦးအထိရွိၿပီျဖစ္ေၾကာင္း သိရသည္။

ရုရွားႏိုင္ငံမွ Covid-19 ကာကြယ္ေဆးကို ထုတ္ႏိုင္ခဲ့ေသာ္လည္း ျမန္မာႏိုင္ငံအေနျဖင့္ ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္းမွ တရားဝင္အသိအမွတ္မျပဳထားသည့္အတြက္ ဝယ္ယူမည္မဟုတ္ေၾကာင္း၊ ယင္းအျပင္ ကာကြယ္ေဆးႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံအေနျဖင့္ စိုးရိမ္စရာမရွိဟု က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply